ကျော်သူ ပေးပို့သည်
==========================================
စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ရှိ ဇောတိက ကျောင်းတိုက်မှ ဆရာတော်ကြီး သည် ယနေ့နေ့လည် ၂ နာရီ တွင် တင်ဝင်းထွန်း ဓမ္မာရုံတွင် ပြုလုပ်မည့် သြ၀ါဒ ခံယူပွဲကို တက်ရောက်မည် ဖြစ်သော်လည်း သြ၀ါဒ မိန့်ကြား ပေးမည် မဟုတ်ကြောင်း သိရသည်။
ဆရာတော် ဘုရားကြီးက မိန့်ကြားရာတွင် "ဘုရားခေါင်းကို ရိုက်ခွဲပြီးမှတော့ တို့က ဘာများသြ၀ါဒပေးရဦးမှာ လဲကွာ " ဟု ပြန်လည် မိန့်ကြားခဲ့သည်။
လက်ပံတောင်းတောင် အရေးတွင် ထိခိုက်ဒဏ်ရာရခဲ့ သည့် ဇောတိကကျောင်း တိုက်မှ သံဃာတော် အပါး(၂၀)မှာ မုံရွာပြည်သူ့ ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူ လျက်ရှိကြောင်းသိရသည်။
အဆိုပါသံဃာတော်များအား ပြုစုစောင့်ရှောက်ရန် ဇောတိကကျောင်းတိုက်မှ သံဃာတော် အပါး(၇၀)ခန့်မှာဆေးရုံသို့ ရောက်ရှိနေကြောင်း လည်းသိရသည်။
အေးချမ်းမွန်မှ Yangon Media Group တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။

No comments:
Post a Comment