Friday, November 30, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးနှင့် လက်ပံတောင်းတောင်စီမံကိန်းရှိ သပိတ်စခန်းများအား အင်အားသုံးနှိမ်နင်းခဲ့မှုနှင့် ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချကြောင်း သံဃာတော် အပါး ၃၀ ၀န်းကျင်နှင့် ပြည်သူတို့မှ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့

မိုး သူ shared Sa Maung's photo.
ဆန္ဒပြ သတင်းများ  ဒီဇင်ဘာ ၀၁ ၊ ၂၀၁၂  လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးနှင့် လက်ပံတောင်းတောင်စီမံကိန်းရှိ သပိတ်စခန်းများအား အင်အားသုံးနှိမ်နင်းခဲ့မှုနှင့် ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချကြောင်း သံဃာတော် အပါး ၃၀ ၀န်းကျင်နှင့် ပြည်သူတို့မှ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့  လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးနှင့် လက်ပံတောင်းတောင်စီမံကိန်းရှိ သပိတ်စခန်းများအား အင်အားသုံး နှိမ်နင်းခဲ့မှုနှင့်ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချကြောင်းကို သံဃာတော်အပါး သုံးဆယ်ဝန်းကျင်နှင့် ပြည်သူတို့မှ နိုဝင်ဘာလ ၃၀ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ မြို့တော်ခန်းမှရှေ့မှ ဗိုလ်တထောင်မြို့နယ်၊ လမ်း ၅၀ ရှိ မြန်မာစီးပွားရေး ဦးပိုင်လိမိတက်ရုံး ရှိရာသို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည်။                                    အဆိုပါ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် သံဃာတော်များနှင့် ပြည်သူများက အချက်  ၅ ချက်ပါဝင်သည့် တောင်းဆိုမှု ပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ချွင်းချက်မရှိ ချက်ချင်းရပ်ဆိုင်းရန်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အကြမ်းဖက် မီးလောင်ဗုံးများဖြင့် အပြစ်မဲ့ရဟန်းရှင်လူ ပြည်သူအများအား တိုက်ခိုက်ခဲ့သော အဖွဲ့အစည်းများအား ဖော်ထုတ်အရေးယူပေးရန်၊ မီးလောင်ဗုံးထိမှန်သော ရဟန်းသံဃာတော်များနှင့် ပြည်သူတို့အား ကျန်းမာရေးကောင်းမွန်သည်အထိ အစိုးရမှ တာဝန်ယူ ဆေးကုသပေးရန် စသည်တို့ပါဝင်သည်။  ထို့ပြင် နိုဝင်ဘာလ ၂၆ ရက်နေ့က လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆူးလေဘုရားတွင် ဆန္ဒဖော်ထုတ်ခြင်းကြောင့် ဖမ်းဆီးခံထားရသည့် ဒေါ်နော်အုံးလှ၊ ဒေါ်ရှမ်းမ၊ ကိုဝေဠု အစရှိသည့် ပုဂ္ဂိုလ်များအား ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်နှင့် မြန်မာနိုင်ငံမှ တရုတ်ဝမ်ပေါင်ကုမ္ပဏီ ချက်ချင်းထွက်ခွာပေးရန်တို့ကို တောင်းဆိုချက်တွင် ဖော်ပြထားသည်။ အထက်ပါ ဖော်ပြချက်များအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ တာဝန်ယူဖြေရှင်းမပေးနိုင်ပါက  သမ္မဦးသိန်းစိန်သည်လည်း ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုလိုက်သည်ဟုလည်း အဆိုပါတောင်းဆိုချက်တွင် ပါဝင်သည်။ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ တိုးချဲ့ရပ်ကွက် (၁) ၊ မကွေးကျောင်းတိုက် ဆရာတော်ဦးပါမောက္ခက '' လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနေရာဟာ လယ်တီဆရာတော်ဘုရားကြီး သာသနာပြုသွားတဲ့ အရပ်ဒေသ ဖြစ်တယ်။ ပြီးတော့ ဒီစီမံကိန်းဟာ တရုတ်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့သာ အကျိုးစီးပွားဖြစ်ထွန်းပြီး ဒေသခံပြည်သူများကို အကျိုးမပြုတဲ့အပြင် နစ်နာမှုတွေရှိနေတာကို တွေ့ရတယ်။ ဒါ့အပြင် ငြိမ်းချမ်းစွာ အေးအေးချမ်းချမ်း ဆန္ဒထုတ်ဖော်နေသူတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့အတွက် ဒီနေ့မှာ ဘုန်းကြီးတို့ဟာ အခုလို ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်'' ဟု မိန်ကြားခဲ့ပါသည်။  ''လက်ပံတောင်းတောင် ဒေသမှာ ဖြစ်ခဲ့တဲ့ကိစ္စဟာ တောင်းပန်ရုံလောက်နဲ့ ကျေလောက်တဲ့ပြဿနာ မဟုတ်ပါဘူး။ ဒီကစ္စကို လုပ်ဆောင်ခဲ့တဲ့ သက်ဆိုင်သူတွေကိုလည်း ရာထူးက အမြန်ဆုံးရပ်ဆိုင်းပြီး တရားဥပဒေအရ အရေးယူရမှာပါ။ အစိုးရရဲ့ လုပ်ရပ်ဟာ လုံးဝကြီးမှားနေပါတယ်။ နိုင်ငံတော်က ပြည်သူတွေရဲ့အပေါ်မှာ ထားတဲ့စေတနာဟာ ဒီမိုကရေစီဆိုတာဟာ အာဠာဝကရဲ့ ဘွဲ့ဖြူလက်နက်ထက်တောင် ဆိုးဝါးနေတယ်လို့ ဘုန်းကြီးကမြင်တယ်။ အခုကိစ္စဟာ လက်နက်မဲ့ပြည်သူကို ညအချိန်မတော်ကြီးမှာ အကြမ်းဖက် တိုက်ခိုက်တာပါပဲ။ ဒီမိုကရေစီလို့ပြောပြီး အောက်ကကျင့်သုံးနေတာက အာဏာရှင်ပုံစံပါပဲ'' ဟု ဆရာတော်က ဆက်လက်မိန့်ကြားခဲ့ပါသည်။    ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့သည့် သံဃာတော်များနှင့် ပြည်သူများသည် မဟာဗန္ဓုလပန်းခြံရှိ လွတ် လပ်ရေး ကျောက်တိုင်ရှေ့တွင် အဆိုပါ တောင်းဆိုချက်များကို ဖတ်ကြားခဲ့ပြီး ဆူးလေစေတီတော်အား တစ်ပတ်ပတ်ကာ မဟာဗန္ဓုလလမ်းအတိုင်း လမ်း ၅၀ရှိ မြန်မာစီးပွားရေးဦးပိုင် လိမိတက်ရုံးသို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည်။ ထိုသို့ဆန္ဒထုတ်ဖော်မှု ပြုလုပ် ရာတွင် သံဃာတော်များမှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အင်အားသုံး နှိမ်နင်းရာတွင် ဒဏ်ရာရရှိခဲ့သည့် သံဃာတော်များ၏ ရုပ်ပုံပါ ဗီနိုင်းများအား ကိုင်ဆောင်ကာ မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ပြီး လမ်းလျှောက်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ရာ သံဃာတော်များအား ပြည်သူများမှ ကာကွယ်မှုပြုလုပ်ပေးပြီး ခြံရံလိုက်ပါခဲ့သည်။                          မြန်မာစီးပွားရေးဦးပိုင် လိမိတက်ရုံးရှေ့အရောက်တွင် သံဃာတော်များမှ ဒဏ်ရာရရှိခဲ့သည့် သံဃာတော်များ၏ ရုပ်ပုံပါ ဗီနိုင်းများကို ကိုင်ဆောင်ပြီး သံဃာတော်များအား ယခုကဲ့သို့ အင်အားသုံးနှိမ်နင်းခဲ့မှုအား ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်ခဲ့မှုများနှင့် ပတ်သက်သည့် တာဝန်ရှိသူများအား အမြန်ဆုံးဖော်ထုတ် အရေးယူရန် စသည်တို့ကို တောင်းဆိုမှုပြုလုပ်ခဲ့ပြီး အချက် ၅ချက်ပါ တောင်းဆိုမှုအား ထပ်မံဖတ်ကြားခဲ့သည်။ အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ညနေ ၄နာရီဝန်းကျင်က မြို့တော်ခန်းမရှေ့တွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ညနေ ၅ နာရီခန့် အချိန်တွင် မြန်မာစီးပွားရေး ဦးပိုင်လိမိတက်ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်မှုကို ငြိမ်းချမ်းစွာ အဆုံးသက်ခဲ့ကြသည်။ နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၃ နာရီကျော်အချိန်မှ စတင်ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေရှိ သပိတ်စခန်းများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ မီးသတ်ပိုက်၊ မီးလောင်ဗုံး စသည်တို့နှင့် အင်အားသုံးနှိမ်နင်းခဲ့ရာ သံဃာတော် အများစုအပါအ၀င် တစ်ရာဝန်းကျင် ဒဏ်ရာရခဲ့ကြောင်း သိရသည်။      ရန်ကုန် မန္တလေး သံဃာဆန္ဒပြမှု ဖြစ်ပွား   ကြာသပတေးနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြသံဃာတော်တွေနဲ့  ဒေသခံပြည်သူတွေကို အကြမ်းဖက်နှိမ်နှင်းမှုတွေကို မကျေနပ်ကြတဲ့ မန္တလေးမြို့က သံဃာတော်တွေကလည်း မနေ့က ထိုင်သပိတ်ဆင်နွှဲခဲ့ကြပါတယ်။ မန္တလေးမြို့ အိမ်တော်ယာကျောင်းမှာ သံဃာတော်အပါး ၁၀၀ကျော်ကနေ ထိုင်သပိတ် ဆင်နွှဲခဲ့တာဖြစ်ပြီးတော့ လက်ပန်းတောင်းတောင် နှိမ်နင်းမှုကိစ္စ ကို တောင်းဆိုခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ထိုင်သပိတ်ဆင်နွှဲတဲ့နေရာကို သတင်းယူဖို့ရောက်နေတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုသိန်းထိုက်ဦးကို ဘန်ကောက်ရုံးကနေ မစုမြတ်မွန်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။  ကိုသိန်းထိုက်ဦး-
ဆန္ဒပြ သတင်းများ ဒီဇင်ဘာ ၀၁ ၊ ၂၀၁၂

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးနှင့် လက်ပံတောင်းတောင်စီမံကိန်းရှိ သပိတ်စခန်းများအား
အင်အားသုံးနှိမ်နင်းခဲ့မှုနှ
င့် ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချကြောင်း သံဃာတော် အပါး ၃၀ ၀န်းကျင်နှင့် ပြည်သူတို့မှ ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးနှင့် လက်ပံတောင်းတောင်စီမံကိန်းရှိ သပိတ်စခန်းများအား အင်အားသုံး နှိမ်နင်းခဲ့မှုနှင့်ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချကြောင်းကို သံဃာတော်အပါး သုံးဆယ်ဝန်းကျင်နှင့် ပြည်သူတို့မှ နိုဝင်ဘာလ ၃၀ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ မြို့တော်ခန်းမှရှေ့မှ ဗိုလ်တထောင်မြို့နယ်၊
လမ်း ၅၀ ရှိ မြန်မာစီးပွားရေး ဦးပိုင်လိမိတက်ရုံး ရှိရာသို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည်။

အဆိုပါ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သည့် သံဃာတော်များနှင့် ပြည်သူများကအချက်၅ချက်ပါဝင်သည့်
 တောင်းဆိုမှု ပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းလက်ပံတောင်းတောင်
 ကြေးနီစီမံကိန်းအား ချွင်းချက်မရှိ ချက်ချင်းရပ်ဆိုင်းရန်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အကြမ်းဖက် မီးလောင်ဗုံးများဖြင့် အပြစ်မဲ့ရဟန်းရှင်လူ ပြည်သူအများအား တိုက်ခိုက်ခဲ့သော အဖွဲ့အစည်းများအား ဖော်ထုတ်အရေးယူပေးရန်၊ မီးလောင်ဗုံးထိမှန်သော ရဟန်းသံဃာတော်များနှင့် ပြည်သူတို့အား ကျန်းမာရေးကောင်းမွန်သည်အထိ အစိုးရမှ တာဝန်ယူ ဆေးကုသပေးရန် စသည်တို့ပါဝင်သည်။

ထို့ပြင် နိုဝင်ဘာလ ၂၆ ရက်နေ့က လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆူးလေဘုရားတွင် ဆန္ဒဖော်ထုတ်ခြင်းကြောင့် ဖမ်းဆီးခံထားရသည့် ဒေါ်နော်အုံးလှ၊ ဒေါ်ရှမ်းမ၊ ကိုဝေဠု အစရှိသည့် ပုဂ္ဂိုလ်များအား ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန်နှင့် မြန်မာနိုင်ငံမှ တရုတ်ဝမ်ပေါင်ကုမ္ပဏီ ချက်ချင်းထွက်ခွာပေးရန်တို့ကို တောင်းဆိုချက်တွင်
ဖော်ပြထားသည်။

အထက်ပါ ဖော်ပြချက်များအား နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ တာဝန်ယူဖြေရှင်းမပေးနိုင်ပါက သမ္မဦးသိန်းစိန်သည်လည်း ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုလိုက်သည်ဟုလည်း အဆိုပါတောင်းဆိုချက်တွင် ပါဝင်သည်။
ဒဂုံမြို့သစ်အရှေ့ပိုင်း၊ တိုးချဲ့ရပ်ကွက် (၁) ၊ မကွေးကျောင်းတိုက် ဆရာတော်ဦးပါမောက္ခက '' လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနေရာဟာ လယ်တီဆရာတော်ဘုရားကြီး သာသနာပြုသွားတဲ့ အရပ်ဒေသ ဖြစ်တယ်။ ပြီးတော့ ဒီစီမံကိန်းဟာ တရုတ်ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီတို့သာ အကျိုးစီးပွားဖြစ်ထွန်းပြီး ဒေသခံပြည်သူများကို အကျိုးမပြုတဲ့အပြင် နစ်နာမှုတွေရှိနေတာကို တွေ့ရတယ်။ ဒါ့အပြင် ငြိမ်းချမ်းစွာ အေးအေးချမ်းချမ်း ဆန္ဒထုတ်ဖော်နေသူတွေကို ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့အတွက် ဒီနေ့မှာ ဘုန်းကြီးတို့ဟာ အခုလို ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ပါတယ်'' ဟု မိန်ကြားခဲ့ပါသည်။
''လက်ပံတောင်းတောင် ဒေသမှာ ဖြစ်ခဲ့တဲ့ကိစ္စဟာ တောင်းပန်ရုံလောက်နဲ့ ကျေလောက်တဲ့ပြဿနာ မဟုတ်ပါဘူး။ ဒီကစ္စကို လုပ်ဆောင်ခဲ့တဲ့ သက်ဆိုင်သူတွေကိုလည်း ရာထူးက အမြန်ဆုံးရပ်ဆိုင်းပြီး တရားဥပဒေအရ အရေးယူရမှာပါ။ အစိုးရရဲ့ လုပ်ရပ်ဟာ လုံးဝကြီးမှားနေပါတယ်။
နိုင်ငံတော်က ပြည်သူတွေရဲ့အပေါ်မှာ ထားတဲ့စေတနာဟာ ဒီမိုကရေစီဆိုတာဟာ အာဠာဝကရဲ့ ဘွဲ့ဖြူလက်နက်ထက်တောင် ဆိုးဝါးနေတယ်လို့ ဘုန်းကြီးကမြင်တယ်။ အခုကိစ္စဟာ လက်နက်မဲ့ပြည်သူကို ညအချိန်မတော်ကြီးမှာ အကြမ်းဖက် တိုက်ခိုက်တာပါပဲ။ ဒီမိုကရေစီလို့ပြောပြီး အောက်ကကျင့်သုံးနေတာက အာဏာရှင်ပုံစံပါပဲ'' ဟု ဆရာတော်က ဆက်လက်မိန့်ကြားခဲ့ပါသည်။ ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့သည့် သံဃာတော်များနှင့် ပြည်သူများသည် မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့တွင် အဆိုပါ တောင်းဆိုချက်များကို ဖတ်ကြားခဲ့ပြီး ဆူးလေစေတီတော်အား တစ်ပတ်ပတ်ကာ မဟာဗန္ဓုလလမ်းအတိုင်း လမ်း ၅၀ရှိ မြန်မာစီးပွားရေးဦးပိုင် လိမိတက်ရုံးသို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြသည်။

ထိုသို့ဆန္ဒထုတ်ဖော်မှု ပြုလုပ် ရာတွင် သံဃာတော်များမှ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အင်အားသုံး နှိမ်နင်းရာတွင် ဒဏ်ရာရရှိခဲ့သည့် သံဃာတော်များ၏ ရုပ်ပုံပါ ဗီနိုင်းများအား ကိုင်ဆောင်ကာ မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ပြီး လမ်းလျှောက်ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ရာ သံဃာတော်များအား ပြည်သူများမှ ကာကွယ်မှုပြုလုပ်ပေးပြီး ခြံရံလိုက်ပါခဲ့သည်။
မြန်မာစီးပွားရေးဦးပိုင် လိမိတက်ရုံးရှေ့အရောက်တွင် သံဃာတော်များမှ ဒဏ်ရာရရှိခဲ့သည့် သံဃာတော်များ၏ ရုပ်ပုံပါ ဗီနိုင်းများကို ကိုင်ဆောင်ပြီး သံဃာတော်များအား ယခုကဲ့သို့ အင်အားသုံးနှိမ်နင်းခဲ့မှုအား ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါကြောင်း၊ ထိုကဲ့သို့ လုပ်ဆောင်ခဲ့မှုများနှင့် ပတ်သက်သည့် တာဝန်ရှိသူများအား အမြန်ဆုံးဖော်ထုတ် အရေးယူရန် စသည်တို့ကို တောင်းဆိုမှုပြုလုပ်ခဲ့ပြီး အချက် ၅ချက်ပါ တောင်းဆိုမှုအား ထပ်မံဖတ်ကြားခဲ့သည်။
အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ညနေ ၄နာရီဝန်းကျင်က မြို့တော်ခန်းမရှေ့တွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ညနေ ၅ နာရီခန့် အချိန်တွင် မြန်မာစီးပွားရေး ဦးပိုင်လိမိတက်ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်မှုကို ငြိမ်းချမ်းစွာ အဆုံးသက်ခဲ့ကြသည်။
နိုဝင်ဘာလ ၂၉ရက်နေ့ နံနက် ၃ နာရီကျော်အချိန်မှ စတင်ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေရှိ သပိတ်စခန်းများအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမ
ှ မီးသတ်ပိုက်၊ မီးလောင်ဗုံး စသည်တို့နှင့် အင်အားသုံးနှိမ်နင်းခဲ့ရာ သံဃာတော် အများစုအပါအ၀င် တစ်ရာဝန်းကျင် ဒဏ်ရာရခဲ့ကြောင်း သိရသည်။





ရန်ကုန် မန္တလေး သံဃာဆန္ဒပြမှု ဖြစ်ပွား


ကြာသပတေးနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြသံဃာတော်တွေနဲ့ ဒေသခံပြည်သူတွေကို အကြမ်းဖက်နှိမ်နှင်းမှုတွေကို မကျေနပ်ကြတဲ့ မန္တလေးမြို့က သံဃာတော်တွေကလည်း မနေ့က ထိုင်သပိတ်ဆင်နွှဲခဲ့ကြပါတယ်။ မန္တလေးမြို့ အိမ်တော်ယာကျောင်းမှာ သံဃာတော်အပါး ၁၀၀ကျော်ကနေ ထိုင်သပိတ် ဆင်နွှဲခဲ့တာဖြစ်ပြီးတော့ လက်ပန်းတောင်းတောင် နှိမ်နင်းမှုကိစ္စ ကို တောင်းဆိုခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ထိုင်သပိတ်ဆင်နွှဲတဲ့နေရာကို သတင်းယူဖို့ရောက်နေတဲ့ ဗွီအိုအေဝိုင်းတော်သား ကိုသိန်းထိုက်ဦးကို ဘန်ကောက်ရုံးကနေ မစုမြတ်မွန်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။


ကိုသိန်းထိုက်ဦး- " ဟုတ်ကဲ့ခင်ဗျ။ ပထမတော့ သံဃာအပါး ၁၅၀လောက် ထိုင်သပိတ် နောက်ပိုင်းတော့ ၂၀၀ကျော်လောက်ဖြစ်လာပါတယ်။ သူတို့နေ့ခင်း ၁နာရီလောက်က စပြီးတော့ ၃နာရီအထိ နှစ်နာရီ သူတို့ထိုင်သပိတ်ဆင်နွှဲကြတာပါ။


မစုမြတ်မွန်-"အဲ့သလိုထိုင်သပိတ်
ဆင်နွှဲဆန္ဒပြမှုမှာ တောင်းဆိုမှုတွေ ဘယ်လိုမျိုးရှိပါသလဲ"

ကိုသိန်းထိုက်ဦး- "ဟုတ်ကဲ့။ အဓိက တောင်းဆိုတာကတော့ အကြမ်းဖက်ဖြိုခွင်းမှုမှာ အဓိက တာဝန်ရှိတဲ့ ပြည်ထောင်စုအစိုးရအနေနဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေ ကျေနပ်လက်ခံတဲ့အထိ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ တာဝန်ယူဖြေရှင်းပေးဖို့ သူတို့က တောင်းဆိုပါတယ်။ နောက် ထိခိုက်ဒဏ်ရာရတဲ့သံဃာတော်တွေကို
ကျမ်းမာရေး စောင့်ရှောက်မှုတွေပေးဖို့ တာဝန်ယူဖို့လည်း သူတို့ကတောင်းဆိုပါတယ်။ အဓိကကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူတွေကို မီးလောင်ကျွမ်းစေတဲ့ လက်နက်တွေ သုံးပြီးတော့ သံဃာတော်တွေကို အကြမ်းဖက် တိုက်ခိုက်ခဲ့တယ်ဆိုပြီးတော့ သူတို့က တာဝန်ယူပေးဖို့ပြောတာပါ။
ဆန္ဒပြပွဲမှာ သံဃာတော်တစ်ပါးက အခုလိုမိန့်ကြားသွားပါတယ်။

ဆန္ဒပြသံဃာတော်- "လောင်ကျွမ်းတဲ့အထဲ တချို့ကိုယ်တော်များ မျက်စိ ထိခိုက်ပါတယ်ဘုရား၊ တချို့ မျက်နှာတော်တခုလုံး ရုပ်လုံးမလှဖြစ်သွားပါတယ်ဘုရား၊
ပျံလွန်တော်မူ ရတာမှ အဓိပ္ပါယ်ရှိပါသေးတယ်။ မျက်နှာကို တပည့်တော်တို့ သွားရောက်ကြည့်ရှု့ခဲ့ပါတယ်ဘုရား၊ ဒါ့အပြင် တချို့ဆရာတော်တွေဆို ခါးအစပ်ကနေ အောက်ကို ဖွာစာကျဲနေတာပဲ ဘုရား၊ တပည့်တော်များ မုသာဝါဒ မပြောပါဘူး ဘုရား၊ ဓတ်ပုံတွေနဲ့ ပြထားပါတယ်ဘုရား၊ သတင်းစာရှင်းလင်းပွဲမှာ ဘယ်လိုလိမ်သလဲဆိုရင် ကျနော်တို့ မျက်ရည်ယိုဗုံးပဲ ခွဲပါတယ်လို့ ဒီလိုမီးလောင်ဗုန်းတွေ မသုံးပါဘူးလို့ အခုနက ရှင်းလင်းသွားတာ ကြားရပါတယ်။ အဲ့သလို မျက်ရည်ယိုဗုံးခွဲရင် ဒီလိုမျိုး ဘာကြောင့် ဒဏ်ရာတွေရ ရသလဲ၊ ယခုလို မင်းမဲ့စရိုက်ဆန်ဆန်စွာ၊ လူမဆန်စွာနဲ့ ရက်ရက်စက်စက် တိုင်းတပါးကောင်းစားဖို့အတွက် ကိုယ်လူကိုယ် သတ်ဖြတ်တဲ့လုပ်ငန်းတွေ ရပ်တန်းက ရပ်အောင်ဆိုပြီး တပည့်တော်တို့ ထိုင်သပိတ်များ ထိုင်ပြီးတော့ အခုလိုမျိုး ရှုံ့ချရခြင်းဖြစ်ပါတယ်ဘုရား။"

ကိုသိန်းထိုက်ဦး- " ဒါကတော့ ထိုင်သပိတ်ဆန္ဒပြပွဲမှာ သံဃာတော်တစ်ပါး မိန့်ကြားတာပါခင်ဗျာ။"


မစုမြတ်မွန်- " မန္တလေးအိမ်တော်ယာဘုရားမှာ ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ သံဃာတော်တွေပဲလားရှင့်။ တခြားရော ပြည်သူတွေ ပါဝင်ပြီး ဆန္ဒပြတာမျိုးရော ရှိပါသလားရှင့်။"


ကိုသိန်းထိုက်ဦး- "ပြည်သူတွေကတော့ ကျနော်နောက်ပိုင်း သတိထားမိတာကတော့ ၂၀၀၊ ၃၀၀လောက် ရောက်လာကြပြီးတော့ သံဃာတော်တွေနဲ့အတူ လိုက်ပြီးတော့ ထိုင်ကြပါတယ်ခင်ဗျာ။ ဒီရှေ့မှာလည်း သံဃာတော်တွေ ထိခိုက်ဒဏ်ရာရတဲ့ ဓာတ်ပုံတွေ၊ တော်တော်များများ ကို ထောင်ထားတော့ ဒီပုံတွေကို ကြည့်ပြီးတော့ ဒါတွေကို ကြည့်ပြီးတော့ လာပူးပေါင်းကြတာပါ ခင်ဗျာ။ နောက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် အထက်မြန်မာပြည်က ကျောင်းသား ၂၀လောက်လည်း သူတို့ ကျောင်းသားသမဂ္ဂအလံ ထောင်ပြီးတော့ သံဃာတော်တွေနဲ့ အတူ ထိုင်သပိတ်မှာ ပါဝင်လာတာကို တွေ့ရပါတယ်ခင်ဗျာ။


မစုမြတ်မွန်-" အခုလိုမျိုးဖြစ်နေတဲ့အခြေအနေ လူပ်ရှားမှုတွေကို ကြည့်ခြင်းအားဖြင့် ၂၀၀၇ခုနှစ်တုန်းက ဖြစ်တဲ့ ရွှေဝါရောင်သံဃာလူပ်ရှားမှု အခြေအနေမျိုး ရောက်သွားနိုင်တဲ့ အနေအထားမျိုးရော ကိုသိန်းထိုက်ဦး သုံးသပ်မိပါလားရှင့်။"


ကိုသိန်းထိုက်ဦး-"ကျနော်လည်း ဒီမေးခွန်းကို လှုပ်ရှားတဲ့ သံဃာတော်တွေကို မေးကြည့်ပါတယ် ခင်ဗျာ။ အဲ့ဒီ့မှာ မဟာဂန္ဓာရုံ ကျောင်းတိုက်က ဆရာတော် ဦးသောဘိတကတော့ အခုလိုဖြေကြား သွားပါတယ်ခင်ဗျ။"


မဟာဂန္ဓာရုံ ကျောင်းတိုက် ဆရာတော် ဦးသောဘိတ-"တာဝန်ရှိသူအစိုးရအနေ
နဲ့ ဒီကိစ္စကို ပြေပြေလည်လည်ဖြေရှင်းမယ်ဆိုလို့ရှိရင် ဒီနေ့ဖြေရှင်းရင် မနက်ဖြန်ခါ ပြေငြိမ်းသွားမှာပဲ။ အဲ့လိုမှ မဟုတ်ဘူး ဆိုလို့ရှိရင် ဒီကိစ္စကို ဦးဇင်းတို့က တဖြေးဖြေးနဲ့ ပိုအင်အားကောင်းလာအောင် လုပ်သွားမယ်။ အခု ဒီနေ့ ဘာကြောင့် မလုပ်နိုင်သလဲဆိုရင် ပခုက္ကူက သံဃာတော် အတော်များများ လက်ပန်းတောင်းတောင် ရောက်နေတယ်။ ဘာဖြစ်လို့ဆိုရင် ဆေးရုံမှာ အများကြီးရောက်နေကြတယ်။ အဲ့အခါကျတော့ ပခုက္ကူမှာ ရုတ်တရက်ထလုပ်ဖို့ ခက်ခဲသွားတယ်။ အဲ့တာကြောင့်မို့လို့ တုန့်ပြန်မှုတွေ မကောင်းခဲ့ဘူးဆိုရင် လိုချင်တဲ့အဖြေမထွက်ဘူးဆိုရင် အဲ့လို ရွှေဝါရောင်ပုံစံမျိုး ထိအောင် သွားဖို့စိတ်ကူးတယ်။"

ကိုသိန်းထိုက်ဦး-"ဒါကတော့ ထိုင်သပိတ်ဆန္ဒပြပွဲမှာပါဝင်တဲ့ မဟာဂန္ဓာရုံ ကျောင်းတိုက်က ဆရာတော် ဦးသောဘိတ မိန့်ကြားသွားတာပါခင်ဗျ။ ဒီနေ့ပွဲက မန္တလေးမှာ ဒါပထမဆုံး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ပထမဆုံး သံဃာတော်တွေရဲ့ ထိုင်သပိတ်ဆန္ဒပြပွဲပါ။ ဒီလိုဆန္ဒပြပွဲတွေ မကြာ မကြာ ဆက်လုပ်သွားမယ်။ သူတို့တောင်းဆိုတာ မလိုက်လျောဘူးဆိုရင် မကြာ မကြာ ဆက်ပြီးတော့ လုပ်သွားမယ်လို့လည်း သံဃာတော်တွေက မိန့်ကြားပါတယ်။"


မန္တလေးမှာ သံဃာတော်တွေ ထိုင်သပိတ်ဆင်နွှဲခဲ့ကြတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ သတင်းရယူဖို့ရောက်နေတဲ့ VOA ဝိုင်းတော်သား ကိုသိန်းထိုက်ဦးကို ဘန်ကောက်ရုံးကနေ မစုမြတ်မွန်က ဆက်သွယ်မေးမြန်းခဲ့တာပါ။


တဆက်တည်းမှာပဲ လက်ပန်းတောင်းတောင် စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်တဲ့ သပိတ်စခန်းတွေကို အာဏာပိုင်တွေက အကြမ်းဖက်နှိမ်နင်းခဲ့တာနဲ့ ပတ်သက်ပြီး ကန့်ကွက်ရှုံ့ချတဲ့ ဆန္ဒဖော်ထုတ်မှုကို ရန်ကုန်မှာလည်း သံဃာတော်တွေ စုဝေးပြုလုပ်ခဲ့ပါတယ်။ ညနေ ၄နာရီလောက်မှာ သံဃာအင်အား ၂၀လောက်နဲ့ ပြည်သူ့အင်အား ၂၀ ခန့်မှန်းခြေ စုစုပေါင်း အင်အား ၄၀လောက်ဟာ ဆူးလေဘုရားမှာ စတင် စုဝေး ဆန္ဒပြခဲ့ကြတာပါ။


ဆန္ဒပြသံဃာတော်တွေဟာ မနေ့မနက်ပိုင်းက လက်ပန်းတောင်းတောင် စီမံကိန်း ကန့်ကွက်ဆန္ဒပြပွဲမှာ အာဏာပိုင်တွေ အကြမ်းဖက်မှုကြောင့် မီးလောင်ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ သံဃာတော်တွေရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ထားကြပါတယ်။ ဆူးလေရင်ပြင်တော်မှာ တစ်ပတ်ပတ်ပြီးတော့ မဟာဗန္ဓုလလမ်းအတိုင်း လမ်းလျောက်၊ နောက် လမ်း ၅၀ထိပ်မှာ ရှိတဲ့ မြန်မာစီးပွားရေးဦးပိုင်လီမိတက
်ရုံးရှေ့ကန့်ကွက်ဆန္ဒပြပြီး လူစုခွဲခဲ့ကြတယ်လို့ မျက်မြင်သက်သေတဦးက ဗွီအိုအေကို ပြောပါတယ်။

"ဆူးလေကနေပြီးတော့ စီးပွားရေးဦးပိုင်လီမိတက်အထိ ချီတက်လာတယ်။ ပြီးတော့ စီးပွားရေးဦးပိုင်လီမိတက်ရှေ့မ
ှာ ကြွေးကြော်သံကိုအော်တယ်။ အော်နေရင်း အခု၊ ခနနေ ပြီးတော့မယ်ခင်ဗျ။ အခုပြန်ထွက်ကြတော့မယ်။ ပထမတော့ စီးပွားရေးဦးပိုင်လီမိတက် အလိုမရှိဆိုတဲ့ ကြွေးကြော်သံ အော်ကြတယ်။ ပြီးတော့ ဆရာတော်တွေ တရားစာရွတ်ကြလား မသိဘူးဗျ။ ကျနော်အခုပြောနေချိန်မှာပဲ တစ်ပါးချင်းစီ ပြန်ကြွနေပြီခင်ဗျ။ အခု အားလုံးပြန်ကြွကုန်ပြီ။ အခုတော့ ဦးပိုင်လီမိတက်ရှေ့မှာ လူတော့ရှင်းသွားပြီခင်ဗျ။ ဆရာတော်တွေက အခု ကားနဲ့ပြန်ကြွနေတယ်ခင်ဗျ။ ဆရာတော်တွေ ကားတစ်စီးပေါ်ကို စုတက်ပြီးတော့ ပြန်ကြွနေတယ်။"

နာရီဝက်လောက်ကြာတဲ့ ဒီဆန္ဒပြပွဲကိုတော့ အာဏာပိုင်တွေဘက်က စောင့်ကြည့်မှုတွေရှိခဲ့ပေမဲ့၊ ထင်ထင်ရှားရှား လုံခြုံရေးတပ်တွေ ထားရှိတာ၊ အနှောင့်အယှက်ပေးတာမျိုးတော့ မရှိဘူးလို့သိရပါတယ်။






၅ ရက်အတွင်း အရေးမယူပါက ပတ္တနိက္ကုဇ္ဇနကံ ဆောင်မည်ဟု ဦးဝီရသူ မိန့်ကြား


ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအား ကန့်ကွက် သပိတ်မှောက်နေကြသော ရဟန်းသံဃာများအား နိုဝင်ဘာလ ၂၉ ရက် မနက်က အကြမ်းဖက် ဖြိုခွင်းမှုနှင့် ပတ်သက်သည့် တရားခံများအား နိုင်ငံတော်အစိုးရမှ အမြန်ဆုံး အရေးယူဆောင်ရွက်ခြင်းမရှိပါက ပတ္တနိက္ကုဇ္ဇနကံ

ဆောင်မည်ဟု ဆရာတော် ဦးဝီရသူ က မိန့်ကြားလိုက်သည်။
ကြာသပတေးနေ့ အကြမ်းဖက်မှုအား ရှုတ်ချသည့် ထိုင်သပိတ် ဆန္ဒပြပွဲကို သောကြာနေ့ မွန်းလွဲ ၁ နာရီက မန္တလေး မြို့ရှိ အိမ်တော်ရာ ဘုရား၊ မြောက်ဖက်မုခ်တွင် သံဃာ အပါး ၂ဝဝ ခန့်က ဆင်နွှဲနေစဉ် ဦးဆောင် ကိုယ်တော်တပါးဖြစ်သည့် မစိုးရိမ်တိုက်သစ် နာယက ဆရာတော် ဦးဝီရသူ က မိန့်ကြားလိုက်ခြင်းဖြစ်သည်။

"တရားခံ အစစ်ကို အမြန်ဆုံး အရေးယူပေးပါ၊ အမြန်ဆုံး အရေးယူ မပေးဘူးဆိုရင် ဒီအစိုးရဟာ စစ်အစိုးရလိုပဲ သံဃာထုတရပ်လုံးရဲ့ ပတ္တနိက္ကုဇ္ဇန ကံကို ခံရမယ်လို့ ဦးဉ္စင်း ပြောချင်တယ်" ဟု မိန့်ကြားသည်။


မန္တလေးမြို့ လေးပြင်လေးရပ် သံဃာများနှင့် အမရပူရ၊ ဘဝအလင်း၊ မဟာဂန္တာရုံ စသည့် ကျောင်းတိုက်များမှ သံဃာများက တောင်းဆိုချက် ၄ ရပ် ချမှတ်ထားရာတွင် လက်ပံတောင်း အကြမ်းဖက်မှုနှင့်ပတ်သက်၍ "နိုင်ငံတာ် အစိုးရမှ သံဃာတော်များအား တရားဝင် ဝန်ချတောင်းပန်ရမည်။ အကြမ်းဖက်ဖြိုခွင်းမှုနှင့် ပါတ်သက်၍ တာဝန် အရှိဆုံး အစိုးရမှ ပြည်သူများ ကျေနပ်လက်ခံနိုင်သည်အထိ ပွင့်လင်းမြင်သာမှုရှိရှိ တာဝန်ယူဖြေရှင်းပေးရမည်" ဟု ပါရှိပြီး ဒဏ်ရာရရှိသွားသည့် သံဃာများနှင့် လုပုဂ္ဂိုလ်များအတွက်ု "ပြည့်စုံလုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် တစုံတရာ နစ်နာမှုမရှိအောင် ဖြေရှင်းဆောင်ရွက် ပေးရမည်" ဟုလည်း တောင်းဆိုထားသည်။


ထို့အပြင် "ဓါတုလက်နက်ကို ဘယ်သူက အသုံးပြုဖို့ ဘယ်သူက ခွင့်ပြုတယ်၊ အမိန်ပေးတယ် ဆိုတာကို အမြန်ဆုံးဖော်ထုတ်ပေးရမည်လို့ တောင်းဆိုထားပါတယ်။ ၅ ရက် စောင့်ကြည့်ပြီးရင်တော့ တောင်းဆိုတာတွေ မလိုက်လျောဘူး ဆိုရင် တနည်းနည်းနဲ့ ထပ်ပြီး တုံ့ပြန်သွားမယ်" ဟု ဆရာတော် ဦးဝီရသူ က မိန့်ကြားသည်။


ထိုင်သပိတ် ဆန္ဒပြပွဲတွင် သံဃာများအပြင် ပြည်သူ ၂၀၀ ခန့်ကလည်း ဝန်းရံ ပါဝင်ကြောင်း သိရသည်။


မီးလောင်ဒဏ်ရာများဖြင့် သံဃာတော်များ၏ ဓာတ်ပုံများ၊ သာသနာ့အလံများ လွှင့်တင်ကာ ဆန္ဒပြနေကြကြောင်း အိမ်တော်ရာဘုရားသို့ သွားရောက်သတင်းရယူနေသည့် မဇ္ဈိမ သတင်းထောက် ကိုလွင် က ပြောသည်။လက်ပံတောင်း ကြေးနီစီမံကိန်းတွင် သံဃာတော်များ ဝင်ရောက်ပါဝင်လာရခြင်းမှာ လယ်တီဆရာတော်ဘုရားကြီး၏ သမိုင်းဝင် အမွေအနှစ်အား ထိန်းသိမ်းစောင့်ရှောက်ရန် အဓိက ရည်ရွယ်ရင်းဖြစ်ပြီး သပိတ်မှောက်ပြည်သူများနှင့် စီမံကိန်း ကုမ္ပဏီတို့ နှစ်ဖက်လုံးမှ အကြမ်းဖက်ခြင်းများ မပြုမိစေရန် စောင့်ရှောက်ဖို့ ပါဝင်လာရခြင်း ဖြစ်ကြောင်း လည်း ဆရာတော်က ရှင်းပြသည်။

ကြေးနီစီမံကိန်း အကောင်အထည်ဖော်နေသော ကုမ္ပဏီများနှင့် ဒေသခံများအကြား ပြဿနာများကို
ဒေါ်အောင်ဆန်းစုကြည်က ကြားဝင်ဆောင်ရွက်ပေးမည့် အပေါ်လည်း ကြိုဆိုကြောင်း ဆက်လက်မိန့်ကြားသည်။

"ဦးပဉ္စင်းကတော့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ပံတောင်း ခရီးစဉ်ကို တအားကြီးကို ဝမ်းသာအားရ ကြိုဆိုတယ်။ တခြားတခြားသော သြဇာတိက္ခမ ရှိတဲ့ ပါတီတွေ အဖွဲ့အစည်းတွေလည်း ဒကာမကြီး ဒေါ်အောင်ဆန်း စုကြည်တို့၊ ဒကာမကြီး ဒေါ်ခင်စန်းလှိုင် တို့လို ဝိုင်းဝန်းပါဝင် ဆောင်ရွက်စေချင်တယ်လေ" ဟု ဦးဝီရသူ က ဆိုသည်။


ကြာသပတေးနေ့နံနက် အကြမ်းဖက်မှုကြောင့် သံဃာအပါး ၅ဝ ကျော်မှာ မုံရွာဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေရပြီး ဒဏ်ရာပိုမိုပြင်းထန်သော ကိုယ်တော် နှစ်ပါးမှာ မန္တလေးသို့ ပင့်ဆောင်၍ ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း သိရှိရသည်။





ဒဏ်ရာရသံဃာတော်တွေအတွက် ဆေးဝါးအလှု လက်မခံ


လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ သပိတ်စခန်းတွေကို နိုဝင်ဘာလ ၂၉ ရက် ကြာသပတေးနေ့က အာဏာပိုင်တွေ အကြမ်းဖက် နှိမ်နင်းမှုအတွင်း ဒဏ်ရာ အပြင်းအထန် ရခဲ့ကြတဲ့ ရဟန်းသံဃာတော်တွေ မန္တလေး နဲ့ မုံရွာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ဒီသံဃာတော်တွေအတွက် အာဏာပိုင်တွေဘက်က ကျန်းမာရေး စောင့်ရှောက်မှု တစုံတရာ ထောက်ပံ့ပေးခြင်း မရှိသလို မုံရွာဆေးရုံကြီး မှာ ဆေးဝါးကုသမှု ခံယူနေရတဲ့ သံဃာတော်တွေအတွက် အလှူရှင်တွေက ဆေးဝါး အလှူပြုချင်ပေမဲ့လို့ ဆေးရုံက လက်မခံရဲတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။





လက်ပန်းတောင်းသပိတ်ဖြိုခွဲမှုကြေ
ာင့် သံဃာ ၇၉ပါး ဆေးရုံတင်

လက်ပန်းတောင်းတောင်အရေး ဆန္ဒပြဒေသခံတွေကို လုံထိန်းတပ်ဖွဲ့တွေက မနေ့က အကြမ်းဖက် ဖြိုခွဲခဲ့တဲ့အတွက် သံဃာ အပါး ၇၀ ကျော် နဲ့ လူပုဂ္ဂိုလ် ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊မုံရွာ
မြို့ ပြည်သူ့ဆေးရုံကြီးမှာ သံဃာ ၂၇ ပါး နဲ့ သံဃာ့ဆေးရုံကြီးမှာ ၅၂ ပါး ဆေးကုသမှု ခံယူနေရကြောင်း သိရပါတယ်။ ဒဏ်ရာရ သံဃာတော်တွေကို မနေ့ညနေက ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖူးမြော်အားပေးခဲ့သလို သီတဂူဆရာတော် ဦးဥာဏိဿရအပါအ၀င် ဘာသာရေးခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်း အမျိုးမျိုးက လာရောက်ပြီး ဆေးဒါန၊ ဆွမ်းဒါန အစရှိတဲ့ ပစ္စည်းလေးပါး အတွက် လာရောက် လှူဒါန်းကြကြောင်း သိရပါတယ်။
မုံရွာမြို့က လက်ပန်းတောင်းတောင် ကာကွယ်ရေး ကော်မတီဝင်တွေက သပိတ်ဖြိုခွဲခံရပြီးတဲ့ မနေ့မနက် ကစပြီး အခုချိန်ထိ ငွေအား၊ လူအား အပြည့်အဝကူညီနေပါတယ်။ဒဏ်ရာရသူတေ
ွက သံဃာတော် ၂၈ ပါးနဲ့ ဝက်မှေးရွာသား ကိုကျော်စွာတို့ဖြစ်ပါတယ်။ ခုချိန်ထိ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားသူတွေက ဦးပဇင်း အရှင်စန္ဒောဘာသနဲ့ ကိုရင် အရှင်သုဇနဖြစ်ပါတယ်။အရှင်စန္ဒောဘာသဟာ ဘယ်ဖက်မျက်လုံးထိထားပြီး ခန္ဓာကိုယ်မှာလဲ နေရာအနှံ့မီးလောင်ခံထားရလို့ ခွဲစိပ် ကုသမှုခံ ထားရပါတယ်။ အရှင်သုဇနကတော့ ခါးအောက်ပိုင်းတခုလုံး မီးလောင်ခံထားရပါတယ်။ လက်ရှိမှာ တော့ အသက် အန္တရာယ်စိုးရိမ်စရာမရှိတော့တဲ့အကြောင်း ဒဏ်ရာရသူတွေကို ကူညီနေတဲ့ မုံရွာမြို့ခံတွေက ပြောပါတယ်။
သပိတ်ဖြိုခွဲမှုမှာ ဒဏ်ရာရပြီး မုံရွာဆေးရုံမှာ ကုသခံနေကြရတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေကို သီတဂူဆရာတော် အရှင်ဥာဏိဿရ ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူတို့ ကသွားရောက်တွေ့ဆုံအားပေးပြီး သူတို့လိုအပ်မယ့် ဆေးဝါးနဲ့ပစ္စည်းတွေ အကူအညီပေးခဲ့ကြတယ်လို့သိရပါတယ်။
ဆရာတော်အရှင်ဥာဏိဿရက မုံရွာမြို့လက်ပန်းတောင်းတောင်ကာကွယ်ရေး ကော်မတီကနေတဆင့် ကျပ် ၂၅သိန်း လှူဒါန်းတယ်လို့ ကော်မတီဝင်တွေကပြောပါတယ်။




သံဃာရဲ့ ဒဏ်ရာ ဘာကြောင့်လောင်လဲ မသိဟု ဆေးရုံအုပ်ကြီးပြော


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်မှောက်သံဃာများ ကြာသပတေးနေ့ နံနက်က ရရှိခဲ့သော ထိခိုက်ဒဏ်ရာများမှာ မီးလောင် ဒဏ်ရာများသာ ဖြစ်ပြီး ဆီနှင့် အက်ဆစ်များ မပါဝင်ကြောင်း မုံရွာ

ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းထွဋ် က ပြောသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီခန့်က ဖြစ်ပွားခဲ့သည့် သပိတ်စခန်းများအား လုံခြုံရေးရဲများက အကြမ်းဖက် ဖြိုခွင်းမှုကြောင့် ဒဏ်ရာရသူများမှာ သံဃာအပါး ၇၀ နှင့် ဒေသခံ ၅ ဦးတို့ဖြစ်ပြီး လက်ရှိ မုံရွာဆေးရုံတွင် သံဃာတော် ၂၆ ပါးကုသမှုခံယူနေပြီး နှစ်ပါးမှာ ခွဲစိတ်ကုသမှု ခံယူထားရသည်။

သပိတ်စခန်းများအား ဖြိုခွင်းရာတွင် မျက်ရည်ယိုဗုံးနှင့် မီးခိုးဗုံးများသာ သုံးစွဲခဲ့ကြောင်း အာဏာပိုင်များက ကနဦး သတင်းထုတ်ပြန်ခဲ့သည်။သို့သော် မျက်ရည်ယိုဗုံးကြောင့်မူ မီးလောင်ကျွမ်းမှု မဖြစ်စေနိုင်ကြောင်း အတွေ့အကြုံရှိသူများနှင့် ဓာတုပညာရှင်များ က ဆိုကြသည်။


ဒဏ်ရာရ သံဃာများအား သီတဂူဆရာတော် အရှင်ဉာဏိဿရ က လာရောက် ကြည့်ရှုသွားပြီး ဆရာတော်များ၏ဝေယျာဝစ္စအတွက် ဝတ္ထူငွေ ၂၅ သိန်း လှူဒါန်းသွားခဲ့သည်။ဆရာတော်က ဆေးရုံအုပ်ကြီးနှင့် တွေ့ဆုံပြီး ဆေးဝါးများနှင့် ပတ်သက်၍ မေးရာတွင် ဆေးရုံအုပ်ကြီးက ပြည့်စုံမှု ရှိကြောင်း ပြန်လည်လျှောက်ထားသည်။


မီးလောင်ဒဏ်ရာ ရရှိနေသည့် ပခုက္ကူ အရှေ့တိုက်ကျောင်းမှ ဦးအိန္ဒာစာရက "သူတို့ အကြမ်းဖက်ပေမယ့် ဦးဇင်းတို့ စိတ်ဓာတ်ကတော့ မကြမ်းပါဘူး။ အခုထိ သူတို့ကို မေတ္တာ ကရုဏာ ရှိပါတယ်" ဟု သဘောထားကို မိန့်ကြားသည်။ကြာသပတေးနေ့ ညက ဒဏ်ရာရ သံဃာတော်များအား လာရောက်ဖူးမြော်သည့် ဒေါ်အောင်ဆန်းစုကြည်ကလည်းမေတ္တာကရ
ုဏာ ရှေ့ထားပြီး အလုပ်ကို ဆက်လုပ်သွားဖို့လျှောက်ထားသွားကြောင်း ဦးအိန္ဒာစာရ က မိန့်သည်။လက်ပံတောင်းတောင်ရှိ ပျက်စီးသွားသော သပိတ်စခန်း မြေနေရာများကိုလည်း သဲများခင်းပြီး ဖုံးထားကြောင်း
ဒေသရှိ ဝက်မှေးရွာသားတို့က ဆိုသည်။




လက်ပန်းတောင်းသပိတ်မှာ ဒဏ်ရာရ သူများကို နယ်ပယ်အသီသီး က ခေါင်းဆောင်များ တွေ့ဆုံအားပေး


မြန်မာအစိုးရ ရဲတပ်ဖွဲ့တွေရဲ့ လက်ပန်းတောင်း သပိတ်ဖြိုခွဲမှုမှာ ဒဏ်ရာရပြီး မုံရွာဆေးရုံမှာ ကုသခံနေရတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေကို သီတဂူဆရာတော် အရှင် ဥာဏိဿရ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူတို့ သွားရောက်တွေ့ဆုံအားပေးပြီး သူတို့လိုအပ်မယ့်ဆေးဝါးနဲ့ ပစ္စည်းတွေအတွက် အကူအညီပေးခဲ့ကြတယ်လို့ သိရပါတယ်။





လက်ပန်းတောင်းသပိတ် ဖြိုခွဲမှု ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့ ဆန္ဒပြ


လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ ရဟန်းရှင်လူတွေကို အကြမ်းဖက်ဖြိုခွဲမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ထိုင်းနိုင်ငံရောက် စာသင်သား မြန်မာသံဃာတော် အပါး(၈ဝ)ခန့်က မနေ့က မွန်းလွဲ(၁)နာရီကျော်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ နာရီဝက်ကြာ စုရုံးဆန္ဒပြခဲ့ကြပါတယ်။




NLABR
Web-site: www.nlabr.com
Facebook: Sa Maung
Facebook: Miraculous Master For English Language


No comments:

Post a Comment