Showing posts with label IT Notes. Show all posts
Showing posts with label IT Notes. Show all posts

Thursday, December 27, 2012

Blog လုပ်နည်း (ဇွဲကပင်မြေ မှ ကူးယူဖော်ပြသည်)

From http://www.amyokaungtarr.com/2012/09/blog.html


1. မိမိမှာ Gmail Account တစ်ခုရှိပြီး၊ မြန်မာလိုစာစီနိုင်ရန်အတွက် ZawGyi ( fount) တစ်ခုရှိပြီး၊ မြန်မာလိုစာစီနိုင်ရန်အတွက် ZawGyi Font ကိုလည်း Install ပြီးခဲ့ပြီဆိုရင် Blog တစ်ခုကို စတင်ဖန်တီး နိုင်ကြပါပြီ။


Blog တစ်ခုတည်ဆောက်ဖို့ရန် လုပ်ဆောင်ရမည့်အဆင့်များကို ဖော်ပြပါ ခေါင်းစဉ်များဖြင့် ဖော်ပြသွားပါမယ်။

(Step 1) Sign in to blogger

Step 2) Display name (or) Author name
Step 3) Name your blog
Step 4) Choose your template Step
5) Publish your first pest
မှတ်ချက်။ ။ ထိုအဆင့်များပြီးဆုံးလျင် ဘလော့တစ်ခုကို ရရှိပြီ ဖြစ်ပါသည်။
Step1) Sign to Blogger မိမိ Gmail Account တစ်ခုရှိပြီဆိုရင် Blog တစ်ခုဖန်တီးရန်အတွက် www.blogger.com မှာ Sign in တစ်ခုလုပ်ရပါမယ်။

သွားပုံက Browser program တစ်ခုဖြစ်တဲ့ IE (0r) Mozilla ၏ Address bar တွင်
www.blogger.com ဟု ရိုက်ထည့်ပြီး Enter key ကိုနှိပ်ပါ။
Blogger home page ၏ အပေါ်ညာဘက်ထောင့်တွင် “ sign in area ” ၏ အပေါ်ရှိ Language တွင် English ဖြစ်ရပါမယ်။ Email Address (ဥပမာ- username@gmail.com) ၊ Password နေရာတွင် ၄င်း Email password တို့ကို ရိုက်ထည့်ပါ။ ပြီးလျင် Keyboard မှ Enter ကိုနှိပ်ပါ (သို့) Sign in တွင် Click နှိပ်ပါ။

Step 2) Display Name (0r) Author Name မိမိထည့်သွင်းသည့် Email နှင့် Password တို့ မှန်ကန်ပါက Signup လုပ်ဖို့ရန် တောင်းခံပါလိမ့်မည်။


Display name နေရာတွင် မိမိနှစ်သက်ရာ အမည်ကို ရိုက်ထည့်ပါ။ ဒီနေရာမှာ ထည့်သွင်းပေးလိုက်တဲ့ အမည်ကို Blog မှာတင်သမျ Post တို့၏ အောက်ခြေတွင် ဖော်ပြမှာ ဖြစ်ပါတယ်။ သဘောက Post မှာ ရေးသူ (သို့)ကလောင်အမည်ဖြစ်ပါတယ်။ သည့်အတွက် အမည်ဝှက်နှင့် ရေးချင်ရင် မိမိအမည်ရင်း အစားအခြားအမည်ဝှက် တစ်ခုထည့်သွင်းရပါမည်။


Display name ထည့်သွင်းခဲ့ပြီးပြီဆိုရင် ရှေ့ဆက်သွားဖို့ရန်အတွက် Blogger မှ ထုတ်ပြန်သော Term of Service တွေကို လက်ခံသဘောတူရပါမယ်။ Trem of service ဘေးရှိ Check box တွင် အမှန်ဖြစ်ပေါ်အောင် Click တချက်နှိပ်ပါ။ ပြီးလျင် Button တွင် Click နှိပ်လိုက်ပါ။


မှတ်ချက်။ ။ ယခုထည့်ပေးခဲ့သည့် Display name အတိုင်းပင် အမြဲတမ်းသုံးရတော့မည်ဟု မစိုးရိမ်ပါနှင့်။ Blog တစ်ခု အစအဆုံးဖန်တီးပြီးသွားသည့် နောက်ပိုင်း Display name ကို အချိန်မရွေး မိမိနှစ်သက်သလို ပြောင်းလဲရေးသားနိုင်ကြပါတယ်။ Step3) Name your Blog ဒီအဆင့်မှာ Blog title နှင့် URL လို့ခေါ်တဲ့ မိမိ Blog လိပ်စာတို့ကို သတ်မှတ်ထည့်သွင်းပေးရပါမယ်။


စာအုပ်အမည်တို့နှင့် သဘောတရားတူပါတယ်။ Blog title ကို မြင်ကြရုံဖြင့် အထဲမှာ ဘယ်လို အကြောင်းအရာတွေ ရေးသားထားမလဲဆိုတာကို မှန်းမိနိုငစေပါက ပိုကောင်းပါတယ်။ နှစ်သက်ရာ အမည်ကို Blog Title တွင် ရိုက်ထည့်ရာတွင် Title ကို မြန်မာလို ပေးချင်ပါကလည်း ပေးနိုင်သည်။


URL (or) Blog Address Bolg လိပ်စာကို ရွေးချယ်တဲ့နေရာမှာ မိမိ Blog ကို ဖတ်သူတို့အနေနှင့် မှတ်မိလည်းလွယ်ရမယ်။ ရိုက်လို့လည်း လွယ်ရမယ့် အမည်မျိုးဖြစ်သင့်ပါတယ်။ အများအားဖြင့် မိမိနာမည် (သို့) Blog title ကိုပင် ပြန်ပေးလေ့ရှိကြပါတယ်။ အရေးကြီးတာက လိပ်စာကို အင်္ဂလိပ်လိုသာပေးရပါမည်။ အထူးသတိပြုပါ။ မိမိရွေးချယ်ထည့်သွင်းမည့် စကားလုံးတို့၏ နောက်တွင် blogspot.com ပါရှိမည်ဖြစ်ရာ မိမိ Bolg လိပ်စာအပြည့်အစုံ
http://www.name.blogspot.com ဖြစ်ပါလိမ့်မည်။

Blog Address တစ်ခု သည် အခြားမည်သည့် Address တို့နှင့်မှ မတူညီနိုင်သည့် ကိုယ်ပိုင်လိပ်စာ ဖြစ်ကြရပါမယ်။ သည့်အတွက် မိမိအလိုရှိရာအမည်ပါ လိပ်စာအတိုင်း ရရနိုင်မရနိုင်ဆိုတာ စစ်ဆေးကြရပါမယ်။ Check Availability တွင် Click နှိပ်ပြီးစစ်ဆေးပါ။ အခြားသူတဦး လိပ်စာနှင့် တူနေပါက ပြောင်းခိုင်းပါလိမ့်မည်။ လိပ်စာတူရှိနေရင် အနီရောင် စာလုံးတွေနှင့် not available ဆိုပြီးမြင်ရပါမယ်။

 ဒါ့အပြင်ယူသုံးလို့ရနိုင်တဲ့ အမည်တွေကို အကြံပြုဖော်ပြထားပါလိမ့်မယ်။ အဲ့ဒီအမည်တွေထဲက တစ်ခုခုကို Click နှိပ်ပြီး ရွေးချယ် နိုင်တယ်။ မကြိုက်ဘူးဆိုရင် စိတ်တိုင်းကျအမည်တစ်ခု ရိုက်ထည့်ပြီး Check Availibility ဖြင့် ထပ်မံစစ်ဆေးကြည့်ရမယ်။ လိပ်စာမတူ၊ လိပ်စာတူမရှိပါက “available” ဆိုတာကိုမြင်ကြရမယ်။ ရှေ့ဆက်သွားရန်အတွက် continue တွင် Click တစ်ချက်နှိပ်လိုက်ပါ။ မှတ်ချက်။ ။ Title ပဲဖြစ်ဖြစ်၊ Address ပဲဖြစ်ဖြစ် နောက်ပိုင်းမှာ ပြောင်းနိုင်ပါတယ်။ Address ပြောင်းမယ်ဆိုရင် သတိပြုရမှာက မိမိ Blog ဝင်ရောက်ဖတ်ရူ့သူတွေ မျက်ခြေပြတ်သွားနိုင်ပါတယ်။

Step 4) Choose your Template Template ဆိုတာမိမိ Blog ရဲ့ design ၊ တနည်းဆိုရရင် Webpage ရဲ့ degsin ဖြစ်ပါတယ်။ အဖြူရောင်နောက်ခံ၊ အစိမ်းရောင်နောက်ခံ၊ အမည်းရောင်နောက်ခံ အစရှိသဖြင့်ပေါ့။ Blogger မှာ အဆင်သင့် ယူသုံးနိုင်တဲ့ Template များစွာရှိပါတယ်။ ကိုယ့်ရဲ့ Blog ကို အစိမ်းရောင်လေးနောက်ခံနှင့် လိုချင်ရင် Scrodl bar ကို အပေါ်အောက်ဆွဲပြီး အစိမ်းရောင်ပါတာလေးရွေးပေါ့။

 Scroll bar ကို အပေါ်အောက်ဆွဲရွေးပြီး ပိုမိုတိကျစွာ သိချင်ရင် စိတ်ဝင်စားစရာ Template ၏ review တွင် Click နှိပ်လိုက်ပါ။ ဒါဆိုရင် Blog တစ်ခုကို အစအဆုံးရေးပြီးသွားတဲ့အခါ မိမိ Blog အား Webpage တစ်ခုအနေနှင့် ဘယ်လိုမြင်ရမလဲဆိုတာကို သီးခြား Window တစ်ခုဖြင့် ဖော်ပြပါလိမ့်မည်။ အခြားသော Blog Setting တွေကဲ့သို့ပင် Template ကို အချိန်မရွေးပြောင်းလဲနိုင်ပါတယ် ။

ဒါ့ကြောင့် ဒီနေရာမှာ ရွေးခဲ့တဲ့ Template အတိုင်းပဲံအမြဲဖြစ်နေတော့မယ်လို့ စိုးရိမ်စိတ်မထားပါနှင့်။ စဖြစ်သွားအောင် လက်သင့်ရာရွေးပြီး နောက်မှ ပြောင်းမယ်ဆိုရင်လည်း ဖြစ်ပါတယ်။ မိမိနှစ်သက်ရာ Template ရှိ Radio button ကို Click နှိပ်ပြီး Select လုပ်ပါ။ Template ရွေးပြီးပြီဆိုရင် Continue button တွင် Select လုပ်ပါ။ Template ရွေးပြီးပြီဆိုရင် Continue button တွင် Click နှိပ်၍ ရှေ့ဆက်သွားပါ။ Step 5) Publish Your First Post Template ကိုရွေးခဲ့ပြီးပြီဆိုရင် Blog တစ်ခုကို အောင်မြင်စွာ Create လုပ်ပြီးပြီဖြစ်ကြောင်းဖော်ပြေ သာ Page ကို မြင်ကြရပါမယ်။


ထို Page ပေါ်မှ Your blog has been create! စာတန်းအောက်ခြေမှ Start blogging တွင် Click တစ်ချက်နှိပ်ပါ။ ဒီအဆင့်သို့ရောက်ပြီဆိုရင် သိရမှာက blog တစ်ခုလိုတော့ ဖန်တီးပြီးပြီ။ သို့သော် ဘာမှမရှိသေးတဲ့ အခွံချည်းသက်သက်လို့သိထားရပါမယ် ။


ဥပမာ-ဆိုရရင် မြေနေရာ (Address) ရလို့ နှစ်သက်ရာပုံစံ (Template) နှင့် အိမ်လည်းတည်ဆောက်ပြီးပြီ ပြည့်စုံအောင် ဖြည့်ရအုံးမယ်။ ဒါတွေဖြည့်ပြီးမှသာ နေလို့ရနိုင်ပြီဖြစ်တဲ့ အိမ်တစ်လုံးအဖြစ်သို့ ရောက်ရှိမယ်ပေါ့။ ထိုသဘောတရားအတိုင်းပါဘဲ။ ကိုယ်လိုချင်တဲ့ အကြောင်းအရာတွေရယ်၊ စာတွေရယ် ရေးမယ်။ တင်ချင်တဲ့ ပုံတွေတင်ပြီး ဝေဝေဆာဆာဖြစ်အောင် ဖန်တီးကြရပါအုံမယ်။ အဲ့ဒီလိုစာတွေရေးတင်ခြင်း၊ ပုံတွေလှမ်းတင်ခြင်းကို Post တင်တယ်လို့ခေါ်ပါတယ်။


စပြီး Post လုပ်ရန်အတွက် Start Blogging တွင် Click နှိပ်လိုက်ပါ။ စာတွေရေးသားနိုင်မယ့် ပုံတွေထည့်နိုင်တဲ့ Window တစ်ခုကျလာပါမယ်။ ၄င်းကို Post Editor လို့လည်းခေါ်ပါတယ်။ Post Title ဒီနေရာမှာက Post title ၊ ဟိုရှေ့မှာဖြည့်ခဲ့တဲ့ Title က Blog title ။ မရောထွေးမိပါစေနှင့်။ Blog title ဆိုတာက စာအုပ်အမည်လို တစ်ခုပဲရှိမယ်။ Post title ဆိုတာက ကိုယ်တင်ရင် တင်သလောက်များမယ်။


ဥပမာ ဆိုရရင် Blog တစ်ခုထဲမှာ post ဆယ်ခုတင်ရင် Post title ဆယ်ခုရှိမယ်ပေါ့။ Text Area ရေးလိုသမျ Text area ထဲမှာရေးသားကြပါမယ်။ ဒီနေရာမှာ ရေးသားသမျတို့သည် မိမိတင်မည့် Post ၏ စာကိုယ်ဖြစ်ပါလိမ့်မည်။


ရေးလိုသမျရေးပြီး၍ စိတ်တိုင်းကျပြီဆိုရင် Publish post တွင် Click နှိပ်လိုက်ပါ။ ရေးခဲ့သော Post ကို အင်တာနက်ပေါ်မှတဆင့် အများသူငါ ကြည့်၍ရအောင် အောင်မြင်စွာ လှင့်တင်ပြီးဖြစ်ကြောင်း ဖော်ပြသော Page ကိုမြင်ကြရပါမည်။ မိမိရဲ့ တင်လိုက်တဲ့ Blog ကို ကိုယ်တိုင်ကြည့်ချင်ရင် View Blog တွင် Click နှိပ်လိုက်ပါ။


Post တစ်ခုတည်းသာရှိတဲ့ မိမိရဲ့ Blog အသစ်စက်စက်လေးကို တွေ့ကြရပါလိမ့်မယ်။ Sign Out Post အသစ်တင်ချင်ရာတွေကိုလည်း တင်ခဲ့ပြီးပြီ၊ ပြင်စရာရှိတာတွေကို ပြင်ခဲ့ပြီး၍ လတ်တလော ရှေ့ဆက် အသုံးမရှိသေးသည့်အတွက် ထွက်တော့မယ်ဆိုရင် အမြဲတမ်း Sign out လုပ်ပြီးမှ ထွက်ရပါမယ်။ အပေါ်ညာဘက်ထောင့်တွင်ရှိသော Sign out တွင် Click နှိပ်ပြီးထွက်ပါ။


မှုလအစဖြစ်တဲ့
www.blogger.com သို့ ပြန်ရောက်သွားပါလိမ့်မည်။ Blogger Interface အားလေ့လာခြင်း Blog လေးတစ်ခု ဖန်တီးလိုက်တယ်။ Post လေးတွေရေးတင်တယ်။ လိုအပ်ရင် ရေးထားတဲ့ Post တွေကို ပြန်ပြင်မယ်။ Post အသစ်တွေထပ်တင်ကြတယ်။ ဒါတွေက Blog နှင့်ဆိုင်တဲ့ သာမာန်လုပ်ရိုးလုပ်စဉ်တွေပါ။ သာမန်ထက်ပိုတဲ့ နည်းလမ်းတွေသုံးပြီး မိမိ Blog ကို ထူးထူးခြားခြားလေး ဖြစ်အောင် ပြင်ဆင်ကြချင်တယ်။

Blogger interface ကို နားလည်ထားဖို့လိုပါလိမ့်မယ်။ Posting Tab Posting tab အောက်မှာ Create၊ Edit post အစရှိသဖြင့် အခွဲတွေပါတယ်။ Post အသစ်များတင်ခြင်း၊ တင်ပြီးသား Post တွေကို ပြင်ဆင်ဖြည့်စွက်ခြင်းများကို ဒီ Posting tab အောက်မှာ လုပ်ဆောင်နိုင်ကြတယ်။


Setting Tab Setting Tab အောက်မှာ Basic၊ Publishing၊ Formatting အစရှိသဖြင့် အခွဲတွေရှိပါတယ်။ Blog title ပြောင်းခြင်း၊ Comment ပိတ်ခြင်း၊ Email ဖြင့် post လှမ်းတင်နိုင်အောင် စီစဉ်ခြင်းများ အပါအဝင် စီမံခန့်ခွဲခြင်းလုပ်ငန်းစဉ် အတော်များများကို ဒီ Setting tab အောက်မှာ လုပ်ဆောင်နိုင်ကြပါတယ်။


Layout Tab Layout tab အောက်မှာ Page Elements၊ Pick new template အစရှိသဖြင့် အခွဲတွေပါတယ်။ Template အသစ်ပြောင်းခြင်း၊ မိမိ Blog ရဲ့ အဆင်အပြင်ကို ပိုမိုကြည့်ကောင်းအောင် Page elements များ ထပ်တိုးဖြည့်စွက်ထည့်သွင်းခြင်းများကို ဒီ Layout tab အောက်မှာ လုပ်ဆောင်နိုင်ကြပါတယ်။


The Dashboard မိမိရဲ့ Blog မှာ Post အသစ်တွေထပ်တင်ချင်တာပဲဖြစ်ဖြစ်၊ တင်ပြီးသား Post တွေထဲက အချို့ပြန်ပြင်ချင်တာမျိုးတွေပဲဖြစ်ဖြစ်၊ ဖျက်ထုတ်ခြင်တာပဲဖြစ်ဖြစ်၊ အမြဲတမ်း Blogger homepage ဖြစ်တဲ့ (
www.blogger.com ) ထံသို့ ပြန်လာရပါမယ်။ ရောက်ပြီဆိုရင် Blog ဖန်တီးခဲ့စဉ်က အသုံးပြုခဲ့သော Email address နှင့် Password တို့ကိုပင် သုံးပြီး ပြန်လည် Sign in လုပ်ရပါမယ်။ Sign in ဝင်ရောက်မှု အောင်မြင်ပြီဆိုရင် Blogger Dashboard ဆိုတာကို မြင်ကြရပါမယ်။ Blogger Dashboard သည် Post အသစ်ထပ်တင်ခြင်း၊ ရှိပြီးသား Post ကို Edit လုပ်ခြင်းတို့အပါအဝင် Blog အားစီမံခန့်ခွဲမှု အလုပ်များကို အလွယ်တကူ လုပ်ဆောင်နိုင်ရန်များစွာ အထောက်အကူပေးပါတယ်။ New post နှင့် Manage post တို့သည် Dashboard ထဲမှ အသုံးပြုရမှုအများဆုံး Icon ၂ခုပင်ဖြစ်ပါတယ်။

မှတ်ချက်။ ။ Blog တစ်ခုကို ဖန်တီးခဲ့ဘူးသော Gmail Account နှင့် ပြန်ဝင်တိုင်းမှာ Blogger Dashboard ကိုမြင်ကြရပါမည်။ Post အသစ်များထပ်တင်ခြင်း ရှေ့ဘက်မှာဖော်ပြခဲ့သလို User name နှင့် Password တို့ကို ထည့်ပြီး Blogger မှာ Sign in လုပ်ပြီးတာနှင့် မိမိ Blog ကို အဓိက Control လုပ်ရာ Dashboard ဆိုတာကို တွေ့ကြရပါမယ်။


Post အသစ်တစ်ခု ထပ်တင်ရန်အတွက် အစိမ်းရောင်အပေါင်းသင်္ကေတလေးနှင့် New Post တွင့် Click တစ်ချက်နှိပ်ပါ။ Post တွေရေးသားနိုင်မည့် (Posting create page) ပေါ်လာပါမည်။ ရှေ့မှာတုန်းက Post အသစ်တစ်ခုစရေးစဉ်က အတိုင်းပင် Title နေရာတွင် စာခေါင်းစဉ် Post title နှင့် Text area ထဲတွင် ရေးလိုသောစသားများကို ရိုက်ထည့်ပါ။ စိတ်တိုင်းကျပြီဆိုရင် Publish post တွင် Click နှိပ်လိုက်ပါ။


ဒါဆိုရင် Post အသစ်ကို အောင်မြင်စွာ ထပ်တင်ပြိး ဖြစ်ပါလိမ့်မယ်။ မိမိ Bolg ကို ဖွင့်ကြည့်လျင် အရင်တင်ခဲ့သည့် Post များနှင့်အတူ Post အသစ်များကိုပါ ယှဉ်တွဲမြင်ရပါလိမ့်မယ်။ တင်ပြီးသား Post များကို ပြန်လည်ဖြည့်စွက်ပြင်ဆင်ခြင်း မိမိတင်ထားခဲ့တဲ့ Post တွေကို ပြင်ချင်ရင် အချန်မရွေးပြန်လည် Edit လုပ်လို့ရပါတယ်။ သဘောက မကြိုက်တဲ့စာသားတွေကို ဖြုတ်ပစ်မယ်။ ထပ်ထည့်ဖို့လိုအပ်ရင် ထပ်ထည့်မယ်ပေါ့။ Dashboard ပေါ်မှ Manage Post ပေါ်တွင် Click နှိပ်လိုက်ပါ။


မိမိ၏ Blog မှာတင်ထားသမျသော Post တို့၏ Title များအားတန်းစီမြင်ရပါမယ်။ ပြန်လည် Edit လုပ်လိုသော Post Title နှင့် သက်ဆိုင်သော Edit ပေါ်တွင် Click နှိပ်လိုက်ပါ။ (Posting /Edit posts) Page သို့ရောက်သွားပြီး Post တွင်ပါ စာသားများကို မြင်ကြရပါမယ်။ ၄င်း Post title တစ်ခုစီဘေးမှ Edit တွင် Click တစ်ချက်နှိပ်ပါ။ Title ပဲဖြစ်စေ၊ Text area ထဲမှ စာသားများကိုဖြစ်စေ လိုသလို ပြောင်းလဲဖြည့်စွက်နိုင်ကြပါတယ်။ စိတ်တိုင်းကျပြီဆိုလျင် Publish post တွင် Click ပြန်နှိပ်ပေးရန်မမေ့ပါနှင့် ။


ဒီနေရာမှာ တင်ပြီးသား Post တွေထဲက အချို့ကို ပြင်ဆင် Edit လုပ်ခြင်းမဟုတ်ပဲ။ လုံးဝကို ဖျက်ထုတ်လည်း ရနိုင်ပါတယ်။ တန်းစီထားသော Post title များထဲမှ ဖျက်ထုတ်လိုသော Title နှင့် သက်ဆိုင်သော Delete ပေါ်တွင်Click နှိပ်လိုက်ပါ။ အမှန်တကယ် ဖျက်ထုတ်လိုခြင်း ဟုတ်မဟုတ်ဆိုတာကို Confrom လုပ်ပါလိမ့်မယ်။ Delete It တွင် Click နှိပ်ဖျက်လိုက်ပါ။ ဒါဆိုရင် ၄င်း Post ကို အပြီးအပိုင် ဖြတ်ထုတ်ပြီး ဖြစ်ပါလိမ့်မယ်။


Add formatting Text area ထဲမှာ ရှိနေသည့် စာသားတွေရဲ့ စာလုံးပုံစံ Font ပြောင်းခြင်း၊ Font အရွယ်အစားပြောင်းခြင်း၊ Blod လုပ်ခြင်း၊ အစရှိတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်ရန် Compose တွင် Formatting tools တစ်ခုပါရှိပါတယ်။ စာလုံးပုံစံ Font ပြောင်းခြင်း ရိုက်ထည့်ထားသည့် စာသားတွေထဲက အချို့ကို Font ပြောင်းချင်ရင် ပြောင်းချင်တဲ့ စာသားတွေကို အပြောရောင် High light ဖြစ်အောင် Mouse ဖြင့် Drag ဆွဲပြီး Select လုပ်ပါ။ ပြီးလျင် Font family ထဲက down arrow တွင် Click နှိပ်ပြီး Font တစ်မျိုးကို ရွေးချယ် Click နှိပ်ပါ။


ဒါဆိုရင် မိမိ Select လုပ်ခဲ့သော စာသားတွေရဲက စာလုံးပုံစံ Font ပြောင်းသွားပါလိမ့်မယ်။ စာလုံးအရွယ်အစားပြောင်းခြင်း Text area ထဲမှ စာလုံး အရွယ်အစားပြောင်းလိုသော စာသားများကို Mouse ဖြင့် High light ဖြစ်အောင် Select လုပ်ပါ။Font size icon ပေါ်တွင် Click နှိပ်ပြီး ကျလာမည့် List ထဲမှ နှစ်သက်ရာ အရွယ်အစား တခုခုပေါ်တွင် Click နှိပ်ရွေးချယ်ပါ။ Bold, Italic, Text color အချို့စာလုံးတွေကို Bold ပဲဖြစ်ဖြစ်၊ Italic ပဲဖြစ်ဖြစ်၊Text color အရောင်ပြောင်းချင်တာပဲ ဖြစ်ဖြစ်ပထမဦးဆုံး Drag ဆွဲပြီး လုပ်ရပါမယ်။

 Bold လုပ်ချင်ရင် “B” တွင် Click နှိပ်ပါ။ စာလုံးအထူများဖြင့် မြင်ရပါမယ်။ Italic လုပ်ချင်ရင် “I” တွင် Click နှိပ်ပါ။ စာလုံးစောင်းများ မြင်ရပါမယ်။ Text Color အရောင်ပြောင်းချင်ရင် Text box တွင် Click နှိပ်ပြီး နှစ်သက်ရာအရောင်ကို ရွေးချယ် Click နှိပ်လိုက်ပါ။ စာလုံးအရောင်ပြောင်းသွားပါမယ်။

Post တွင်းသို့ပုံများထည့်တင်ခြင်း ( Add Image) တစ်ခါတစ်လေကျတော့လည်း စာသားတွေချည်းပဲ တင်ထားတာထက်စာရင် အကြောင်းအရာနှင့် လိုက်ဖက်တဲ့ ပုံလေးတွေပါဆွဲပြီး တင်သည့် Post တွေဟာ လူအများအား ပိုမိုဆွဲဆောင်နိုင်စေပါတယ်။ အချို့က သူတို့ဖြတ်သန်းခဲ့ရတဲ့ ကာလတွေအတွင်း စုဆောင်းထားသည့် အမှတ်တရာ ပုံတွေကို မိမိနှင့် စိတ်ချင်းနီးသူတို့ ခံစားနိုင်အောင် မျဝေချင်သည့် ရည်ရွယ်ချက်တွေနှင့် ပုံတွေကို မှတ်တမ်းတင်သဘောမျိုး တင်ထားပေးတတ်သည်။


Add to Picture ပုံတွေကို ရှေ့မှာတုန်းကလို Post ထဲမှာ မဟုတ်ပဲ Page Element (widget) တွေအဖြစ်မိမိ Blog မှာထည့်ထားလို့ရပါတယ်။ Picture နေရာရှိ Add to Blog တွင် Click နှိပ်လိုက်ပါ။ Configure Image ပွင့်လာပါမည်။ Title နှင့် Caption တို့တွင် နှစ်သက်သလို စာသားများ ဖြည့်သွင်းပါ။


ထို့နောက် Browse တွင် နှိပ်ပြီး တင်လိုသော ပုံကို ရွေးချယ်ညှန်ပြပေးလိုက်ပါ။ Image နေရာတွင် ပုံပေါ်လာပြီဆိုရင် Save Change တွင် Click နှိပ်လိုက်ပါ။ မိမိမှာ Gmail Account တစ်ခုရှိပြီး၊ မြန်မာလိုစာစီနိုင်ရန်အတွက် ZawGyi Font ကိုလည်း Install ပြီးခဲ့ပြီဆိုရင် Blog တစ်ခုကို စတင်ဖန်တီး နိုင်ကြပါပြီ။ Blog တစ်ခုတည်ဆောက်ဖို့ရန် လုပ်ဆောင်ရမည့် အဆင့်များကို ဖော်ပြပါ ခေါင်းစဉ်များဖြင့် ဖော်ပြသွားပါမယ်။


Third-Party Page Elements (widgets) Poll တို့၊ Slide Show တို့အစရှီတဲ့ Blogger ထံမှ အဆင်သင့်ယူနိုင်တဲ့ Page element တွေအပြင်အခြား Website များထံမှ Page element တွေကို ယူထားပြီးတော့လည်း မိမိ Blog page ထဲမှာ ပေါင်းစပ်ထည့်သွင်းထားနိုင်ပါေ သးတယ်။ အဲဒီလို Blogger ထံမှ မဟုတ်ပဲ အခြား Website တစ်ခုခုထံမှ သီးခြားယူသုံးတဲ့ Element တွေကို Third- Party element တွေလို့ခေါ်ပါတယ်။


အခြားသူတို့ရဲ့ Blog စာမျက်နှာတွေမှာလည်း တွေ့ဖူးကောင်းတွေ့ဘူးကြပါလိမ့်မယ်။ နာရီလေးတွေ၊ ပြက္ခဒိန်လေးတွေ အစရှိသဖြင့်ပေါ့။ ဥပမာ အနေနှင့် Clock widget လေး တစ်ခုလောက်ထည့်ကြည့်လိုက်ကြရအောင်။ Third-party element တွေထည့်မယ်ဆိုရင် လုပ်ရမယ့် အပိုင်းက နှစ်ပိုင်းရှိတယ်။ ပထမအပိုင်းက မိမိ Blog ထဲထည့်ထားလိုတဲ့ အခြား Website မှ Element နှင့် ဆိုင်သော HTML tag တွေကို Copy မှ ကူးယူရမယ်။ ပြီးမှ မိမိ Blog ထဲမှာ Paste လုပ်ယူရမယ်။


နာရီပုံ HTML widget ရယူရန်အတွက်
www.clocklink.com သို့သွားပါ။ ထို့နောက် Go to Gallery တွင် Click နှိပ်လိုက်ပါ။ နာရီပုံသဏ္ဍန်ဒီဇိုင်းမျိုးစုံတို့ရှီရာ Clock Gallery ထဲသို့ ရောက်သွားပါမယ်။ မှတ်ချက်။ ။ Clock link မှ မဟုတ်ပါဘူး။ အင်တာနက်ပေါ်မှ အခြေားသော Clock widget site တွေများစွာရှိပါသေးတယ်။ Google သို့သွားရောက်ပြီး Clock widget လို့ ထည်သွင်းရှာဖွေကြည့်ပါ။ ရလာတဲ့ အထဲကမှ ကိုယ်လိုအပ်ချက်နှင့် ကိုက်ညီနိုင်မည့် Link များသို့ သွားရောက်ပြီး စမ်းသပ်အသုံးပြုကြည့်ကြပါ။

မိမိနှစ်သက်ရာ နာရီပုံ တခုကိုရွေးပါ။ ရပြီဆိုရင် ထိုနာရီနှင့် သက်ဆိုင်ရာ View Html Tag ပေါ်တွင် Click နှိပ်လိုက်ပါက နာရီပုံပါ Pop-up windows တစ်ခုပွင့်လာပါမည်။ Time Zone နေရာတွင် မိမိဒေသစံတော်ချိန်ကို ရွေးပေးပါ။ ဥပမာ- မြန်မာနိုင်ငံအတွက်ဆိုလျင် (GMT +6:30) ဖြစ်ပါတယ်။ လိုအပ်ပါက နာရီအရွယ်အစား အကြီးအသေးကို Size နေရာတွင် ရွေးချယ်ပြောင်းလဲနိုင်ပါတယ်။ (130*130) နာရီနှင့်ပတ်သက်ပြီး စိတ်တိုင်းကျပြင်ဆင်ပြီးပြီဆို လျင် အပေါ်ကွက်လပ်ထဲရှိ Code များအားလုံးကို Copy ကူးယူရပါမယ်။ စာသားများကို Select မှတ်ပြီးညာဘက် Click တစ်ချက်နှိပ်လိုက်ပါ။ ကျလာမည့် Menu ထဲရှိ Copy တွင် နှိပ်ပြီး ကူးယယူလိုက် ရပါမယ်။


Post ထဲမှာ ပုံတွေထည့်ရန်အတွက်က ဘာမှမခက်ခဲပါဘူး။ Blogger မှာပုံတွေကို အလွယ်တကူ ထည့်သွင်းနိုင်တဲ့ Add Image လို့ခေါ်တဲ့ Tools တစ်ခုပါ၇ှိပြီးသား ဖြစ်ပါတယ်။ အရေးကြီးတာက ဘယ်ပုံကို တင်မှာလဲ။ မိမိကွန်ပျူတာထဲက ဘယ်နေရာ (ဥပမာ-Desktop ပေါ်မှာလား၊ My Doc**ent ထဲမှာလား) ဘယ်မှာရှိနေသလဲဆိုတာလောက်ကိုတော့  သိနှင့်ပြီးသားဖြစ်ဖို့လိုပါတယ်။ 1. Compose bar ပေါ်ရှိ Formatting toolbar ထဲမှ Add image တွင် Click နှိပ်လိုက်ပါ။ Upload window တစ်ခုပွင့်လာပါမည်။


2. ပထမဦးစွာတင်ချင်သည့် ပုံကို ရွေးချယ်ညှန်ပြပေးရပါမယ်။ Browse တွင် Click နှိပ်ပါက “File upload” box ပျောက်သွားပြီး မှုလ Upload window ရှိ Browse နေရာတွင် မိမိရွေးချယ်ခဲ့သောပုံ File အမည်ကို မြင်ကြရပါမယ်။ ယခုအဆင့်ထိသည် ပုံကို အမှန်တကယ် Upload မလုပ်ရသေးပါ။ ဘယ်ပုံတင်မလဲဆိုတာကို ရွေးချယ်ညှန်ပြပြီးရုံရှိသေးတယ်ဆိုတာကို သတိပြုပါ။ မှတ်ချက်။ ။ တပြိုင်နက် ပုံငါးပုံအထိတင်နိုင်ပါတယ်။ အခြားပုံတွေထပ်တင်လိုပါက Add another image တွင် Click နှိပ်ပြီးထပ်မံရွေးချယ်နိုင်ြ ကပါတယ်။


3. နောက်တစ်ခါ ရွေးချယ်စရာက Layout နှင့် Image Size ဖြစ်ပါတယ်။ တင်ချင်တဲ့ပုံကို Right၊ Center၊ Left တို့ထဲက ဘယ်နေရာမှာ ထားချင်သလဲ။ တခုခုကို ရွေးချယ်နိုင်ပါတယ်။ ရွေးချယ်ပုံက သက်ဆိုင်ရာ Radio Button ပေါ်တွင် Click နှိပ်ရပါမယ်။ ထို့အတူ ပုံအရွယ်အစားကိုလည်း Small၊ Medium၊ Large တို့ထဲကမှ တခုခုရွေးချယ်နိုင်ပါတယ်။ အဆင်သင့်ဖြစ်ပြီဆိုရင် စတင် Upload လုပ်လို့ရပါပြီ။ Upload လုပ်ရန်အတွက် Blogger မှ ထုတ်ပြန်သော စည်းကမ်းချက်တွေပါတဲ့ ” Term of Services” ကိုလက်ခံသဘောတူရပါမယ်။ သည်အတွက် I Accept ဘေးရှိ Check Box ပေါ်တွင် အမှန်ခြစ်ပေါ်အောင် Click နှိပ်ရပါမယ်။ ပြီးလျင် Upload တွင် Click နှိပ်လိုက်ပါ။ မိမိရွေးချယ်ခဲ့သော ပုံကိုစတင် Upload လုပ်နေပါလိမ့်မယ်။


ပုံ၏ အရွယ်အစားနှင့် Internet Connection ပေါ်မှုတည်ပြီး အချိန်အနည်းငယ်ကြာပါလိမ့်မယ်။ Upload ပြီးပြီဆိုရင် Done ဆိုတဲ့စာလုံးပေါ်လာပါလိမ့်မယ်။ Done တွင် Click နှိပ်လိုက်ပါ။ Upload Window ပျောက်သွားပြီး Text area ထဲတွင် မိမိတင်ခဲ့သောပုံ မြင်ကြပါပါမယ်။ စိတ်တိုင်းကျပြီဆိုရင် Publish post တွင် Click နှိပ်၍ Post ကိုတင်နိုင်ကြပါပြီ။


မှတ်ချက်။ ။ Publish လုပ်ခဲ့ပြီဆိုရင် မိမိရဲ့ Blog ကိုဖွင့်ပြိး ပုံရဲ့အနေအထား ကောင်းရဲ့လား၊ ပုံအရွယ်အစား အလားတော်ဖြစ်ရဲ့လား အစရှိသဖြင့် ပြန်လည်စစ်ဆေး ကြည့်ရူသင့်ပါတယ်။ စိတ်တိုင်းမကျဘူးဆိုရင် ရှေ့မှာပြောပြသလို Post ထဲမှာရှိတဲ့ စာသားတွေကို ပြန်လည် Edit လုပ်သလိုမျိုး ပုံတွေကိုလည်းပြန်လည် လုပ်နိုင်ကြပါသေးတယ်။


 အခြား Blog များနှင့် ချိတ်ဆက်ခြင်း (Add Link) Link ဆိုတာက Webpage တခုကနေအခြား Webpage တခုခုဆီသို့ ကူးပြောင်းသွားနိုင်တဲ့ နေရာတွေ ဖြစ်ပါတယ်။ Link ဟုတ်မဟုတ်ဆိုတာကို အလွယ်တကူ ခွဲခြားသွားနိုင်တဲ့နည်းကတော့ Mouse Pointer ဖြင့်လိုက်ထောက်ကြည့်ပါ။ ပုံပဲဖြစ်ဖြစ်၊ စသားတွေပဲဖြစ်ဖြစ် မှားပုံကနေ၊ လက်ပုံပြောင်းတာမှန်သမျ သည် Link များပဲဖြစ်ပါတယ်။ လက်ပုံပေါ်လာတဲ့အချိန်မှာ Click နှိပ်ရင် လက်ရှိမြင်နေရတဲ့ Page ကနေ ချိတ်ဆက်ထားတဲ့ အခြား Page တစ်ခုသို့ ကူးပြောင်းသွားပါလိမ့်မယ်။ Blog ထဲမှာ မိမိရေးချင်ရာအပြင်အခြား Blog များ(သို့) Website များဆီသို့ ချိတ်ဆက်ထားတဲ့ Link တွေလည်း ထည့်ထားနိုင်ပါတယ်။ Link တွေကို ရည်ရွယ်ချက်အမျိုးမျိုးနှင့် ထည့်ကြတယ်။

အချို့က မိမိတင်သည့် Post နှင့် အကြောင်းအရာချင်းဆက်စပ်မှုရှိတဲ့ Post တွင်းပါ အကြောင်းအရာတွေကို ပိုမို အားကောင်းအောင် အထောက်အကူပေးနိုင်သော အခြားသူတဦးဦး၏ Blog (သို့) Webpage တစ်ခုခုကို Link လုပ်ထားလေ့ရှိပါတယ်။ အချို့ကျပြန်တော့လည်း မိတ်ဆွေအချင်းချင်း (သို့) ဦးတည်ချက်ခြင်းတူတဲ့ Blog တွေအချင်းချင်း အပြန်အလှန် Link များထည့်သွင်းခြင်းဖြင့် အုပ်စုဖွဲ့ ထားလေ့ရှိပါတယ်။ မိမိတို့အုပ်စုထဲက Blog တစ်ခုခုပေါက်သွားရင် တနည်းဆိုရရင် လူကြိုက်များလာပြီဆိုရင် အဲ့ဒီ Blog ထဲမှာ ညှန်ပြချိတ်ဆက်ထားတဲ့ အခြား Blog တွေပါ လူကြည့်ပိုများလာမယ်ပေါ့။


1. ပထမဦးစွာ မိမိ Link လုပ်လိုသော Blog (သို့) Webpage ကို ဖွင့်လိုက်ပါ။ ပွင့်လာပြီဆိုရင် ၄င်း Page ၏ URL လို့ခေါ်တဲ့ လိပ်စာကို Copy လုပ်လိုက်ပါ။


2. (Posting/Compose) Text area ထဲမှ Link လုပ်လိုသော စာသားများကို Mouse ဖြင့် Drag ဆွဲပြီး Select လုပ်ပါ။ စာသားများအပြာရောင် High light ဖြစ်လာပါမည်။ Select လုပ်ပြီးပြီဆို၇င် Tool bar ထဲမှ Add link ပေါ်တွင် Click တစ်ချက်နှိပ်လိုက်ပါ။


3. ကျလာမည့် Box ထဲရှိ URL နေရာတွင် Paste လုပ်လိုက်ပါ။ ရှေ့မိမိ Copy ယူထားခဲ့သည့် URL ပေါ်လာပါမည်။ Copy/Paste မလုပ်လိုလျင် ဒီနေရာမှာ ကိုယ်တိုင် ရိုက်ထည့်နိုင်ပါတယ်။ Typing အမှားမဖြစ်အောင်တော့ အထူးဂရုပြုရပါလိမ့်မယ်။ 4. Ok button တွင် Click နှိပ်လိုက်ပါက Select မှတ်ထားခဲ့သော စာသားများကို အပြာရောင် အောက်ခံလိုင်းဖြင့် မြင်ရပါမယ်။ သဘောက Link ဖြစ်သွားပြီဆိုတာကို ပြပါတယ်။


အဆင်သင့်ဖြစ်ပြီဆိုရင် Publish post တွင် Click နှိပ်ပြီး မိမိရဲ့ Post ကိုတင်လိုက်ပါ။ 5. Blog ထဲတွင် Post တက်လာတဲ့အခါ Link ပေါ်တွင် Click နှိပ်ပါက ချိတ်ဆက်ထားခဲ့သော Blog (သို့) Webpage ကိုမြင်ကြရပါမယ်။ 6. ထို Link ပေါ်တွင် Click နှိပ်ပါက ချိတ်ဆက်ထားသော name.blogspot.com ကိုမြင်ရပါမယ်။ Comments ပုံမှတ်အားဖြင့်ဆိုရင် Post တစ်ခုချင်းစီရဲ့အောက်မှာ Comment ဆိုတဲ့ Link တစ်ခုကို တွေ့ကြရပါမယ်။ Blog တို့တွင် Comment တို့ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါလှပါတယ်။ ရေးသူနှင့် ဖတ်သူတို့ အပြန်အလှန်ထိတွေ့စေနိုင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။


သဘောက Post တွင်ပါ အကြောင်း အရာနှင့် ပတ်သတ်ပြီး ဖတ်ရူသူတို့မှ ဝေဖန်ဆွေးနွေးခြင်း၊ ဖြည့်စွက်အကြံပေးခြင်းများကို Comment မှတဆင့်ဝင် ရောက်ရေးသားနိုင်ကြပါတယ်။ Writing Comment ပုံမှတ်အားဖြင့်ဆိုရင် Blog post တိုင်းမှာ Comment ဝင်ရေးနိုင်ကြပါတယ်။ အချို့တွေက Comment ရေးခွင့်ပိတ်ထားသည့် Post တို့မှာတော့ Comment ရေးလို့မရပါ။ အများစုမှာတော့ Google account တစ်ခုရှိရင် ဝင်ရေးနိုင်ကြပါတယ်။ ရေးပုံရေးနည်းကတော့ ရိုးရှင်း လွယ်ကူလှပါတယ်။ ရေးလိုတဲ့ Post အောက်မှာရှိသော Comment ပေါ်တွင် Click နှိပ်လိုက်ပါ။


ဒါဆိုရင် ဒီ Post နှင့်ပတ်သက်ပြီး၊ မိမိရှေ့ကရေးသားထားသော Comment များကို တန်းစီပြီးတွေ့ရပါမယ်။ ဘယ်သူတွေက ဘယ်လိုဝေဖန်ချက်ပြုထားသလဲဆိုတာ ကို ဖတ်ရူနိုင်ပါတယ်။ မိမိကိုယ်တိုင်လည်း Comment ဝင်ရေးချင်ရင် Leave Your Comment နေရာတွင် ရေးလိုသော စာသားများကို ရိုက်ထည့်ပါ။ ရေးပြီးပြီဆိုရင် Publish လုပ်ရပါမယ်။ User name နဲ့ Password တို့ကို ရိုက်ထည့်ပါ။ ထို့နောက် Publish Your Comment တွင့် Click နှိပ်လိုက်ပါ။


ဒါဆိုရင် Comment အရေအတွက် တခုထပ်တိုးသွားပြီး Comment List ထဲရောက်သွားပါမည်။ Stop Comments မိမိတင်တဲ့ Post တွေမှာ Comment ရေးတာမကြိုက်ရင် Comment Link မပါအောင်ဖြုတ်ထားလို့ရပါ တယ်။ အရေးကြီးတာက Post တစ်ခုချင်းစီကို ရွေးပြီးခွင့်ပြုမယ်၊ မပြုဘူး။ လုပ်ချင်တာလား၊ ဒါမှမဟုတ် တင်သမျ Post အားလုံးကို ရေးခွင့် မပြုချင်တာလားဆိုတာကို အရင်စဉ်းစားရမယ်။


ဒီအခြေအနေ ၂မျိုး ပေါ်မှုတည်ပြီး …..

1. Dashboard ပေါ်မှ Manage Settings တွင် Click နှိပ်ပါ။ Setting အောက်မှ Basic ထဲသို့ ရောက်သွားပါမယ်။ ဒီနေရာကို (Setting / Basic) Page လို့ ခေါ်ပါမယ်။

2. Setting အောက်မှ Comments တွင် ထပ်မံ Click နှိပ်ပါက (Setting/Comments) Page ထဲသို့ ရောက်သွားပါမယ်။ Who can Comment? နေရာတွင် ဘယ်သူတွေကိုပဲ ရေးခွင့်ပြုမယ်ဆိုတာ မျိုးကန့်သတ်နိုင်ကြပါတယ်။


Anyone ကို ရွေးမယ်ဆိုရင် Google account (Gmail) ရှိသူတွေသာ ရေးခွင့်ပြုမယ်ဆိုတာမျိုးဖြစ်ပါ တယ်။ Comment Default for Posts နေရာတွင် ပုံမှန်အားဖြင့် New posts have Comments ဖြစ်ပါတယ်။ သဘောက တင်သမျ Post တိုင်းမှာ Comment ပါပြီးသားဖြစ်ပါတယ်။ Comment မပါအောင် တခါတည်း ပိတ်ထားလိုလျင် New Posts Do Not Have Comments ကိုရွေးရပါမယ်။ စိတ်တိုင်းကျပြင်ဆင်ခဲ့ပြီးပါက Page ၏ အောက်ခြေတွင်ရှိသော “Save Settings” တွင် Click နှိပ်လိုက်ပါ။ Template Selection Dashboard ပေါ်မှ Layout ပေါ်တွင် Click နှိပ်ပြီးသွားမယ်ဆိုရင် Template Selection အောက်ကို ရောက်ပါတယ်။


ဒီနေရာက မိမိ Blog ရဲ့ ဒီဇိုင်း အဆင်အပြင်နှင့် ပတ်သက်ပြီး လိုသလို ပြုပြင်ပြောင်းလဲ နိုင်ကြပါတယ်။

 Pick a New Template Bloggerမှာအဆင်သင့်ယူသုံးနိုင်တဲ့Template ပေါင်းများစွာရှိပြီးသား ဖြစ်ပါတယ်။ တစ်ခုမကြိုက်ရင် အခြားတစ်ခု အချိန်မရွေးပြောင်းသုံးလို့ရပါ တယ်။ အခြား Template တစ်ခုသို့ ပြောင်းချင်ရင် Layout အောက်မှ Pick New Template တွင် Click နှိပ်ပါ။ အဆင်သင့် ယူသုံးနိုင်တဲ့ Template များကို မြင်ရပါမယ်။ ဒီနေရာကို (Layout/Pick New Template) လို့ ဆိုရပါမယ်။ အကြိုက်ဆုံး တစ်ခုကို ရွေးချယ်လိုက်ပါ။ ထို့နောက် Save Template တွင် Click နှိပ်ပါ။ မိမိ Blog ရဲ့ Template ကို ပြောင်းပေးသွားပါမည်။

View Blog တွင် Click နှိပ်ကြည့်နိုင်ပါသည်။ Page Elements (Widgets) Page Elements တွေဆိုတာက Webpage တို့ရဲ့ အဆင်တန်ဆာများပဲ ဖြစ်ပါတယ်။ ၄င်းတို့ကို ညီညှတ်မျတအောင် ပေါင်းဆပ်ဆင်ယင်နိုင်မည်ဆိုပါက Page ရဲ့ အဆင့်အတန်းအရည်အသွေးကို ပိုမိုပေါ်လွင်စေပါလိမ့်မယ်။ မိမိတို့ Blog ရဲ့ဒီဇိုင်း (Template) ကိုလည်း Page element တို့ ထပ်မံပေါင်း စပ်ထည့်သွင်းပြီး စိတ်ကြိုက်တန်ဆာဆင်ထားလို့ ရပါတယ်။


ပုံမှန်အားဖြင့် Blog တစ်ခုဖန်တီးပြီးတိုင်း Profile တို့ Active တို့ဆိုတဲ့ Page element တွေကတော့ အလိုအလျောက်ပါရှိပြီးသား ဖြစ်ပါတယ်။ အဲဒါတွေအပြင်၊ နာရီတို့၊ ပြက္ခဒိန်တို့။ မိမိမိတ်ဆွေတို့၏ Blog လိပ်စာများ အစရှိသည်တို့ကို Page element တွေအဖြစ် လိုသလို ထည့်သွင်းထားနိုင်ပါသေးတယ်။ Layout အောက်မှ Page elements တွင် Click တစ်ချက်နှိပ်လိုက်ပါ။ ဒီနေရာ ကို (Layout/Page element) လို့ဆိုပါမယ်။ ညာဘက်ခြမ်းကို သတိထားပြီးကြည့်ပါ။ Contributors နှင့် Blog Archive ဆိုပြီး Page elements နှစ်ခုကို တွေ့ရပါမယ်။


ထိုနှစ်ခုက Blog စတင် Create လုပ်စဉ်ကတည်းကိုက အလိုလျောက်ပါပြီးသား ဖြစ်ပါတယ်။ ကိုယ်စိတ်တိုင်းကျ Page Elements သစ်တွေထပ်ထည့်ချင်ရင် “ Add a page element” တွင် နှိပ်ပြိး ထပ်ထည့်နိုင်ကြပါတယ်။ မှတ်ချက်။ ။ မိမိရွေးခဲ့တဲ့ Template ပေါ်မှုတည်ပြီး Page element ထည့်နိုင်မယ့်နေရာတွေ အနည်းငယ် ကွဲပြားပါလိမ့်မယ်။ Add a Description Blog Title အောက်တွင် Description ထည့်လိုက ထည့်ထားနိုင်ပါတယ်။


Description ဆိုတာက မိမိရဲ့ Blog သည် စီးပွားရေး၊ လူမှုရေး၊ ဖျော်ဖြေရေး အစရှီသည်တို့ထဲက ဘယ်ကဏ္ဍပေါ်မှာ အခြေခံတည်ဆောက်ထားသလဲဆိုတာကို ဖတ်ရူ့သူများအား အလွယ်တကူသိစေနိုင်မည့် အချက်အလက် စကားလုံးများပဲ ဖြစ်ပါတယ်။ Dashboard ပေါ်မှ Manage Setting တွင်နှိပ်ပါ။ Setting အောက်မှ Basic ထဲသို့ ရောက်သွားပါမယ်။ ဒီနေရာကို (Setting / Basic) Page လို့ ခေါ်ပါမယ်။ Blog title ကိုပြင်လိုက ဒီနေရာတွင် ပြင်နိုင်ပါတယ်။


Description နေရာတွင် မိမိရေးလိုတဲ့ ကဏ္ဍကို ကိုယ်စားပြုမည့် စကားလုံးများကို ရိုက်ထည့်ပါ။ ပြီးလျင် Page ၏ အောက်ခြေတွင်ရှိသော Save Setting ကို Click နှိပ်ပါ။ “setting were saved successfully” ဆိုတာ ပေါ်လာပါမည်။ သဘောက မိမိဖြည့်စွက်ခဲ့သည့် အတိုင်း ထည့်သွင်းပြင်ဆင်ပြိးဖြစ်ကြောင်း ဖော်ပြခြင်းဖြစ်ပါသည်။ ဒါဆိုရင် Description ထည့်ပြီးသွားပြီ။ မိမိ Blog ကိုသွားကြည့်မယ်ဆိုရင် Blog title အောက်မှာက Description အဖြစ်ထည့်ခဲ့သော စာသားများကို မြင်ကြရပါမယ်။


Add a team Member Blog တစ်ခုတည်းကို လူအများစုပေါင်းရေးလို့ရတယ်။ သဘောက ကိုယ်တစ်ယောက်တည်း မဟုတ်ပဲ စိတ်ချရတဲ့ မိတ်ဆွေအပေါင်းအသင်းတွေကိုပါ မိမိ Blog မှာဝင်ရောက်ရေးသား Post တင်နိုင်အောင် လုပ်ထားလို့ရပါတယ်။ အားသာချက်ကတော့ တစ်ယောက်မအားတဲ့အခါ တစ်ယောက်ဝင် ရေးကြခြင်းဖြင့် မိမိ Blog သည် အမြဲတမ်း Update ဖြစ်နေမယ်ပေါ့။ အဲ့လိုဝင်ရေးနိုင်အောင် သူတို့သည် မိမိ Blog ရဲ့ Member ဖြစ်ကြရပါမယ်။ Member ဖြစ်အောင်လုပ်ဖို့ရန် အပိုင်း(၂)ပိုင်း ရှိပါတယ်။


ပထမဦးစွာ Blog ပိုင်ရှင်ဖြစ်တဲ့ မိမိကနေသူတို့ထံသို့ Email ဖြင့် Invite လုပ်ရပါမယ်။ ဒါက ကိုယ့်ဘက်က လုပ်ရမယ့်အပိုင်း။ ဟိုတစ်ဖက်က ဝင်ရောက်ရေးသားဖို့ရန် ဖိတ်ကြားခံရသူတွေ အနေနှင့်တော့ Invite လုပ်သည့် Email ရောက်လာပြီဆိုရင် ဖွင့်ဖတ်ပြီး Activate လုပ်ပေးရပါမယ်။ Activate လုပ်ပြီးတာနှင့် Member ဖြစ်သွားပြီး ဝင်ရောက်ရေးသားနိုင်ကြပါပြီရှင် ။


Invite လုပ်ခြင်း Member ဖြစ်အောင် Invite လုပ်ရန်အတွက် Setting အောက်မှ Permission တွင် Click တစ်ချက်နှိပ်လိုက်ပါ။ ဒီနေရာကို (Setting Permission) Page လို့ ဆိုရပါမယ်။ Permission အောက်ရှိBlog Author နေရာတွင် ဒီ Blog မှာ ဝင်ရေးသူ ဘယ်နှစ်ယောက်ရှိသလဲဆိုတာကို ဖြစ်ပါတယ်။ ယခုချိန်မှာတော့ Member မရှိသေးသည့် အတွက် မိမိ တဦးတည်း၏ အမည်ကိုသာ မြင်တွေ့ကြရပါဦးမယ်။


Invite လုပ်ရန်အတွက် Add Author တွင် Click တစ်ချက်နှိပ်ပါ။ ထို့နောက် Member အဖြစ် ဖိတ်ကြား လိုသော သူ၏ Email လိပ်စာကို Invite more people နေရာတွင် ရိုက်ထည့်လိုက်ပါ။ Invite တွင် Click နှိပ်လိုက်ပါက Blogger သည် ထည့်သွင်းပေးခဲ့သော Email လိပ်စာထံသို့ Activation Link တစ်ခုပါတဲ့ Email တစ်စောင်ပေးပို့ပါလိမ့်မယ်။ ထို့အတူ Permission အောက်တွင် Invite ခုပ်လိုက်သော Email လိပ်စာပေါ်လာပါမည်။ အကယ်၍ အကြောင်းတခုခုကြောင့် Invite မလုပ်လိုတော့ပါက Remove တွင် Click နှိပ်ပြီး ဖျက်ထုတ်နိုင်ကြပါတယ်။


Invite လုပ်ခြင်းကို လက်ခံခြင်း (Join a team Blog) ယခုဆက်လက်ပြီး Member အဖြစ်ဖိတ်ကြားခံရသူတွေဘက်က ဆက်လက်လုပ်ဆောင်ကြရမယ့် Activation အပိုင်းကို ဖော်ပြသွားပါမယ်။ Blog မှာ ဝင်ရောက်ရေးသားရန် ဖိတ်ကြားသော Email ထဲသို့ ဝင်လိုက်ပါက Invite လုပ်သော Email message ကိုတွေ့ရပါမယ်။ ၄င်း Message ကို ဖွင့်လိုက်ပါက အပြာရောင်စာသားများဖြင့် Activation Link တစ်ုခကိုတွေ့ရပါမယ်။ Member ဖြစ်အောင် Activate လုပ်ဖို့ရန် Link ပေါ်တွင် Click တစ်ချက်နှိပ်ပါ။ ဒါဆိုရင်
www.blogspot.com သို့ရောက်ရှိသွားပြီး Invite လုပ်ခြင်းကို လက်ခံသဘောတူကြောင်း အတည်ပြုပေးရပါမယ်။

Username နေရာတွင် Email Address နှင့် Password နေရာတွင် ၄င်း Email Address နှင့် သက်ဆိုင်သော Password တို့ကို ထည့်ပေးရပါမယ်။ Username နှင့် Password တို့ကို မှန်ကန်စွာ ဖြည့်စွက်ပြိးပါက Accept Invitation တွင် Click နှိပ်လိုက်ပါ။ ဒါဆိုရင် Team Member ဖြစ်သွားပြီး ၄င်း Blog တွင် ဝင်ရောက် ရေးသော Post တင်နိုင် ကြပါပြီ။ Manage team Member ဖိတ်ကြားချက်ကို လက်ခံ၍ Activate လုပ်ပြီး သူတို့သည် မိမိ Blog ရဲ့ Member များဖြစ်လာကြပါပြီ။ အဲဒီ Member ဖြစ်လာသူတွေသည် ပုံမှန Default အားဖြင့် မိမိ၏ Blog မှာ Post တွေကိုသာ ရေးတင်နိုင်ခွင့်ရှိ ကြပါတယ်။ အခြားဘာလုပ်ပိုင်ခွင့်မှ မရှိကြပါဘူး။


Blog ပိုင်ရှင်ဖြစ်တဲ့ မိမိကသာလျင် Blog အမည်ပြောင်းခြင်း၊ Template ပြောင်းခြင်း၊ Post တွေဖျက်ထုတ်ခြင်း အစရှိတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်ပါတယ်။ ဒါက အခြေခံသဘောကို ပြော တာပါ။ အကယ်၍ လိုအပ်ပါက Member ထဲမှ ယုံကြည်ရသူတစ်ဦးဦးကို မိမိရဲကလုပ်ပိုင်ခွင့်များအတို င်း ပေးအပ်ထားလို့လည်းရပါတယ်။ Setting အောက်မှ Permission တွင် Click နှိပ်ပြီး (Setting / Permission) သို့သွားလိုက်ကြရအောင်။


Permission အောက်တွင် ဒီ Blog မှာ ဝင်ရောက်ရေးသားနိုင်သူ Member ဘယ်နှစ်ယောက် ရှိသလဲဆိုတာကို တန်းစီဖော်ပြထားပါလိမ့်မယ်။ အဲ့ဒီ Member တွေထဲကမှ လုပ်ပိုင်ခွင့်တိုးမှင့်ပေးလို သော Member အမည်ဘေးမှ Grant Admin တွင် Click နှိပ်ပါ။ Admin အဆင့်ပေးပို့ရန် အတည်ပြုချက်တောင်းခံသော Box တစ်ခုမြင်ရပါမယ်။ “Grant Admin Privilege” တွင် Click နှိပ်လိုက်ပါ။ ဒါဆိုရင် ထိုသူသည် Post ရေးသားနိုင်ရုံသက်သက် မဟုတ်တော့ဘဲ Blog အားမိမိကဲ့သို့ စီမံခန့်ခွဲနိုင်ခွင့်ရှိသူ တစ်ဦး ဖြစ်သွားပါလိမ့်မယ်။


Add Poll Poll ဆိုတာက အကြောင်းအရာ အဖြစ်အပျက် တစ်ခုပေါ်မှာ လူအများ၏ သဘောထား အမြင်တွေကို သိရှိနိုင်အောင် ကောက်ယူသော စစ်တမ်းတစ်မျိုးပင် ဖြစ်ပါတယ်။ ဆိုရရင် စစ်တမ်း ထုတ်ချင်တဲ့ မေးခွန်း တစ်ခု ဖန်တီးမယ်။ ပြီးရင် သဘောထားအမြင်တွေကို ခြုံငုံမိနိုင်တဲ့ အဖြေလေးတွေပေးထားလိုက်မယ်။ လာရောက်ဖတ်ရူသူတွေက သူတို့ဆန္ဒရှိတဲ့ အဖြေကို ရွေးချယ်ဖြေကြားသွားခြင်းဖြင့် အများဆန္ဒ ဘယ်လိုရှိနိုင်မယ်ဆိုတာ သိနိုင်မယ်ပေါ့။

 Element သစ်တခုကို ထည့်သွင်းချင်တိုင်းမှာ “Add a page element” တွင် Click နှိပ်ကြရပါမယ်။ ဒါဆိုရင် မိမိ Blog မှာ ထပ်မံထည့်သွင်းနိုင်မည့် Element များပါဝင်တဲ့ Pop-up window တစ်ခုပွင့်လာပါ မည်။ အဲဒီအထဲကမှ ဆန္ဒရှိရာ Element ၏ Add to blog တွင် Click နှိပ်ပြီးထည့်သွင်းနိုင်ကြပါတယ် ။ Pop-up window ထဲက “ Poll ” Section နေရာရှိ Add to blog တွင် Click နှိပ်လိုက်ပါ။ အောက်ဖော်ပြပါ “Create Poll” Window ကို မြင်ကြရပါမယ်။
 ပြည့်စုံစွာ ဖြည့်စွက်ပြီးပြီဆိုရင် Save တွင် Click နှိပ်ရပါမယ်။ Pop-up window ပျောက်သွားပြီး မှုလ (Template/Page element) တွင် Element သစ်တစ်ခု တိုးလာတာကို တွေ့ကြရပါမယ်။ View Blog တွင် Click နှိပ်ကြည့်ပါက မိမိထည့်သွင်းခဲ့သော Poll ကို အောက်ပါအတိုင်း တွေ့ကြရပါမယ်။ Add Link List မိမိ Blog ကို ဝင်ရောက်ဖတ်ရူသူတို့အားကောင်းနှိုးရာရာ Website လေးတွေ၊ ဦးတည်ချက်တူလို့ ညှန်ပြချင်တဲ့ Blog တွေကို Link List အဖြစ်တန်းစီပြီး ထည့်ထားလို့ရပါတယ်။
 Element သစ်တခုကို ထည့်သွင်းချင်တိုင်းမှာ “Add a page element” တွင် Click နှိပ်ကြရမယ်။ Pop-up window ထဲက Link List နေရာရှိ Add to blog တွင် Click နှိပ်လိုက်ပါ။ အောက်ဖော်ပြပါ “Configure Link List” Window ကိုမြင်ကြရမယ်။ ပြည့်စုံစွာ ဖြည့်စွက်ပြီးလျင် Add Link တွင် Click တစ်ချက်နှိပ်ပါ။ ဒါဆိုရင် Link တစ်ခုစာရင်းဝင်သွားပါပြီ။ URL နှင့် Name တို့တွင် ဖြည့်စွက်ပြီးနောက် Link များထပ်ထည့်ပါ။ ထည့်သွင်းလိုတဲ့ Link အရေအတွက် ပြည့်ပြီဆိုရင် Save Changes တွင် Click နှိပ်ပါ။ Pop-up window ပျောက်သွားပါလိမ့်မယ်။
 Pop-up window ပျောက်သွားပြီးမှုလ (Template Page element) တွင် Element အသစ်တစ်ခုထပ်တိုးလာပါမည်။ View Blog တွင် Click နှိပ်ကြည့်ပါက မိမိထည့်သွင်းခဲ့သော Link List ကို တွေ့ကြရပါမယ်။ ဒါဆိုရင် HTML Code တွေကို Copy ကူးပြိးသွားပြီ။ နောက်တဆင့် ဆက်ရန်အတွက် www.blogger.com ထဲ Login ဝင်ရောက်ပြီး Page Element သစ်တခုထည့်ရန် ပြင်ဆင်ကြရပါမယ်။ HTML Java Script နေရာရှိ Add to blog တွင် Click နှိပ်လိုက်ပါ။ Configure window ပွင့်လာပါမယ်။

Title တွင် နာရီနှင့် ပတ်သတ်၍ ပေးလိုသော အမည်ရိုက်ထည့်ပါ။ (ဥပမာ-မြန်မာစံတော်ချိန်) Content နေရာထဲတွင် ညာဘက် Click နှိပ်ပြီး Paste လုပ်လိုက်ပါ။ ဒါဆိုရင်
www.clocllink.com ကနေကူးလာတဲ့ HTML Code များ ဒီ Content ထဲမှာ ပေါ်လာပါမည်။ Save Changes တွင် Click နှိပ်ပါက စတင် Save လုပ်ပါလိမ့်မယ်။ ပြီးပြီဆိုရင် Page Element Added ဆိုပြီးပေါ်လာပါမည်။ View Blog တွင် Click နှိပ်ကြည့်ပါက Blog စာမျက်နှာတွင် နာရီကို မြင်ကြရပါမယ်။

Email ဖြင့် Post အသစ်များတင်ခြင်း Blogger ကို ရွေးချယ်မှုအတွက် ကျေနပ်နှစ်သက်မှုကို ပေးစွမ်းနိုင်မည့် ထူးခြားသည့် အပိုင်းကတော့ Email ဖြင့် Post လှမ်းတင်နိုင်ခြင်းပင် ဖြစ်ပါတယ်။ သာမန် Email ပို့ရိုးပို့စဉ်အတိုင်း ပို့ရုံဖြင့် Blog ထဲမှာ Post တစ်ခုတင်ပြီးသား ဖြစ်ပါလိမ့်မယ်။ ဆိုရရင် Email ပို့တဲ့အခါရေးသည့် Subject သည် Post Title ဖြစ်လာမည်။ Email Message တွင်ပါ စာသားတို့သည် Post တွင်းပါစာသားများ ဖြစ်လာပါလိမ့်မယ်။ အဓိကကျတာက To နေရာမှာ ထည့်သွင်းပေးပို့ရမယ့် Email Address ပင်ဖြစ်ပါတယ်။


၎င်း Email လိပ်စာကိုရရှိဖို့ရန် Blogger မှာ Login ဝင်ရောက်ပြိး ဖန်တီး ယူရမယ်။ ပြီးရင် လျို့ဝှက်ထားရမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်သူပဲပို့ပို့ အဲဒီလျို့ဝှက်လိပ်စာဆီပို့လို က်ပြီဆိုတာနှင့် Blog ထဲမှ Post တစ်ခုအနေနှင့် တက်လာတော့မှာ ဖြစ်သည့်အတွက် ထိုလိပ်စာကို လုံးဝ လျို့ဝှက်ထားရပါမယ်။ ပထမ အဆင့်အနေနှင့် လျို့ဝှက်လိပ်စာ (Secret Email Address) ရရှိအောင်လုပ်ဆောင်ပုံ အဆင့်ဆင့်ကို ကြည့်ကြရအောင်။ ပြီးမှ Gmail ဖွင့်ပြီး ၄င်းလျို့ဝှက် လိပ်စာထံသို့ Email တစ်စောင်ရေးပို့ပြီး Post လှမ်းတင်ပုံကို ဆက်လက် ပြောပြသွားပါမယ်။


1.
www.blogger.com ထဲသို့ Login ဝင်ရောက်ခဲ့ပြီးပြီဆိုရင် Setting tab အောက်တွင်ရှိသော Email ထဲသို့သွားလိုက်ရအောင်။ ဒီနေရာကို (Setting/Email) Page လို့ခေါ်လိုက်ကျရအောင်။

2. Blog Send Address နေရာတွင် မိမိရဲ့ Email လိပ်စာကိုထည့်သွင်းပေးလိုက်ပါ။ Mail-to-Blog Address နေရာတွင် လျို့ဝှက်လိပ်စာအတွက် မိမိအသုံးပြုလိုတဲ့ စာလုံးများကို ထည့်ပေးရပါမယ်။ လျို့ဝှက် Email လိပ်စာသည် အောက်ဖော်ပြပါ ပုံစံအတိုင်းဖြစ်သည်။ ------@blogger.com လိပ်စာမှ -----ပြထားသော နေရာများသည် ကိုယ်ထည့်ရမည့် အပိုင်းပင် ဖြစ်ပါတယ်။ ရှေ့ကဆိုခဲ့သလိုပင် လျို့ဝှက်လိပ်စာဖြစ်ရမှာ ဖြစ်သည့်အတွက် အခြားသူများခန့် မှန်းလို့ မရနိုင်စေမည့် စာလုံးများသာ ဖြစ်သင့်ပါတယ်။ အနည်းဆုံး ၄-လုံးဖြည့်သွင်း ကြရပါမယ်။ ဥပမာ-ပုံအရ လျို့ဝှက်စာသည် username@blogger.com ဖြစ်လာပါမည်။


3. Save Setting တွင် Click တစ်ချက်နှိပ်လိုက်ပါ။ Secretemail Adddress တစ်ခုတည်ဆောက်ခြင်း ပြီးဆုံးသွားပါပြီ။ ဒါဆိုရင် ဒုတိယအဆင့်ဖြစ်တဲ့ Email မှတဆင့် Post လှမ်းရေးဖို့ရန် အဆင်သင့် ဖြစ်ပါပြီ။ Email ဖွင့်ပြီး Post တစ်ခုလောက်ရေးတင်ပုံကို ကြည့်လိုက်ရအောင်……..


1. To နေရာတွင် လျို့ဝှက်လိပ်စာကို ထည့်သွင်းပါ။


2. Subject နေရာတွင် ရေးခဲ့သော စာသားများသည် Post title ဖြစ်လာလိမ့်မည်။ 3. Email Message ၏ Body ထဲတွင် ရေးသားသော စာများသည် Post တွင်ပါ စာသားများ ဖြစ်လာပါလိမ့်မယ်။


ရေးလိုသမျ ရေးပြီးပြီဆိုရင် နောက်မှ စာနောက်ဆုံးမှာ #end ဆိုတာလေးကိုထည့်ပေးလိုက်ပါ။ ဒီနေရာအထိပဲဆိုတဲ့ သဘောဖြစ်ပါတယ်။ အချို့ Email Program တွေမှာ ကိုယ်ရေးတာအပြင် “No Virus Found” ဆိုတဲ့ စာသားတွေ၊ ကြော်ငြာတွေအလိုလိုပါသွား တတ်ပါတယ်။ အဲ့ဒါတွေမပါအောင် #end ကိုထည့်ရခြင်း ဖြစ်ပါတယ်။ စိတ်တိုင်းကျပြီဆိုလျင် Send တွင် Click နှိပ်ပြီးပို့လိုက်ပါ။ ခဏအကြာ Blog ထဲမှာ Post သစ်တခုတိုးလာပါလိမ့်မယ်။


Blog ရေးနည်း Blog တို့သည် Website များကဲ့သို့ပင် ဖြစ်ပါသည်။ ဆိုရရင် Website များမှာကဲ့သို့ Blog တစ်ခုမှာလည်း အခြားမည်သည့် Blog တို့နှင့် မတူနိုင်တဲ့ ကိုယ်ပိုင်လိပ်စာ ( URL) တစ်ခုစီရှိကြပါတယ်။ Page တစ်ခုကနေ အခြား Page တစ်ခုကို ကူးပြောင်းကြည့်ရူနိုင်တဲ့ Hyperlink တွေပါရှိကြတယ်။ ဒါက အခြေခံ အကျဆုံး တူညီချက်တွေကို ပြောတာပါ။ သဘောတရားအားဖြင့် အနည်းငယ်ကွဲလွဲမှုလေးတွေတော့ ရှိပါတယ်။


အဓိကအားဖြင့် Website တို့တွင် ရေးသားဖော်ပြထားသော အကြောင်းအရာတို့နှင့် ပတ်သက်ပြီး ဝင်ရောက်ဖတ်ရူ့သူများအနေနှင့် ပါဝင်ဆွေးနွေးခွင့်မရှိပါဘူး။ ဝင်ရောက်ဖတ်ရူနိုင်ရုံသက်သက် ဖြစ်ပါတယ်။ သို့သော် Blog တွင် ပါဝင်ရေးသားချက်များပေါ်မှာ စိတ်ဝင်စားရင် ဖတ်ရူသူတို့ ကိုယ်တိုင် ဝေဖန်ဆွေးနွေး Comment ဝင်ရေးလို့ ရနိုင်ပါတယ်။ သိလိုသမျကိုလည်း မေးမြန်းနိုင်ကြပါတယ်။ C-Box C-Box ဆိုတာက Blog Page အတော်များများမှာ တွေ့ရလေ့ရှိတဲ့ စကားပြောခန်း (Chat room) လေးများပဲ ဖြစ်ပါတယ်။


အဲဒီ C-Box ထဲမှာ Post တွင်းပါ အကြောင်းအရာတို့နှင့် ပတ်သက်ပြီး လွယ်လွယ်ကူကူ ဆွေးနွေးမေးမြန်းနိုင်ကြသလို Blog ကိုလာရောက်လည်ပတ်သူတွေ အချင်းချင်းလည်း နှစ်သက်ရာ အကြောင်းအရာကို ခေါင်းစဉ်တင် ဆွေးနွေးနိုင်ကြသည်။ သဘောက Blog ပိုင်ရှင်နှင့် ဝင်ရောက်ဖတ်ရူသူတို့အလွယ်တကူ ထိတွေ့ ဆက်ဆံနိုင်တဲ့ နေရာလေးပင် ဖြစ်ပါတယ်။ မိမိရဲ့ Blog မှာလည်း C-Box ထားချင်ရင် အခကြေးငွေကုန်ကျမှုမရှိဘဲ ထည့်သွင်းထားနိုင်ပါတယ်။ Blog ထဲမှာ C-box ထည့်ခြင်းကို အောက်ဖော်ပြပါအတိုင်း ၃ပိုင်းခွဲ၍ ဖော်ပြသွားပါမယ်။


1) Create an C-Box Account 2) Configuring C-Box 3) Add to Blog Create an C-Box Account C-Box ထံမှ Account တစ်ခုရရှိရန် ထုံးစံအတိုင်း ပထမဦးစွာ Registration လုပ်ရမယ်။ ပြီးရင် Email မှတဆင့် Activative လုပ်ကြရပါမယ်။


1.
www.Cbox.ws သို့သွားပါ။ ရောက်ပြီဆိုရင် Account သစ်တစ်ခုစဆောက်ရန် Signup တွင် Click နှိပ်လိုက်ပါ။

2. Username၊ Password အပါအဝင် Email Address တို့ကိုဖြည့်ပြီး Register လုပ်ရပါမယ်။ ပြည့်စုံစွာ ဖြည့်စွက်ပြီးလျင် Finish တွင် Click တစ်ချက်နှိပ်လိုက်ပါ။ ဒါဆိုရင် Registration လုပ်ခြင်း ပြီးဆုံးသွားပြိး မိမိထည့်သွင်းပေးခဲ့သော Email လိပ်စာတွင်းသို့ C-Box မှ Mail တစ်စောင်ပို့ထားပါလိမ့်မယ်။


3. C-Box တွင် Register လုပ်စဉ်အခါတုန်းက ပေးခဲ့သော Email အတွင်းသို့ Login ဝင်လိုက်ပါက C-Box မှပို့ထားသော Message အားတွေ့ရပါမယ်။ ၄င်း Mail Message အားဖွင့်ဖတ်လိုက်ပါ။


4. ပွင့်လာသော Mail Message ထဲတွင်
www.cbox.ws သို့ဝင်ရောက်တဲ့အခါ အသုံးပြုနိုင်မည့် Username နှင့် Password တို့ကို တွေ့ရပါမယ်။ လိုအပ်ပါက ကူးယူမှတ်ထားလိုက်ပါ။ ထို့နောက် အပြာ ရောင် Activation Link ပေါ်တွင် Click တစ်ချက်နှိပ်လိုက်ပါ။ သီးခြား Window တစ်ခုပွင့်လာပြီး www.cbox.ws သို့ ပြန်ရောက်သွားပါမယ်။ 5. Activation လုပ်ရန်အတွက် Username နှင့် Password ကိုဖြည့်ပြီး Login ဝင်ရပါမယ်။ (Username က ဖြည့်ပြီးသားဖြစ်ပါလိမ့်မယ်)။ Password ဖြည့်ပြီး Login တွင် click နှိပ်လိုက်ပါ။

ဒါဆိုရင်
www.cbox.ws သို့ Login ဝင်ရောက်သွားပြီး Activaiton လုပ်ခြင်းပြီးဆုံးပြီဖြစ်ပါတယ်။ Configuring you C-Box C-box တွင် Login ဝင်ရောက်ခဲ့ပြီးပြီဆိုရင် လိုအပ်သလို Setting အချို့ကို ပြင်ဆင်နိုင်ကြပါပြီ။ အထူးသဖြင့် C-Box အရွယ်အစား၊ စာလုံးအရောင် အစရှိသဖြင့်ပေါ့။ စိတ်တိုင်းကျပြီဆိုမှ နာရီတွေ၊ ပြက္ခဒိန်တွေထည်သလိုပင် HTML Code များအား Copy ကူးယူပြီး မိမိ Blog ထဲသွားထည့်ကြရပါမယ်။

1. C-Box အတွင်းဝင်ရောက်ပြိးပြီဆိုလျင် မိမိရောက်ရှိနေသော နေရာသည် Admin အောက်မှာ My Account ဆိုတဲ့ နေရာဖြစ်ပါတယ်။ (Page ၏ ဘယ်ဘက် Quick Setup၊ Option အစရှိသည်တို့ထဲမှ My Account သည် High Light ဖြစ်နေပါမည်)။ C-Box Options တွင် Click နှိပ်လိုက်ပါ။


2. Options ထဲတွင် C-Box ရဲ့ အရွယ်အစားကို လိုသလို မြင်နိုင်ပါတယ်။ မှုလ အရွယ်အစားက 160*380 px ဖြစ်ပါတယ်။


3. အကယ်၍များ 200*400 px လို့များ ပြောင်းလိုက်ရင် C-Box သည် ဘေးဘက်ပိုကျယ်လာမယ်။ အပေါ်အောက် ရှည်လာမယ်ပေါ့။ တစ်ခုခုပြင်ခဲ့တယ်ဆိုရင် အရေးကြီးတာက Save တွင် Click နှိပ်ရပါမယ်။ မှတ်ချက်။ ။ စာလုံးအရောင်အရွယ်အစားတွေကို ပြောင်းလိုလျင် Colours & Fonts တွင် Click နှိပ်သွားရောက်ပြီး လိုသလိုပြင်ဆင်နိုင်ပါတယ်။

 နောက်တခါ Smiles ထဲမှာဆိုရင် Keyboard ကနေဘယ်သေင်္ကတတွေတွဲရိုက်ပါက C-Box ထဲမှာ ဘယ်လိုပုံ (Gesture) လေးတွေပေါ်မယ်ဆိုတာ မျိုးသွားရောက်လေ့လာ ထားနိုင်ကြပါတယ်။ C-Box အတွင်းရေးသားထားသော Message များအား ဖျက်ထုတ်ခြင်း၊ ဘယ်သူတွေကိုတော့ ဝင်ရောက် ရေးသားခွင့် မပြုဆိုတာမျိုးတွေ ကန့်သတ်လိုပါက Message Blocked user တို့ထဲမှာ လုပ်ဆောင် နိုင်ကြပါတယ်။ ယခုအဆင့်တင် မလိုအပ်သေးပါ။

4. စိတ်တိုင်းကျပြင်ဆင်ခဲ့ပြီးပြီ ဆိုရင် မိမိ Blog တွင် ထည့်သွင်းရန်အတွက် HTML Code များကို Copy ကူးယူရပါမယ်။ Quick setup တွင် Click နှိပ်လိုက်ပါ။ မိမိရဲ့ C-Box အတွက် HTML Code များမြင်ကြရ ပါမယ်။ 5. “Copy to Clipboard” တွင် Click နှိပ်လိုက်ပါက ၄င်း Code များအားလုံးကို Copy ကူးယူပြီးသွားပါပြိ။ တစ်နေရာတွင် Paste (Ctrl+v) လုပ်နိုင်ပြီဖြစ်ကြောင်း ဖော်ပြသော Message ပါသည့် Box ကျလာပါမည်။ OK တွင် နှိပ်ပြိး ပိတ်လိုက်ပါ။

 Add to Blog C-Box အတွက် HTML Code တွေ Copy ကူးခဲ့ပြိးလျင် ရှေ့က နာရီ၊ ပြက္ခဒိန်တို့ ထည့်သလိုပင် Blog Page Element တစ်ခုအဖြစ် Paste လုပ်ပြီးထည့်ကြရုံ ဖြစ်ပါတယ်။ HTML Java Script နေရာရှိ Add to Blog တွင် Click နှိပ်လိုက်ပါ။ Configure Window ပွင့်လာပါမည်။ Title နေရာတွင် ပေးလိုသော အမည်ထည့်ပါ။ ဥပမာ-မှာချင်တာလေးတွေရှိရင်မှာ ခဲ့ပါ။ Content ထဲတွင် Cursor ချပြီး (Ctrl+V) တွဲနှိပ်ပါ (သို့) Content နေရာထဲတွင် ညာဘက် Click နှိပ်ပြီး Paste လုပ်လိုက်ပါ။ ကူးလာတဲ့ HTML Code များ ဒီနေရာတွင် ပေါ်လာမည်။ Save Changes တွင် Click နှိပ်ပြီး Save လုပ်လိုက်ပါ။ View Blog တွင် Click နှိပ်ကြည့်ပါက Blog စာမျက်နှာတွင် C-Box ကို မြင်ကြရပါမယ်။

ဒါဆိုရင် Blog တွင်းသို့ (C-Box) လို့ခေါ်တဲ့ စကားပြောခန်း (Chat Room) လေးတစ်ခု ထည့်သွင်းပြီးသွားပါပြီ။ Manage Page Element မိမိရဲ့ Blog မှာ ထည့်သွင်းထားသည့် Page Element တွေထဲက ဘယ်ဟာတွေကိုတော့ အပေါ်ကထားမယ်။ ဘယ် Element တွေကိုတော့ အောက်မှာထားမယ် အစရှိသဖြင့် လိုသလို နေရာချ လို့ရပါတယ်။ “ဥပမာ-ကဗျာရေးလေ့ရှိပါသလား” လို့ အမည်ပေးထားသည့် “Poll Element” ကို အပေါ်ဆုံးမှာ ထားလိုတယ်ဆိုပါစို့။ Mouse Pointer ကို ထို Poll Element ပေါ်ရှေ့လိုက်ပါ။ Cursor သည် Drag ဆိုတဲ့ ဖိဆွဲလို့ရတဲ့ မှားပုံလေးထောင့်လေး ပြောင်းသွားပါမည်။


အဲဒီအချိန်မှာ Mouse ဖြင့် Drag ဆွဲပြီး လိုသည့်နေရာရောက်လျင် လှတ်လိုက်ပါ။ ဒါဆိုရင် ၄င်း Element သည် အပေါ်သို့ ရောက်သွားပါမည်။ စိတ်တိုင်းကျ ရှေ့ပြီးးလျင် Save တွင် Click နှိပ်ရန်မမေ့ပါနှင့်။ Edit (or) Delete Page Element မိမိထည့်သွင်းထားခဲ့သည့် Page Element တွေထဲက အချို့ကို ပြန်လည်ပြင်ဆင်ခြင်းသို့တည်းမဟု တ် မလိုအပ်တော့၍ ဖျက်ထုတ်ခြင်းများကို လိုအပ်သလို လုပ်ဆောင်နိုင်ကြပါတယ်။

 ပြန်လည် ပြင်ဆင်တည်းဖြတ်လိုသော Page Element ၏ Edit ပေါ်တွင် Click တစ်ချက်နှိပ်လိုက်ပါ။ Configure Window ပြန်ပွင့်လာပါလိမ့်မယ်။ ပြင်ဆင်လိုသည့် စာသားမျာကို ပြင်ဆင်နိုင်ပါပြီ။ အကယ်၍ များလုံးဝဖျက်ထုတ်လိုပါက Remove Page Element တွင် နှိပ်ပြီး ဖျက်ထုတ်နိုင်ကြပါတယ်။ Edit Header Header ဆိုတာဟာ Blog title နှင့် Description အဖြစ်ထည့်သွင်းထားသော စာသားများရှိရာ နေရာ ဖြစ်သည်။ Header ရှိ Edit တွင် Click နှိပ်လိုက်ပါ။ Configuration Window ပွင့်လာပါမည်။ ၄င်း Window ထဲတွင် Blog title နှင့် Description တို့ကို တွေ့ရပါမယ်။ ပြင်လိုက ပြင်နိုင်ပါတယ်။

ဒီနေရာမှာ Header ကို ထူးခြားအောင် လုပ်လို့ရတာက နောက်ခံနေရာမှာ မိမိနှစ်သက်ရာ ပုံကို ပြောင်း ထည့်ထားနိုင်ခြင်းဖြစ်ပါတယ်။ Browse တွင် Click နှိပ်ပြီး Header နောက်ခံထားလိုသည့် ပုံဖိုင်လ်ကို ရွေးပေးပါ။ စိတ်တိုင်းကျပြီဆိုရင် Save Changes တွင် Click နှိပ်ပြီး သိမ်းဆည်းလိုက်ပါ။ ဒါဆိုရင် Blog ကို ပြန်ကြည့်ပါက Header နေရာမှာ ရှေ့ကလို နောက်ခံပလိတ် မဟုတ်တော့ပဲ မိမိရွေးချယ်ထည့်သွင်းခဲ့တဲ့ ပုံနောက်ခံ ဖြစ်သွားပါလိမ့်မယ်။ Blogger ဖြင့် Blog ရေးရန်ဘာတွေလိုမလဲ ပုံမှန်အားဖြင့် Blog ရေးချင်တဲ့ Website မှာ Register အရင်လုပ်ရတယ်။ ပြီးမှစရေးလို့ရတယ်။


ဆိုရရင် Multiply မှာရေးချင်ရင်
www.multiply.com ကို သွား၊ ထုံးစံအတိုင်း Email လိပ်စာပေးပြီး Registe လုပ်၊ ပြီးရင် စရေးလို့ရပြီ Blogger မှာလည်း ယေဘုယျအားဖြင့် ထိုနည်းအတိုင်းပါပဲ။ သို့သော် မိမိမှာ Gmail Account တစ်ခုရှိရမယ်ဆိုရင်တော့ Blogger မှာ Register လုပ်စရာမလိုပဲ တန်းရေးလို့ရတယ်။ သဘောက Blogger သည် Google ကပေးတဲ့ Service Gmail သည်လည်း Google ကပေးတဲ့ Service ဖြစ်သည့်အတွက် Gmail Account ရှိသူတယောက်ဖြစ်ဖို့လိုပါသည်။ ၀ါသနာပါသူများ အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်စေလိုသောကြောင့်လည်းကောင်း၊
(မူရင်းရေးသားသူ၏ ရေးသာချက်လေး ပြန့်ပွားပြီး လူ အသိများစေလိုသောကြောင့် လည်းကောင်း ထပ်ဆင့်မျဝေလိုက်ပါသည်။ )

Huawei C8812 ROOT လုပ်နည်း၊ မြန်မာဖောင့်သွင်းနည်း

10:01:00 PM အမျိုးကောင်း သား 3 comments

Credits to အောင်ခိုင် မိုး
  • ကျွန်တော် ရှေ့မှာလည်း Huawei C8812 ကို ROOT လုပ်နည်း တင်ပေးပြီးသွားပါပြီ။ C-Box မှာ အစ်ကို တစ်ယောက်က အဆင်မပြေဘူးဆိုလို့ သီးသန့်ရေးပေးလိုက်ပါတယ်။ ခုနောက်ပိုင်း CDMA တွေအတွက် အသစ်ထုတ်လိုက်တဲ့ C8812 ကို လူတော်တော်များများ ကိုင်လာကြပါတယ်။ Android Version 4.0.3 ( ICS ) မို့လို့ တော်တော်များများကလည်း စိတ်ဝင်စားကြပါတယ်။ ခုကျွန်တော် ROOT လုပ်နည်းလေး တင်ပေးသွားပါ့မယ်။
  • အရင်ဆုံးတော့ C8812 ရဲ့ Driver ကို မိမိစက်မှာ သွင်းပေးထားဖို့ လိုပါတယ်။ မရှိတဲ့သူများအတွက် အောက်မှာ ကျွန်တော် တင်ပေးထားပါတယ်။ မိမိ Windows အလိုက် ဆွဲသွားကြပါ။
  • ပြီးရင် အောက်မှာ Root ဖိုင်လေးကို Download လုပ်လိုက်ပါ။
  •  ပြီးရင်တော့ အောက်ကအဆင့်တွေအတိုင်း လုပ်သွားလိုက်ပါ။
ROOT လုပ်နည်း 
  1. အဲ Zip ဖိုင်လေးကို Extra လုပ်လိုက်ပါ။ အဲထဲမှာ ပါလာတဲ့ Recovery.exe ဖိုင်လေးကို Run လိုက်ပါ။
  2. ပြီးလျှင် မိမိဖုန်းရဲ့ Setting ထဲက Application ထဲမှာ Fast Boot ကို Off လုပ်ထားပေးပါ။
  3. မိမိဖုန်းရဲ့ SD Card ထဲသို့ ခုနက Extra လုပ်ထားတဲ့ update.zip ဖိုင်လေးကို ထည့်လိုက်ပါ။
  4. မိမိဖုန်းကို Power ပိတ်လိုက်ပါ။ ပြီးလျှင် Volume Down + Power ကို 3 မိနစ်လောက် ဖိထားပါ။ Huawei Logo မှာရပ်နေပါမယ်။
  5. Logo မှာ ရပ်နေပါက ဖုန်းကို USB Cable ကြိုးဖြင့် ကွန်ပျုတာနှင့်ချိတ်လိုက်ပါ။
  6. ခုနက ကွန်ပျူတာမှာ Run ထားတဲ့ Recovery နေရာမှာ Space Bar နှိပ်သွားပါ။ Update လုပ်နေတာကို တွေ့ရပါမယ်။
  7. ပြီးလျှင် Battery ကို ဆွဲဖြုတ်လိုက်ပါ။ Volume Up + Power ကို ထပ်ပြီး တော့ ဖိထားပေးပါ။ Recovery Mode ထဲ ၀င်သွားပါမယ်။
  8. ပြီးလျှင် update.zip ဖိုင်လေးကို ရွေးပေးလိုက်ပါ။
  9. သူ့ကသူ လုပ်နေပါလိမ့်မယ်။ ပြီးသွားပြီဆိုရင်တော့ မိမိဖုန်းဟာ Root လုပ်ခြင်း အောင်မြင်သွားပါပြီ။
  •  မြန်မာဖောင့်သွင်းနည်း ( Credit to Myanmar Mobile User Club )
  •  မြန်မာဖောင့်သွင်းနည်းကို MMUC မှ ကိုသူရိန် ရေးထားတဲ့ ပို့စ်လေးကို တွေ့လို့ ပြန် Share လုပ်ပေးလိုက်ပါတယ်။ သွင်းဖို့အတွက် အောက်ကဖိုင်လေးကို Download လုပ်လိုက်ပါ။
  • ပြီးလျှင် မိမိဖုန်းထဲသို့ ထို apk ဖိုင်အား ထည့်ပြီး Install လုပ်လိုက်ပါ။ ပြီးလျှင် ဖွင့်လိုက်ပါ။ Check For Root Access ကို နှိပ်ပါ။ Superuser Permission တောင်းပါလိမ့်မယ်။ Allow လုပ်ပေးပါ။ ဒါဆို Installလုပ်လို့ရမယ့် ဖောင့်လေးတွေ ပေါ်လာပါမယ်။ မိမိနှစ်သက်တဲ့ ဖောင့်အမျိုးအစားကိုရွေးပြီး Install လုပ်လိုက်ပါ။ Sketch Font က ICS နဲ့ တော်တော်လှတယ်လို့ပြောပါတယ်။ ကိုယ်ကြိုက်တာကိုကိုယ် Install လုပ်ပါ။ Install ပြီးပါက Reboot လုပ်ခိုင်းပါမယ်။ လုပ်လိုက်ပါ။ ပြန်တက်လာလျှင်တော့ မြန်မာလို မြင်ရပြီဖြစ်ပါတယ်။
KEYBOARD သွင်းနည်း  
  • KEYBOARD သွင်းဖို့အတွက် အောက်မှာ Download လုပ်လိုက်ပါ။
  • ပြီးလျှင်  မိမိဖုန်းမှာ Install လုပ်လိုက်ပါ။ ဖုန်းရဲ့ Setting > Language & Input ကို သွားပါ။ MyanDroid Soft Keyboard ကို အမှန်ခြစ်ပေးလိုက်ပါ။ ဒါဆို မြန်မာလိုလည်း ရိုက်လို့ရပြီ ဖြစ်ပါတယ်။
Ref>>>> http://myanmarplay.com/

Saturday, November 24, 2012

Basic HTML.pdf file.pdf

I've shared an item with you.
Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Blogger များအတွက် HTML မိတ်ဆက်

1 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
HTML မိတ်ဆက်
ယနေ့အခါမှာ Internet ဟာအလွန်ကျယ်ပြန့်လာပြီး လူတိုင်းနီးပါးအသုံးပြုကြပေသည်။
ကျွန်တော်တို့တွေဟာလည်း Internet ပေါ်မှာ ကိုယ်ပိုင်နေရာများကို
ကိုယ်ပိုင် Homepage များကို အလွယ်တကူ
ယူဆောင်နိုင်လေပြီ။ Internet ဆိုတာကို အကျယ်ရှင်းမနေတော့ပါဘူး။
အလွယ်ရှင်းရရင်တော့ Internet ဆိုတာ
ကမ္ဘာ ပေါ်ရှိ နိုင်ငံအချင်းချင်း ချိတ်ဆက်ထားသော Network
ကွန်ယက်ကြီးတစ်ခုဖြစ်ပါသည်။ အဲဒီလို Information
တွေ ဖလှယ်ဖို့အတွက် Web Page တွေကို ရေးဆွဲရပါတယ်။ Web Page
ရေးဆွဲဖို့ရာအတွက် HTML ဟာ အဓိက
ကျပါတယ်။ ရေးသားထားတဲ့ Web Page တွေကို Web Browser Software နဲ့
ကြည့်ရှုရပါတယ်။ Web Broswer
Software တွေက Internet Explorer နဲ့ Firefox တို့က နာမည်ကြီးတွေပါ။
HTML History
1989 ခုက Tim Berners-Lee နဲ့ Rober Calliau ဟာ Research Documents
တွေကို ပိုမိုမြန်ဆန်ကောင်းမွန် မယ့်
နည်းလမ်းကို ရှာဖွေခ့ပဲါတယ်။ ၂ နှစ် လောက်ကြာတော့ Berners-Lee ဟာ
browser တွေက ကြည့်ရှုဖတ်သားနိုင်ပြီး
Tag များနှင့် ဖွဲ့စည်းတည်ဆောက်ထားတဲ့ နည်းပညာတစ်ခုကို ပြုလုပ်နိုင်ခ့ပဲ
ါတယ်။ ထို့နောက်အဲဒီ tage တွေထဲမှာ
Hyper-Link နဲ့ document အချင်းချင်းချိတ်ဆက်နိုင်တဲ့ tag
တွေပါထည့်သွင်းနိုင်ခ့ပဲါသည်။ Berners-Lee ရဲ့
နည်းပညာကို Hyber Text Markup Language ဆိုတဲ့ HTML ပါပဲ။
Tag ဆိုတာဘာလဲ
Tag ဆိုတာကတော့ ရိုးရိုး Text တွေနဲ့ HTML code တွေကို
ခွဲခြားလို့ရအောင်လုပ်ထားတာပါ။
ဘယ်လိုမျိုးလဲဆိုရင်တော့ <b>This is bold </b> ဆိုရင် web browser နဲ့
ကြည့်ရင် စာလုံးဟာ bold
ဖြစ်နေပါလိမ့်မယ်။ အဲဒီမှာ <b> နဲ့ </b> တို့ဟာ tag တွေပါ။ အများအားဖြင့်
tag တွေဟာ အဖွင့် နဲ့ အပိတ်ပါ
ပါတယ်။ အပိတ်ဆိုရင် / လေးခံထားပေးရပါတယ်။
HTML အတွက် Editor
HTML အတွက် Editor တွေ IDE တွေအများကြီးရှိပါတယ်။ ကျွန်တော်ကတော့
Dreamweaver အကြိုက်ဆုံးပါပဲ။
သူက HTML မတတ်ရင်တောင် Website တစ်ခုဆွဲလို့ရပါတယ်။ ဒါပေမယ့် Dreamweaver
ကိုသုံးရင်တော့ HTML
code တွေသိလာမှာ မဟုတ်သလို တခြား website တွေကို
ပြင်ရတာလည်းခက်ပါလိမ့်မယ်။ ကျွန်တော်တို့တွေ
သူများတွေပေးထားတဲ့ website template ကိုပြင်ချင်တယ်။
ကိုယ်ပိုင်သေသေချာချာ HTML code
တွေကိုသိချင်တယ်။ ဒါဆိုရင်တော့ လေ့လာကာစမှာ Notepad သုံးပြီးလေ့လာပါ။
လေ့ကျင့်ပါ။ HTML က web site
2 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
ဆွဲရတဲ့ အထမှဲာ အလွယ်ဆုံးနဲ့ အခြေခံအကျဆုံးပဲ။
သူ့ကိုသေသေချာချာနားလည်ထားမှ တခြား web
programming တွေဖြစ်တဲ့ PHP, ASP.NET , JSP , Ruy On Rail တို့မှာ
အထောက်အကူဖြစ်မှာပါ။
HTML ကိုလေ့လာမယ်
1.Starting To Creat and Edit Webpage
Notepad ဖြင့်စတင်ခြင်း
၁. Windows Key + R ကို နှိပ်လိုက်ပါ။ Run Dailog Box တက်လာပါမည်။
ထို့နောက် notepad လို့ရိုက်လိုက်ပါ။
ပြီးလျှင် OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင် notepad တက်လာပါလိမ့်မယ်။
၂. Notepad ထဲတွင် Format အောက်က word warp ကို check လုပ်ထားပါ ။
ဘာဖြစ်လို့လည်းဆိုရင်တော့ Word
Warp က Notepad မှာစာရိုက်တာ ပြည့်သွားရင် အောက်တစ်ကြောင်း
ဆင်းသွားရန်အတွက် ဖြစ်သည်။
HTML စတင်ရေးသားခြင်း
၁. Notepad ထဲတွင် အခုလိုရေးသားလိုက်ပါ။
3 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
<html>
<head>
<title>This is title</title>
</head>
<body>
This is body
</body>
</html>
HTML နဲ့ စပြီး HTML နဲ့ပြန်ပိတ်ရပါတယ်။ အဲဒီကြားမှာ html code
တွေရေးရပါတယ်။ Head Tag နဲ့ Head Tag အပိတ်ကြားတွင် Title
ထည့်ထားသည်ကို တွေ့ရမည်။ Title သည် Browser ၏ ထိပ် bar တွင်
တွေ့မြင်ရန်ဖြစ်သည်။ Body အဖွင့် နဲ့ အပိတ်ကြားမှာ မိမိ၏ နှစ်သက်ရာ
စာများရေးသားနိုင်သည် ။
၂. အဲဒါကို တနေရာ မှာ save သွင်းလိုက်ပါ။ Save Dialog box
တက်လာရင် filetype ကို All file လို့ပေးလိုက်ပါ။ file name ကို
firstrun.html လို့ပေးလိုက်ပါ။ firstrun သည်
မိမိ၏ နှစ်သက်ရာ နာမည်ပေးနိုင်သည်။ .html သည် file extension ဖြစ်သည်။
HTML ရေးထားသော page များကို
.html နှင့် .htm လို့ပေးမှသာ browser တွင် ပေါ်ပါလိမ့်မည်။
၃. Save သွင်းလိုက်သော file လမ်းကြောင်းကို သွားလိုက်ပါ ။ first.html file
လေးကို double click လုပ်ပြီး ဖွင့်လိုက်ပါ ။
ဒါဆို page လေးတစ်ခုတက်လာတာကို မြင်ရပါမယ်။
4 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
ထိပ်ပိုင်းတွင် File ပတ်လမ်းကြောင်းကို address bar
တွင်တွေ့ရမည်ဖြစ်သည်။ title tag ထဲတွင် ရေးထားသော This is tile
ဆိုသော စာကို Windos ၏ Title bar နှင့် Tab Title bar တို့တွင်
တွေ့ရမည်။ Body tag ထဲတွင် ရေးထားသော This is body ဆိုသော
စာသားကို စာမျက်နှာအဖြူပေါ်တွင် ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။
ပြင်မယ်ဆိုရင်တော့
IE7 မှာဆိုရင်
Page > View Source ကိုနှိပ်လိုက်ပါက Notepad နဲ့ ကိုယ်ရေးထားတဲ့ HTML
ပွင့်လာပါမယ်။
IE 6 မှာဆိုရင်
View > Source ကို နှိပ်လိုက်ပါက Notepad နဲ့ ကိုယ်ရေးထားတဲ့ HTML ပွင့်လာပါမယ်။
အဲဒီမှာ ရေးထားတဲ့ codeတွေကို ဖတ်နိုင်သလို ကိုယ့်စက်ထဲမှာရေးထားတဲ့
page ဆိုရင်တော့ ပြင်ပြီး တစ်ခါတည်း
save လုပ်နိုင်ပါတယ်။ Internet ပေါ်က Web site တွေကိုတော့ view > source
ကနေဖွင့်ပြင်ပြီး save
လုပ်လို့မရပါဘူး။
Header Tag
5 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
notepad ထဲမှာ ဒီလိုရိုက်လိုက်ပါ
<html>
<head>
<title>Example Of Header</title>
</head>
<body>
<h1>This is Header</h1>
This is normal text
</body>
</html>
အဲဒီ code လေးကို notepad ထဲမှာထည့်ရေး.. ပြီးတော့ run ကြည့်လိုက်ပါ။
အခုလိုမြင်ရပါလိမ့်မယ်။ Head Tag က
h1 ကနေ h6 အထိ ရှိပါတယ်။ နံပါတ်ကြီးလေလေ သေးသွားလေလေပဲ။ h6
ဆိုအသေးဆုံးကို ရောက်သွားပြီ။ ကဲ
လက်တွေ့ စမ်းကြည့်ရအောင်။ notepad ထဲမှာ အောက်ကလို ရိုက်ပြီး save
လုပ်လိုက်။ ပြီးရင် ဖွင့်ကြည့်လိုက်ရင်
တွေ့ရပါလိမ့်မယ်။
<html>
<head>
<title>Example</title>
</head>
<body>
6 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
<h1>H1</h1>
<h2>H2</h2>
<h3>H3</h3>
<h4>H4</h4>
<h5>H5</h5>
<h6>H6</h6>
</body>
</html>
အခုဆို html အကြောင်းနည်းနည်း နားလည်လာလောက်ပါပြီ။ တကယ်တန်းတော့
မခက်ပါဘူး။ ဒါကအစပဲ
ရှိပါသေးတယ်။ ဒီလောက်လေးနဲ့ ပင် စာတွေပဲပါတဲ့ page တစ်ခုရေးလို့ရနေပြီ။
ဒါပေမယ့် လိုအပ်တာတွေ
ရှိသေးတာပေါ့။ အခုဆက်ပြီး bold ၊ italic ၊ underline လုပ်ပုံလေးတွေ
ဆက်ပြောပါမယ်။ လွယ်ပါတယ်။
Line Break
HTML မှာ စာတစ်ကြောင်းဆင်းချင်ရင်တော့ <br/> ကိုသုံးပါတယ်။ သူ့မှာ close tag
မပါဘူး။ <br/> ပဲရေးရေး <br> ပဲရေးရေးရပါတယ်။
<html>
<head>
<title>Example</title>
</head>
<body>
First Line<br/>Second Line<br>Third Line
</body>
</html>
7 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
Bold, Italic , Underline Tag
bold မို့လို့ ကျွန်တော်တို့တွေ <b> ကိုသုံးပါမယ်။ နောက်ပြီး italic
မို့လို့ <i> ပေါ့။ ဒါဆိုရင် Underline
ကဘာလဲဆိုရင် သိပြီးသားလောက်ပါ။ ကျွန်တော်တို့တွေ <u> ကိုသုံးပါမယ်။
အဲဒါကို notepad ထဲမှာ ဒီလိုရေးပြီး
run လိုက်ရင်ရပါတယ်။
<html>
<body>
<b>This is bold</b> <br/>
<i>This is italic</i> <br/>
<u>This is underline</u> <br/>
</body>
</html>
Bold လုပ်မယ်။ နောက်ပြီး အဲဒါကို underline သားမယ်။ ဒါမှ မဟုတ် italic
လုပ်မယ်။ အဲလိုမျိုးလုပ်ချင်တယ်။
ရပါတယ်။ tag တွေထဲမှာ tag တွေထည့်လိုက်ပေါ့။ ဒီလိုထည့်လို့ရပါတယ်။
<i><b>This is bold italic </b></i>
<u><i><b>This is bold italic </b></i></u>
အဲလိုမျိုးရေးလို့ရပါတယ်။ တချို့လူတွေက မေးတတ်တယ်။
<i> နဲ့စမှ ရမှာလား။ ဒီလိုတိုင်း အစဉ်တိုင်းရေးမှ ရမှာလား။ နောက်ပြီး
<b><i></b></i> အဲလိုမျိုးတွေကော
ပိတ်လို့မရဘူးလား။
ဘာနဲ့ စစရပါတယ်။ အစဉ်တိုင်းမဟုတ်ပဲ <b><i> This is bold italic </i></b>
လို့ရေးလည်းဖြစ်ပါတယ်။
နောက်ပြီး tag အဖွင့်တွေ အပိတ်တွေက ကြိုက်သလိုဖြစ်နေလို့ရပါတယ်။ ဒါပေမယ့်
structure ကျကျလေး။
ပုံစံကျကျလေး ဖြစ်နေရင်ကောင်းတာပေါ့။ နောက်မို့ဆို code ကိုပြန်ဖတ်ရခက်တာပေါ့။
Pre Tag
8 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
ကျွန်တော်တို့တွေ စာတစ်ကြောင်းဆင်းရမှာ မကြိုက်ဘူး။ Enter
ခေါက်လိုက်ရုံနဲ့တင် တစ်ကြောင်းဆင်းချင်တယ်။
အလွယ်ဆုံး နည်းလမ်းကတော့ dream weaver သုံးလိုက်ခြင်းပဲ။ အဲဒါဆိုရင်တော့ HTML
နားလည်မှာမဟုတ်တော့ဘူး။ နောက်တစ်နည်းကတော့ <pre> ပါ။ ဒါပေမယ့် သူက font
ပုံစံပြောင်းသွားတယ်။
အဲဒါက ကိစ္စ မရှိပါဘူး။ နောက်ပိုင်း font တွေဘယ်လိုပြောင်းရလဲ
ဆိုတာသိလာရင် လာပြင်လိုက်လို့ရပါတယ်။
နောက်ပြီး <pre> မှာ သူက tab ခေါက်ထားတာတွေ အစသိပါတယ်။
<html>
<head>
<title>Example</title>
</head>
<body>
<pre>Pre Tag, Now Enter
Now Tab Tab
</pre>
</body>
</html>
Paragraph Tag
ကျွန်တော်တို့တွေ စာတွေကို paragraph ပုံစံရေးချင်တယ်။ စာပိုဒ်တွေနဲ့
ရေးမယ်ပေါ့။ ဒါဆိုရင် <p>
ကိုသုံးလို့ရပါတယ်။ သူက အပိတ် tag မပါလည်းရပါတယ်။ ထည့်ရင်တော့ ပိုကောင်းတာပေါ့။
<html>
<head>
<title>Example</title>
</head>
<body>
9 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
<h1>About Notepad</h1>
<p>Notepad is a basic text editing program and it is most commonly
used to view or edit
text files. A text file is a file type typically identified by the
.txt file name extension.</p>
<b> How do I change the font style and size?</b>
<p>Changes to the font style and size affect all the text in the document.<br/>
Click the Format menu, and then click Font.<br/>
Make your selections in the Font, Font style, and Size boxes.<br/>
An example of how your font will look appears under Sample.<br/>
When you are finished making font selections, click OK.<br></p>
</body>
</html>
Horizonal Line
ကျွန်တော်တို့တွေ horizonal မျဉ်းသားချင်တဲ့ အခါမှာ သုံးလို့ရပါတယ်။
သုံးပုံသုံးနည်းကတော့ <hr> ပါပဲ။ close
tag မပါပါဘူး။
<html>
<head>
<title>Example</title>
</head>
<body>
10 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
<h1>About Notepad</h1>
<p>Notepad is a basic text editing program and it is most commonly
used to view or edit
text files. A text file is a file type typically identified by the
.txt file name extension. </p>
<hr>
<h1> How do I change the font style and size?</h1>
<p>Changes to the font style and size affect all the text in the document.<br/>
Click the Format menu, and then click Font.<br/>
Make your selections in the Font, Font style, and Size boxes.<br/>
An example of how your font will look appears under Sample.<br/>
When you are finished making font selections, click OK.<br></p>
</body>
</html>
အထက်ပါ code ကို run လိုက်ရင် ဒီလိုမြင်ရမယ်။ အဲမှာ <hr> ထည့်ထားတ့ေဲ
နရာက line လေးတားထားတာကို
မြင်ရပါလိမ့်မယ်။
Attribue
11 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
ကျွန်တော်တို့တွေဟာ tag တွေမှာလည်း attribute တွေထည့်ပြီး
သုံးနိုင်ပါတယ်။ attribute ဆိုတာကတော့ အဲဒီ
tag ပိုင်ဆိုင်တဲ့ properties ပေါ့။ tag တိုင်းမှာတော့ attribute
မရှိပါဘူး။ အခု ဦးစွာ အရင်ဆုံး body မှာပါတဲ့ color
attribute အကြောင်းလေးနဲ့ စလိုက်ရအောင်။
Body Color
<html>
<head>
<title>Example</title>
</head>
<body bgcolor=silver>
Body BGCOLOR
</body>
</html>
အဲဒီ code လေးကို run လိုက်ရင်တော့ အရင်ကလို background color က
အဖြူရောင်မဟုတ်တော့ပဲ
စိမ်းနုရောင်လေးဖြစ်နေတာကို တွေ့ရပါမယ်။
အောက်က Table မှာ အသုံးများတဲ့ color 16 ရောင်နာမည်တေပွါ။
Silver
Gray
Maroon
Green
Navy
Purple
Olive
Teal
White
Black
Red
Lime
Blue
Magenta
Yellow
Cyan
ကျွန်တော်တို့တွေဟာ color တွေကို code အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။
သုံးရမှာကတော့ RGB color ပါ။
Hex code number ကိုအသုံးပြုရပါတယ်။ #FF0000 ဆိုရင်တော့အနီရောင်ပါ။
ရှေ့ဆုံး ၂ လုံးက အနီရောင်ဖြစ်ပြီး
အလယ် ၂ လုံးက အစိမ်းရောင်ပါ။ နောက်ဆုံး ၂လုံးကတော့ အပြာရောင်ပေါ့။ အဲဒီ
အရောင် ၃ရောင်ကို စပ်ပြီး
သုံးရပါတယ်။ တကယ်လို့ color တွေကို မသိဘူးဆိုရင် photoshop ကနေလည်း
ကြိုက်နှစ်သက်တဲ့ အရောင်ကို
12 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
ယူပြီးသုံးနိုင်ပါတယ်။ ဘယ်လိုယူရမလဲဆိုရင်တော့ အရင်ဆုံး photoshop
ကိုဖွင့်လိုက်။ ဘယ်ဘက် အောက်နားမှာ
color ရွေးဖို့လေးပါတယ်။
အဲဒါလေးကို double click လုပ်လိုက်ပါ။ color dialog box တက်လာပါမယ်။
ပြီးရင် နှစ်သက်ရာ အရောင်ရွေးပါ။
color အရောင်ရွေးပြီးရင် အောက်နားမှာ hex code လေးကို copy
ကူးလိုက်ရုံပါပဲ။ ကျွန်တော်တို့တွေ color
အနေနဲ့သုံးချင်ရင် # လေးကို ရှေ့မှာ ခံပြီးသုံးလိုက်ရုံပါပဲ။
<html>
<head>
<title>Example</title>
</head>
<body bgcolor=#e5bb2c>
Body BGCOLOR Hex code
</body>
</html>
13 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
အခုဆိုရင်တော့ attribute ပိုင်း နဲ့ color ပိုင်းလေးကို
နည်းနည်းပါးပါးသိလောက်ပြီလို့ထင်ပါတယ်။ attribute
ထည့်လို့ရတဲ့ tag တေကွ လည်း အများကြီးရှိပါသေးတယ်။ ဖြည်းဖြည်းခြင်း
ပြောပြသွားမယ်။ အခု နောက်ထပ် tag
တစ်ခုဖြစ်တဲ့ <hr> ရဲ့ attribute အကြောင်းလေးပြောပါမယ်။
Hr Attribute
ကျွန်တော်တို့တွေဟာ tag တစ်ခုရဲ့နောက်မှာ attribute တစ်ခုထက်မက
လိုက်လို့ရပါတယ်။ tag တွေနောက်မှာ
attribute တစ်ခုထက်မကပါတာတွေကို နောက်ပိုင်းမှာတွေ့ရပါလိမ့်မယ်။ အခုတော့
hr အကြောင်းလေး
ဆက်ရအောင်။
<html>
<head>
<title>Example</title>
</head>
<body bgcolor=#e0e0e0>
Default HR
<hr>
Hr with size=1
<hr size=1>
Hr with size=5
<hr size=5>
14 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
Hr with size=10
<hr size=10>
Hr with size=10 and noshade
<hr size=10 noshade>
Hr with size=5 and color
<hr size=5 color=#D60000>
</body>
</html>
အဲမှာ size ကတော့ အရွယ်အစားပါ။ noshade ဆိုတာကတော့ shade မပါတ့ဟဲာကို
ပြောတာပါ။ ဗြောင်ကြီးပေါ့။
color ကတော့ မိမိကြိုက်နှစ်သက်တ့အဲ ရောင်ထည့်လို့ရပါတယ်။
List
List ပိုင်းမှာ order list နဲ့ unorder list ဆိုပြီးရှိပါတယ်။
တနည်းအားဖြင့် နံပါတ်စဉ်နဲ့ list နဲ့ နံပါတ်စဉ်တွေမပါတဲ့
list ပေါ့။
နောက်ပြီး defination list ဆိုတာရှိပါသေးတယ်။ လူသုံးနည်းပါတယ်။ ပထမဆုံး
unorder list
အကြောင်းလေးသွားရအောင်။
Unorder list
<html>
<head>
<title>Example</title>
</head>
<body>
<h3>Unorder List</h3>
<ul>
<li>First Item</li>
<li>Second Item</li>
15 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
<li>Third Item</li>
</ul>
</body>
</html>
<ul> က unorder list ပါ။ <li> ကတော့ list ပေါ့။ list ၁ ခုပဲဆိုရင်
<li>1</li>။ ၂ခုဆိုရင် <li>1</li>
<li>2</li> လို့ရေးပါတယ်။ အပေါ်က code ကို run လိုက်ရင် list လေးတွေကို
မြင်ရမှာပါ။ အကုန်လုံးက
အဝိုင်းလေးတွေနဲ့ List ပါပဲ။ ကဲ အခု attribute လေးထည့်ပြီး
ပုံစံပြောင်းကြည့်ရအောင်။
<html>
<body>
<h3>Unorder List</h3>
<h5>Disc</h5>
<ul type="disc">
<li>First Item</li>
<li>Second Item</li>
<li>Third Item</li>
</ul>
<h5>Square</h5>
<ul type="square">
<li>First Item</li>
<li>Second Item</li>
16 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
<li>Third Item</li>
</ul>
<h5>Circle</h5>
<ul type="circle">
<li>First Item</li>
<li>Second Item</li>
<li>Third Item</li>
</ul>
</body>
</html>
unorder list မှာ disc, square, circle ဆိုပြီး ၃
မျိုးပြောင်းလို့ရပါတယ်။ default ကတော့ disc ပါ။
Ordered List
<html>
<head>
<title>Example</title>
</head>
<body>
<h3>Ordered List</h3>
<ol>
<li>First Item</li>
<li>Second Item</li>
<li>Third Item</li>
</ol>
17 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
</body>
</html>
<ol> ကတော့ order list ပါ။ အဲဒီ code လေးကို run လိုက်ရင် နံပါတ်
အစဉ်လိုက်ပေါ်လာပါလိမ့်မယ်။ သူ့မှာလည်း
attribute တွေရှိပါတယ်။
<html>
<head>
<title>Example</title>
</head>
18 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
<body>
<h3>Ordered List</h3>
<ol type="1">
<li>First Item</li>
<li>Second Item</li>
<li>Third Item</li>
</ol>
<h5>Type A</h5>
<ol type="A">
<li>First Item</li>
<li>Second Item</li>
<li>Third Item</li>
</ol>
<h5>Type a</h5>
<ol type="a">
<li>First Item</li>
<li>Second Item</li>
<li>Third Item</li>
</ol>
<h5>Type a</h5>
<ol type="I">
<li>First Item</li>
19 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
<li>Second Item</li>
<li>Third Item</li>
</ol>
<h5>Type i</h5>
<ol type="i">
<li>First Item</li>
<li>Second Item</li>
<li>Third Item</li>
</ol>
</body>
</html>
Order List တွင်လည်း Unorder List က့သဲို့ပင် type များရှိပါတယ်။
အဲဒါတွေကို အပေါ်က code မှာ ဖော်ပြထားပါတယ်။ order list က unorder
list နဲကမတူတဲ့ အချက်ကတော့ နံပါတ်စဉ်လိုက်ဖြစ်ပါတယ်။ မိမိကြိုက်တဲ့
နံပါတ်ကနေ စနိုင်တယ်။ မိမိကြိုက်တဲ့ နံပါတ်ကစနိုင်ဖို့ start ဆိုတဲ့ attribute
ကိုသုံးနိုင်ပါတယ်။
<ol type="A" start=4> မှာဆိုရင်တော့ D ကနေစမှာပါ။ ဒါဆိုရင်တော့
HTML နဲ့ list တွေပါတဲ့ web page လေးရေးလို့ရပြီပေါ့။ နောက်ထပ် list
တစ်ခုကျန်ပါသေးတယ်။ definition list ပါ။
Definition List
အများအားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေမှာ သုံးပါတယ်။
<html>
<head><title>Example</title></head>
<body>
20 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
<h3>Definition List</h3>
<dl>
<dt>HTML
<dd>Language used to develop Web Pages
<dt>Image
<dd>Any graphic such as an icon,bullet, line, photo , or illustration
</dl>
</body>
</html>
Defination List က အခြား List တွေနဲ့ မတူပါဘူး။ သူ့မှာက defination term
နဲ့ defination ပါ ပါတယ်။
စရင်တော့ dl နဲက စရပါတယ်။ defination term ကိုတော့ <dt> အသုံးပြုပြီး
defination ကိုတော့ <dd>
သုံးပါတယ်။ သူက အခြား list နဲ့မတူတဲ့ နောက်တစ်ချက်ကတော့ tag အပိတ်မပါတာပဲ။ </dl>
တစ်ခုပဲပါတယ်ဆိုတာကို တွေ့နိုင်ပါတယ်။
ကဲ... အခုဆိုရင်တော့ HTML ကိုအကြမ်းအားဖြင့်လောက်တော့ သိလောက်ပြီပေါ့။
အခုကျွန်တော်တို့တွေ
နောက်ထပ် သေသေချာချာ သိရအောင် နောက်ထပ် တစ်ခန်းသွားရအောင်။
21 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
2.Creating Web Page With Apperance And Link
ကျွန်တော်တို့တွေ အစပိုင်းမှာ bold,italic,underline တို့ကို
သိခြဲ့ပီးပါပြီ။ အခု ဒီအခန်းမှာတော့ အရင်ဆုံး font
အကြောင်းလေး စပြောပါမယ်။ ကျွန်တော်တို့တွေ font တွေပြောင်းမယ်။ font size
တွေပြောင်းမယ်။ စာလုံးတွေမှာ
color တွေထည့်မယ်။ အဲဒါတွေကို အပြင် page တစ်ခုနဲ့ တစ်ခု link
ချိတ်တာတွေလည်း ပါဝင်မှာပါ။ အဲဒါတွေကို
မပြောခင်မှာ <center> အကြောင်းလေးနဲ့ စလိုက်ရအောင်။
Optional Tag
Move To Center
သူက စာလုံးတွေကို center ရောက်အောင်လုပ်ပေးပါတယ်။
<html>
<head><title>Example</title></head>
<body>
<center>
This is center
</center>
</body>
</html>
This is center ဆိုတာလေးက အလယ်ပိုင်းကိုရောက်နေတာကိုတွေ့ရပါမယ်။
အဲဒါလေးကို သုံးပြီး စာတွေကို
အလယ်ပိုင်းကို ရွေ့ထားလို့ရပါတယ်။
<html>
<head><title>Example</title></head>
<body>
<h1 align="justify">Test</h1>
22 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
</body>
</html>
အဲဒီ code မှာဆိုရင်တော့ header တွေက အလယ်ကိုရောက်နေတာကိုတွေ့ရပါလိမ့်မယ်။
Marquee
marquee ကတော့ စာလုံးတွေကို ရွေ့နေဖို့လုပ်ဆောင်ပေးတာပါ။
<html>
<head><title>Example</title></head>
<body>
<marquee>I'm moving</marquee>
</body>
</html>
အဲဒီ code မှာဆိုရင် စာသားလေးက ရွေ့နေတာကိုတွေ့ရပါမယ်။ ဘယ်ဘက်ကနေ
ညာဘက်ကိုရွေ့လာတာပါ။
Marquee မှာရှိတဲ့ attribute တွေကတော့
Attribute Name
Properties
Descripton
behavior
alternate
ဘယ်ကနေညာ ၊ ညာကနေ ဘယ်ပြန်သွား ပါတယ်။
<marquee behavior="alternate">I'm moving</marquee>
scroll
သူက default value ပါ။ ဘယ်ကနေ ညာ ၊ ညာဘက်ရောက်သွားရင် ဝင်သွားပြီး
ဘယ်ဘက်နေ ပြန်စတာပါ။
<marquee behavior="scroll">I'm moving</marquee>
slide
သူကတော့ ဘယ်ကနေညာ ပြီးရင်ညာဘက်လည်းရောက်ရော ရပ်သွားပါတယ်။
<marquee behavior="slide">I'm moving</marquee>
direction left သူကတော့ default value ပါ။ ညာဘက်ကနေ ဘယ်ဘက်ကိုသွားမယ်လို့
23 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
ဆိုတာပါ။
<marquee direction="left" >I'm moving</marquee>
right
သူကတော့ ဘယ်ဘက်ကနေ ညာဘက်ကိုသွားမယ်လို့ဆိုတာပါ။
<marquee direction="right" >I'm moving</marquee>
up
သူကတော့ အောက်ကနေ အပေါ်လာမယ်လို့ဆိုတာပါ။
<marquee direction="up" >I'm moving</marquee>
down
သူကတော့ အပေါ်ကနေ အောက်ဆင်းမယ်လို့ဆိုတာပါ။
<marquee direction="down" >I'm moving</marquee>
loop
[number]
သူကတော့ ကိုယ်ဘယ်နှစ်ကြိမ် marquee ကို လုပ်ခိုင်းမယ်ဆိုပြီး number
တစ်လုံးထည့်ပေးရပါတယ်။ ၁ ဆို ၁ ကြိမ်ပဲလုပ်မယ်ပေါ့။
<marquee loop="1" >I'm moving</marquee>
scrollamount
[number]
တစ်ခါရွေ့ရင် ဘယ်လောက် pixel ရွှေ့မလဲဆိုပြီး ထည့်ပေးရတာပါ။
ထည့်လိုက်တဲ့ နံပါတ်များလေလေ ဝေးဝေးရွေ့ မြန်မြန်သွားလေလေပဲ။
<marquee scrollamount="10">I'm moving</marquee>
scrolldelay
[number]
သူကတော့ ဘယ်လောက်ကြာရင် ရွှေ့မလဲဆိုတာပါ။ သူက millisecond နဲ့ပါ။
1000 လို့ထည့်လိုက်ရင် 1 second ကြာမှ တစ်ခါရွေ့မှာပါ။ သူကတော့
နံပါတ်များလေလေ ကြာလေလေပါပဲ။
<marquee scrolldelay="1000">I'm moving</marquee>
Bgcolor
[hex code] OR
[Color Name]
သူကတော့ marquee ရဲ့ back color အရောင်လေးပါ။ #009933 ဆိုရင်တော့
အစိမ်းရောင်လေးကို background ထားပြီး ရွှေ့သွားမှာပါ။ color ပိုင်းကို
ကျွန်တော် အပေါ်ပိုင်းမှာ ပြောခြဲ့ပီးပါပြီ။
<marquee bgcolor="#009933" >I'm moving</marquee>
24 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
marquee လေးလုပ်ရတာ ပျော်စရာတော့ကောင်းပါတယ်။ စာလုံးလေးတွေက
ရွေ့ရွေ့သွားတာလေးကို ကြည့်ပြီး
ကျေနပ်မှုလေးရနိုင်ပါစေ။ အခု font ပိုင်းကို ဆက်လက်လေ့လာရအောင်။
Font
Font ကတော့ HTML မှာအရေးပါတဲ့ အပိုင်းပါ။ Web Page တစ်ခုမှာ
ကိုယ်လိုချင်တဲ့ font ကိုပြောင်းလဲဖို့အတွက်
font tag ကိုသိမှ ဖြစ်မှာပါ။။
<html>
<head><title>Example</title></head>
<body>
<font face="Zawgyi-one">Zawgyi Font ဖြင့်အသုံးပြုထားသည်</font>
</body>
</html>
အဲဒါဆိုရင် <font> နဲ့ </font> ကြားမှာရိုက်ထားတဲ့ စာက zawgyi-one font
နဲ့ပေါ်နေမှာပါ။ face="font name"
ကိုထည့်ရတာပါ။
font tag မှာသုံးလို့ရတဲ့ attribute တွေကတော့
Name Properties Description
color [hex code] OR
[color name]
color ကတော့ သိပြီးသားပါ။ အပေါ်မှာလည်း ကျွန်တော် ပြောခ့ဘဲူးပါတယ်။
ဥပမာအနေနဲ့ ဒီလိုသုံးလို့ရပါတယ်
<font face="Zawgyi-one" color="#006699">Zawgyi Font
ဖြင့်အသုံးပြုထားသည်</font>
size [number] သူကတော့ font ရဲ့ အရွယ်အစားပြောင်းတာပါ။ ပုံမှန်က size=3
ပါ။ စာလုံး size
ကြီးလိုလျှင် size=4 ကနေ 7 ထိထည့်လို့ရပါတယ်။ 1 ကနေ 7 အထိရှိပါတယ်။ 3
ကတော့ ပုံမှန်စာလုံးပါ။ နောက်ပြီး +1 ကနေ +6 ရှိပါတယ်။ ပုံမှန်ကို
ဘယ်လောက်တိုးမယ်ဆိုပါ။ +2 ဆိုရင် ပုံမှန်က 3 ဆိုတော့ 5 ဖြစ်သွားမှာပေါ့။
အဲလိုမျိုးပဲ
-1 ကနေ -6 ထိရှိပါသေးတယ်။ -1 ဆိုရင် ပုံမှန်က 3 ဆိုတော့ 2 ဖြစ်သွားမှာပေါ့။
ဒီလိုလေး သုံးလို့ရပါတယ်။
25 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
<font face="Zawgyi-one" size="5">Zawgyi Font ဖြင့်အသုံးပြုထားသည်</font>
<font face="Zawgyi-one" size="+2">Zawgyi Font ဖြင့်အသုံးပြုထားသည်</font>
<font face="Zawgyi-one" size="-2">Zawgyi Font ဖြင့်အသုံးပြုထားသည်</font>
ဒါတွေကတော့ အခြား text formatting tags တွေပါ။ အချို့ကတော့
အပေါ်မှာပြောခ့ဘဲူးပါတယ်။
Tag Description
<b></b> ဒါကိုတော့ အပေါ်မှာလည်း ပြောပြီးပါပြီ။ သူက font ကို blod လုပ်တာပါ။
<big></big> သူကလည်း bold လုပ်တာပါပဲ။
<blockquote></blockquote> ဒါကတော့ tab ခုန်တာပေါ့။ ကိုယ့်စာပိုဒ်လေးကို
တစ်တည်းတစ်သနု့်ထဲ ဖော်ပြချင်တဲ့
အခါမှာ သုံးကြပါတယ်။
<i></i> italic လုပ်တာကို အပေါ်မှာပြောခ့ဘဲူးပါတယ်။
<pre></pre> ဒီ code ကိုလည်း သိမှာပါ။ ကျွန်တော်တို့တွေ enter တွေ tab တွေမလိုပဲ
သုံးခ့တဲာလေ။
<small></small> သူကတော့ စာလုံးကို ပုံမှန်ထက် သေးအောင် လုပ်ပေးတာပါ။
<strike></strike> အဲဒါလေးကတော့ စာလုံးတွေရဲ့ အလယ်မှာ မျဉ်းသားလိုက်တာပါ။
<sub></sub> သူကတော့ စာလုံးကို အောက်နားဆင်းတာလေးပေါ့။ H2 လိုမျိုးလေးအတွက်ပေါ့။
<sup></sup> သူကတော့ စာလုံးကို အပေါ်တင်တာပါ။ 22 လိုမျိုးပေါ့။
<tt></tt> ဒါက typing font ကိုပြောတာပါ။ typing ရိုက်သလို စာလုံးပေါ်အောင်အတွက်ပါ။
<u></u> ဒါကိုတော့သိပြီးလောက်ပြီလို့ထင်ပါတယ်။ underline တားတာပါ။
26 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
အခုဆက်ပြီးတော့ Link တွေအကြောင်းပြောပါမယ်။ Link ကတော့ Web Page မှာအဓိက
အခန်းက ပါဝင်ပါတယ်။
Page တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ထားဖို့ အတွက် Link ချိတ်တတ်ဖို့လိုပါတယ်။
Page Link And Image Link
Page Link လုပ်တယ်ဆိုတာကတော့ page တစ်ခုကနေ နောက် page တစ်ခုကို
ချိတ်ဆက်ထားပါတယ်။ အောက်က
example ပုံလေးကို ကြည့်လိုက်ရင် နားလည်နိုင်ပါတယ်။
ကျွန်တော်တို့တွေ Home Page ကနေ Gallery Page ကို Go To Home ဆိုတဲ့
စာလုံးလေး နှိပ်လိုက်တာနဲ့
ကူးသွားမယ်။ နောက်ပြီး Gallery ကနေလည်း Home Page ကို Home ဆိုတဲ့
စာလုံးလေးကို နှိပ်လိုက်တာနဲ့ Home
page ကို ပြန်ရောက်သွားမယ်။ အဲဒီလိုမျိုးလေး ဖြစ်အောင် ကျွန်တော်တို့
အောက်ကအတိုင်း ရေးလိုက်မယ်။ File ၂
ခုရှိရမယ်ပေါ့။ index.html နဲ့ gallery.html ပေါ့။ နေရာအတူတူပဲ
သိမ်းထားနော်။ C:\example\index.html နဲ့
C:\example\gallery.html အဲလိုမျိုးလေး နေရာအတူတူဖြစ်ရမယ်။
Index.html
<html>
<head><title>Example</title>
<body>
<!-- Link To Gallery Page -->
27 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
<a href="gallery.html">Gallery</a>
</body>
</html>
Gallery.html
<html>
<head><title>Example</title>
<body>
<!-- Link To Home Page -->
<a href="index.html">Home</a>
</body>
</html>
အပေါ်က code ကိုမရှင်းပြခင် မေးချင်တာလေးတွေ ပါလာမယ်ထင်တယ်။ <!-- --> က
ဘာကြီးလဲဆိုပြီးတော့။
နောက်ပြီးတော့ home page ကို home.html နဲ့ သိမ်းလို့ကော မရဘူးလား။
ဘာလို့ index.html နဲ့သိမ်းတာလဲ။
ဘာတွေကွာလဲ။
<!-- comment --> အဲဒါက comment ရေးထားတာပါ။ <!-- နဲ့ --> ကြားမှာ
ရေးထားတဲ့ စာတွေကို
အလုပ်မလုပ်ပါဘူး။ ကျွန်တော်တို့ home page ကို ဘာလို့ index.html နဲ့
သိမ်းရလဲဆို web page တွေမှာ
စတက်တဲ့ page က index.html ပါ။ ဒါမှ မဟုတ် default.html ပေါ့။
www.example.com လို့ခေါ်လိုက်ရင် page
တစ်ခုတက်လာမယ်။ တကယ်တမ်းတော့ www.example.com/index.html ဆိုတာကို သွားခေါ်ထားတာပါ။
အနောက်က index.html မပါလည်း အလုပ်လုပ်ပါတယ်။ ဒါကြောင့် Home Page
ဆိုရင်တော့ index.html
ဆိုပြီးသုံးရပါတယ်။ ဒါမှမဟုတ် default.html ဆိုလည်းရပါတယ်။
ကဲ.. Link အကြောင်းလည်း ဆက်သွားရအောင်။ link ချိတ်ချင်ရင် <a
href="address">Name</a>
ဆိုတ့ပဲုံစံမျိုးနဲ့ သွားရတာပေါ့။ address ဆိုတာကတော့ ကိုယ်ချိတ်ချင်တ့
ဲ page ပေါ့။ Name ကတော့ ပေါ်စေချင်တဲ့
နာမည်ပေါ့။ ထပ်မေးစရာလေး တစ်ခုထပ်ပေါ်လာတာကို တွေ့ရပါလိမ့်မယ်။ Link က
အစကတော့ အပြာရောင်။
နောက်တော့ နီညိုရောင် ပြောင်းသွားတယ်။ ဘာဖြစ်လို့လည်း ။ အဲဒါကတော့
vistied ဖြစ်ပြီးသွားလို့ပါ။ တစ်ခါ click
လုပ်ပြီးရင် အဲလိုအရောင် ပြောင်းသွားပါတယ်။ ကိုယ်နှိပ်ပြီးသားပေါ့။
အရောင်မပြောင်းချင်ရင်တော့ body မှာ vlink
ဆိုတဲ့ attribute နဲ့ link ဆိုတဲ့ attribute မှာ အရောင်
ပြင်လို့ရပါတယ်။ <body vlink="green" link="green">
အဲဒါဆိုရင်တော့ link color က အစိမ်းရောင်ဖြစ်နေတာကို တွေ့ရမှာပါ။ link
လုပ်ရင် လူတိုင်းမေးတတ်တဲ့
28 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
မေးခွန်းတစ်ခုရှိပါတယ်။ file တွေကို download ချစေချင်တယ်။
ဘယ်လိုရေးရမလဲ။ တကယ်တမ်းတော့
လွယ်ပါတယ်။ link address ကို file ကိုပေးလိုက်ရုံပဲပေါ့။
<a href="file.zip>Download</a> အဲလိုမျိုးပုံစံလေးပေါ့။ ကဲ.. Link
အကြောင်းရောက်ရင်တော့ path
လမ်းကြောင်းလေး ကောင်းကောင်းသိဖို့လိုတယ်။ တော်တော်များများက မသိဘူး။
ရှုပ်တယ်လို့ထင်ကြတယ်။
တကယ်တမ်းအဲလို မရှုပ်ပါဘူး။
Path For Link
Path <a href=" အောက်က path link">Path</a> ရှင်းလင်းချက်
./file.html OR file.html နေရာတစ်ခုထဲမှာ အတူတူ သိမ်းရင်
အဲလိုခေါ်လို့ရပါတယ်။ C:\example\index.html
ကနေ C:\example\gallery.html ကိုခေါ်ရင်ပေါ့။ ./
ကတော့ directory တူတူပဲလို့ ဆိုတာပါ။
./download/download.html OR download/download.html ဒါကတော့ ကိုယ့်
folder အောက်က folder ကို
ထပ်ခေါ်တာပါ။
../file.html သူကတာ့ မတူတော့ဘူး။ folder ကို up လုပ်ပြီး
ခေါ်တာပါ။ ဘယ်လိုမျိုးလဲဆိုရင်တော့
C:\example\download\index.html ကနေ
C:\example\gallery.html ကိုခေါ်တာပေါ့။ download
ဆိုတဲ့ folder အပေါ်တဆင့်က file ကိုခေါ်တာပေါ့။
နှစ်ဆင့် ခေါ်ချင်ရင်တော့ ../../file.html ပေါ့။ ../
ဆိုတာက folder directory ကို up လုပ်လိုက်တာပါ။
http://www.mysteryzillion.com ဒါကတော့တခြား website တစ်ခုကို လှမ်းခေါ်တာပါ။
./download/file.zip OR download/file.zip download ချဖို့အတွက် file တွေ
image file
တွေကိုလည်း တိုက်ရိုက်ခေါ်လို့ရပါတယ်။ image
ပိုင်းတွေကို ကျွန်တော် နောက်ပိုင်း
ဆက်လက်ရှင်းပြပါအုံးမယ်။
ဒီပတ်လမ်းကြောင်းတွေ အကြောင်းကောင်းကောင်းသိဖို့လိုပါတယ်။
ဘာဖြစ်လို့လည်းဆို ကိုယ့် site က
ကြီးလာတာနဲ့ အမှ site structure က ရှုပ်ထွေးလာမှာပါ။ Link တွေလည်း
များလာမှာဖြစ်လို့ပါ။ ဒါကြောင့်
သေသေချာချာ သိထားသင့်ပါတယ်။
29 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
ကဲ.. အခု ကျွန်တော်တို့တွေ page မှာ ပုံလေးတွေ ထည့်ရအောင်။
Image
ပုံတွေကတော့ web page တစ်ခုမှာ မဖြစ်မနေပါဝင်ရပါတယ်။ ကိုယ်တည်ဆောက်တဲ့
page ကို လှပပြီး
အဓိပ္ပာယ်ပြည့်စုံဖို့ အတွက်ပါ။ ကဲ... ပုံလေးတွေ ထည့်ကြည့်ရအောင်။
<html>
<head>
<title>Example</title>
</head>
<body>
<img src="Apple-logo.jpg"> Apple Logo</body>
</html>
တကယ်လို့ ပုံမမြင်ရပဲ ကြက်ခြေခတ် ( ) ပဲမြင်ရရင်တာ့ ထည့်ထားတဲ့ image
ပတ်လမ်းကြောင်းမှားတာဖြစ်နိုင်သလို image extension မှားတာလည်း
ဖြစ်နိုင်တယ်။ image ထည့်လို့ရတဲ့
extension တွေကတော့ jpg gif png တွေပဲ။ image က size ကြီးက ကြီးနေတယ်။
သေးချင်တယ်။ ဖြစ်ပါတယ်။
<html>
<head>
<title>Example</title>
</head>
30 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
<body>
<img src="Apple-logo.jpg" width=80px height=80px> Apple Logo</body>
</html>
width နဲ့ height ဆိုတဲ့ attribute က ပုံရဲ့ size ကို
ထိန်းချုပ်ပေးပါတယ်။ ကိုယ်ကြိုက်တဲ့ အလျားကို width
မှာထည့်ပြီး အမြင့်ကိုတော့ height မှာထည့်ပြီး ပုံရဲ့ size ကိုပြင်လို့ရတယ်။
<img src="Apple-logo.jpg" width=80px height=80px alt="Apple Logo"> Apple Logo
ဆိုရင်တော့ alt ဆိုတ့အဲ ထဲမှာရေးထားတဲ့ စာသားကို ပုံပေါ် Mouse
လေးသွားတင်လိုက်ပြီး ခဏကြာမှာ
ပေါ်လာမှာပါ။ ကျွန်တော်တို့ကတော့ tool tip လို့ခေါ်တာပါ။
Image ပိုင်းမှာ ပြောစရာတွေ တော်တော်များပါတယ်။ သူ့မှာ attribute
တွေထပ်ရှိသေးတယ်။ ဘာလည်းဆိုတော့
text align ပေါ့။ text align ကို img code ထဲမှာ align ဆိုတဲ့ attribute
ကိုသုံးတယ်။
Align ရှင်းပြချက်
top စာတစ်ကြောင်းကို ပုံရဲ့ ဘေးနားက align မှာ အပေါ်ဆုံးမှာ ဖော်ပြပေးတာပါ။
bottom သူကတော့ default ပါ။ စာသားကို ပုံအောက်ဘက်မှာ ဖော်ပြတာကိုတွေ့ရပါမယ်။
middle စာသားကို ပုံအလယ်မှာ မှာပေးတာပါ။
left သူကတော့ ပုံကို page ရဲ့ ဘယ်ဘက်ကိုပို့လိုက်ပြီး စာသားအကုန်လုံးကို
ပုံဘေးမှာ ဖော်ပြပေးတာပါ။
right သူကလည်း Left နဲ့ အတူတူပါပဲ။ ညာဘက်ကို ပုံရွေ့သွားပြီ
စာသားအားလုံးကို ပုံရဲ့ ဘယ်ဘက်မှာ
ဖော်ပြပေးပါမယ်။
31 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
ပုံ : img top
ပုံ : img bottom
ပုံ : img middle
ပုံ : img left
ပုံ : img right
အခုဆိုရင် image နဲ့ပတ်သက်ပြီး တော်တော်လေးသိလောက်ပြီ ထင်တယ်။
နောက်ထပ်တစ်ခု ထပ်ပြောအုံးမယ်။
ပုံသေးသေးလေးကို နှိပ်လိုက်မှ ပုံအကြီးကြီးပြောင်းသွားသလိုမျိုးလေးပေါ့။
ပုံ size ကို width နဲ့ height attribute နဲ့
ချုံတာမဟုတ်ဘူးနော်။ ပုံနှစ်ပုံ။ တစ်ပုံက အကြီး ၊ နောက်တစ်ပုံက အသေးပေါ့။
Photo တွေကို size သေးတာကို
32 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
ပြထားပြီး ပုံကို click လုပ်လိုက်မှ size ကြီးတဲ့ ပုံကို ပြ တ့ပဲုံပါ။
အဲလိုဘာလို့ လုပ်ရလဲဆို ပုံကြီးရင် page
တက်တာကြာပါတယ်။ ဒါကြောင့် ပုံသေးကို အရင်ပြတယ်။ click လုပ်လိုက်မှ
ပုံကြီးဖြစ်သွားမယ်။
<html>
<head>
<title>Example</title>
</head>
<body>
<a href="fullsize.jpg"> <!-- Full size when click -->
<!-- img src is small size -->
<img src="smallsize.jpg" width=80px height=80px border=0>
</a>
</body>
</html>
အပေါ်က code ကို ဖတ်လိုက်တာနဲ့ နားလည်မယ်ထင်ပါတယ်။ အဲမှာ
မေးစရာတစ်ခုထွက်လာတယ်။ border
ဆိုတာဘာလဲပေါ့။ ကျွန်တော်တို့ href ကို သုံးလိုက်တဲ့ အခါ image မှာ
အပြာရောင် border ဖြစ်သွားတယ်။
အဓိပ္ပာယ်ကတော့ Link ရှိတယ်ပေါ့။ အဲဒါလေးကို မပေါ်ချင်လို့ ဖျောက်လိုက်တာပါ။
ပုံ : border မဖျောက်ထားသော နဲ့ image ပုံ : border ဖျောက်ထားသော ပုံ
အခုဆိုရင်တော့ ကျွန်တော်တို့တွေ link တွေ လုပ်တတ်သွားပြီ။ page တစ်ခုကနေ
တစ်ခုကို ခေါ်တတ်သွားပြီ။ ပုံတွေ
ထည့်တတ်သွားပြီ။ အခုအခန်းမှာ ကျွန်တော်က sample သေးသေးလေးတွေပဲ
ပြသွားတယ်။ ကိုယ်တိုင် စမ်းကြည့်ပါ။
ပျော်ဖို့ တကယ်ကောင်းပါတယ်။ ကိုယ့် ပုံလေးတွေ နဲ့ web page လေး
စမ်းဆောက်လို့တော့ရပြီ။ ဒါပေမယ့်
ပြည့်ပြည့်စုံစုံဖြစ်အောင် ဆောက်လို့မရသေးတာကို တွေ့မှာပါ။ ကျွန်တော်တို့
table လိုအပ်နေသေးတာပါ။
နောက်တစ်ခန်းမှာ table နဲ့ frame တွေအကြောင်း ပြောပြပါမယ်။
Table And Frame
33 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
Table ဟာ web page တည်ဆောက်ရာမှာ အရေးပါပါတယ်။ စတင်လေ့လာသူတွေအတွက်တော့ table ကသာ
web page frame ကို ပုံစံကျအောင် လုပ်ပေးနိုင်တာပါ။ တကယ်လို့ ကိုယ်က
professional ဖြစ်သွားပြီ ၊ stylesheet
တွေ တတ်သွားပြီဆိုရင်တော့ div နဲ့ CSS ကို တွဲပြီးတော့ ကိုယ့် page
ကိုလှပြအောင် လုပ်နိုင်တာပေါ့။ အခုတော့
HTML အကြောင်းပဲ ပြောနေသေးတယ် ၊ နောက်ပြီး CSS အကြောင်းတွေ Advance
ဖြစ်တ့အဲ ကြောင်းတွေ
မပါသေးဘူး။ table သုံးပြီးလည်း သူများ web page တွေလို လှမလာပါလားလို့
မေးချင်ရင် မေးလာနိုင်လို့
အခုလိုဖြေထားတာပါ။ ကဲ table အကြောင်းလေးစရအောင်။
Table ဆိုတာ
Table တစ်ခုကိုတည်ဆောက်ရာမှာ အခြေခံအားဖြင့် roll နဲ့ column ပါဝင်ပါတယ်။
နောက်ပြီး cell ကွက်လေးတွေ
နဲ့ တည်ဆောက်ထားပါတယ်။ Table တစ်ခုဟာ ကျွန်တော် အပေါ်မှာ ပြောခ့သဲ လို
HTML တစ်ခုတည်းနဲ့ web site
တစ်ခု တည်ဆောက်ရာမှာ တော်တော်လေးအသုံးဝင်ပါတယ်။ နောက်ပြီး Gallery Page
တွေ တည်ဆောက်ရာမှာ
အရမ်းအသုံးဝင်တယ်။ Page တစ်ခုလုံး Layout ကို CSS ကိုသာအသုံးပြုတတ်မယ်ဆို
Table ထက်စာရင် CSS ကို
အသုံးပြုသင့်တယ်။ CSS ဆိုတာ ဘာလဲဆိုတော့ Cascading Style Sheets ပါ။
ဒီစာအုပ်မှာတော့ CSS
အကြောင်းပါဝင်မှာ မဟုတ်ပါဘူး။ ဒီစာအုပ်ဟာ Web Page ကိုစလေ့လာခါစ
အခြေခံအကျဆုံးဖြစ်တဲ့ HTML
အကြောင်းကိုသာ ပြောသွားတာပါ။ HTML ကိုသေသေချာချာနားလည်သွားရင် CSS နဲ့
တသွဲုံတ့အဲ ခါမှာတော့ ကိုယ့်
site လေးဟာ သေသပ်လှပလာမှာပါ။ အခုတော့ HTML အကြောင်းလေးပဲ ဆက်လိုက်ရအောင်။
34 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
အပေါ်ပုံကို ကြည့်လိုက်ပါ။ အကွက်တစ်ခုလုံးအပြည့်ဟာ table ပါ။ နောက်ပြီး
စာရေးထားတဲ့ အကွက်တွေဟာ cell
တွေပေါ့။ cell ကွက်တွေထဲမှာပဲ စာရေးတာပါ။ ကဲ.. ပိုပြီး နားလည်သွားအောင်
code လေးတွေနဲ့စလိုက်ရအောင်။
<head>
<title>Example Table</title>
</head>
<body>
<table>
<tr> <!-- Row-->
<td> <!-- Column -->
Row
</td>
35 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
<td>
Row
</td>
</tr>
</table>
</body>
</html>
Table တစ်ခုစတင်ပြီဆိုရင်တော့
၁။ <table>နဲ့ စပြီး </table> နဲ့ပိတ်ရမှာပါ။
၂။ ကိုယ်ထည့်ချင်တဲ့ Row အရေအတွက် ရှိသလောက်ကို <tr></tr>
ကိုသုံးရမှာပါ။ ကိုယ်က row ၂
ခုလိုချင်တယ်ဆိုပါစို့။ဒါဆိုရင် <tr></tr><tr></tr> ဆိုပြီး နှစ်ခုသုံးရမှာပေါ့။
၃။ကိုယ်ထည့်ချင်တဲ့ column အရေအတွက် ရှိသလောက်ကို <td></td>
ကိုသုံးရမှာပါ။ <td></td> ကို <tr> နဲ့
</tr> ကြားမှာ ထည့်ပြီးသုံးရမှာပါ။ ကျွန်တော်တို့ column ၂ ခုဆိုရင်
<tr><td></td><td></tr> ဒါဆိုရင်
column ၂ ခုပေါ့။
ကဲ... ကျွန်တော်တို့တွေ row ၂ ခု column ၃ ခုလုပ်မယ်ပေါ့။
row ၂ ခုဖြစ်တ့အဲ တွက်ကြောင့် <tr> </tr> ၂ ခုသုံးရမယ်။ column ၃
ခုဖြစ်လို့ <td></td> ကို ၃ ခုသုံးမယ်။
ပထမ row မှာ ၃ခုဆို အခြား row တွေမှာလည်း ၃ခုဖြစ်မှ table ပေါ်လာမှာပါ။
<table>
<tr> <!-- First Row -->
<td> <!-- First Column -->
1
</td>
<td>
36 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
2
</td>
<td>
3
</td>
</tr>
<tr> <!-- Second Row -->
<td> <!-- Second Column -->
4
</td>
<td>
5
</td>
<td>
6
</td>
</tr>
</table>
အဲဒီ Example ကို ကြည့်လိုက်ရင် နားလည်နိုင်မလားမသိဘူး။ ကျွန်တော်တို့တွေ
row ၂ ခုနဲ့ column ၃ ခု ရှိတဲ့
table တစ်ခုတည်ဆောက်ခ့တဲာပါ။ table ပိုင်းကို ရှုပ်တယ်လို့
ထင်ချင်ထင်နေပါလိမ့်မယ်။ ဟုတ်ပါတယ်။ ရှုပ်ပါတယ်။
ဒါပေမယ့် နားလည်သွားရင် လွယ်ပြီး သုံးလို့ကောင်းပါတယ်။ ကျွန်တော်တို့တွေ
table ပိုင်းကို သေသေချာချာလေး
လေ့လာဖို့လိုပါလိမ့်မယ်။ ကဲ... နောက်ထပ် example တစ်ခု
ထပ်လုပ်ကြည့်ရအောင် ။ အခု ကျွန်တော်တို့တွေ row
၃ ခု column ၃ ခု ရှိတဲ့ table တစ်ခုကို ဆောက်ကြည့်ရအောင်။
row ၃ခု ဖြစ်လို့ <tr></tr> ၃ခုပါမယ်။ column ၃ ခုဖြစ်လို့ <tr>နဲ့ </tr>
ကြားမှာ <td></td> ၃ ခုပါမယ်။
အဲလိုလေး စဉ်းစားလို့ရသွားပြီဆိုရင် စပြီး code ရေးကြည့်ရအောင်။
37 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
<html>
<head><title>Example</title></head>
<body>
<table>
<tr><!-- First Row -->
<td>1</td>
<td>2</td>
<td>3</td>
</tr>
<tr><!--Second Row -->
<td>3</td>
<td>4</td>
<td>5</td>
</tr>
<tr><!-- Third Row -->
<td>6</td>
<td>7</td>
<td>8</td>
</tr>
</table>
</body>
</html>
38 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
ကဲ... အခုလောက်ဆို နားလည်လောက်ပြီထင်တယ်။ ကျွန်တော်တို့ ရှေ့ဆက်ရအောင်။
ကျွန်တော်တို့တွေဟာ table ရဲ့ width ကို ထိန်းချုပ်နိုင်ပါတယ်။ table ရဲ့ width ကို
သတ်မှတ်တ့အဲ ခါမှာ % နဲ့သတ်မှတ်တာနဲ့ pixel နဲ့ သတ်မှတ်တာရယ်ရှိပါတယ်။
table ရဲ့ width သာမက <td> ရဲ့ width တွေကိုပါသတ်မှတ်နိုင်ပါတယ်။ % နဲ့
သတ်မှတ်တာနဲ့ Pixel နဲ့
သတ်မှတ်တာ ဘာကွာသလဲဆိုရင်တော့ % ကတော့ broswer ရဲ့ အပေါ်မှာ မူတည်ပြီး
width ကပြောင်းလဲပါတယ်။
pixel ကတော့ မပြောင်းလဲဘူးပေါ့။ အသေပေါ့။ % နဲ့ဆိုရင် broswer
ချဲ့လိုက်တာနဲ့ လိုက်ကျယ်သွားပါတယ်။
pixel နဲ့ဆိုရင်တော့ browser ကျယ်လည်း လိုက်မကျယ်သွားပါဘူး။ ကဲ.. စလိုက်ရအောင်။
<html>
<head><title>Example</title></head>
<body>
<table width="100%">
<tr><!-- First Row -->
<td>1</td>
<td>2</td>
<td>3</td>
</tr>
<tr><!--Second Row -->
<td>3</td>
<td>4</td>
<td>5</td>
</tr>
<tr><!-- Third Row -->
<td>6</td>
<td>7</td>
<td>8</td>
39 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
</tr>
</table>
</body>
</html>
အဲဒီမှာဆိုရင် width က 100% ဖြစ်တ့အဲ တွက်ကြောင့် browser အပြည့် table ကယူပါမယ်။
အဲဒီက အပေါ်ဆုံး first row ကိုဒီလိုပြင်ကြည့်လိုက်ပါ။
<table width="100%">
<tr><!-- First Row -->
<td width="30px">1</td>
<td>2</td>
<td>3</td>
</tr>
ဒါဆိုရင်တော့ ပထမ column ရဲ့ width ကို 30px လို့သတ်မှတ်လိုက်ပါပြီ။ ပထမ
row မှာသတ်မှတ်လိုက်ရင် တခြား
row တွေရဲ့ ပထမ column ကိုပါသတ်မှတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
ကျွန်တော်တို့တွေဟာ px သာမက % နဲ့ပါ
သတ်မှတ်နိုင်ပါတယ်။ column ၃ ခုလုံးကို သတ်မှတ်ချင်ရင်တော့ ဒီလိုရေးလို့ပါတယ်။
<table width="100%">
<tr><!-- First Row -->
<td width="45%">1</td>
<td width="20%">2</td>
<td width="35%">3</td>
40 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
</tr>
အဲဒီမှာဆိုရင်တော့ column ရဲ့ width ကို % နဲ့သတ်မှတ်ပေးမှာပါ။ အဲဒီမှာ
တတိယ colum ကို width
မထည့်လည်း သူ့ဘာသာ ချိန်ညှိပေးနိုင်ပါတယ်။ ကဲ... table နဲ့ time table
လေးဆွဲကြည့်ရအောင်။
<html>
<head><title>Example</title></head>
<body>
<table width="100%">
<tr><!-- First Row -->
<td>Date</td>
<td>Time</td>
<td>Subject</td>
</tr>
<tr><!--Second Row -->
<td>Oct 07</td>
<td>1:00 PM - 3:00 PM</td>
<td>Hardware</td>
</tr>
<tr><!-- Third Row -->
<td>Oct 08</td>
<td>1:00 PM - 3:00 PM</td>
<td>Software Install</td>
</tr>
<tr>
<td>Oct 08</td>
41 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
<td>1:00 PM - 3:00 PM</td>
<td>Windows Install</td>
</tr>
</table>
</body>
</html>
ကဲ.. အခုဆိုရင် လက်တွေ့ အသုံးပြုတတ်လောက်ပြီ ထင်တယ်။ ကျွန်တော်တို့တွေ
table မှာ border တွေကို
ပေါ်စေချင်ရင်တော့ border ဆိုတဲ့ attribute ထည့်ရပါမယ်။
Border , Cellpadding, Cellspacing
<table width="100%" border="1"> ဆိုရင်တော့ border လည်းပေါ်လာပါလိမ့်မယ်။
အထူအပါးကတော့
ကြီးလေလေ border ထူလေလေပေါ့။
border ကိုအရောင်ထည့်ချင်ရင်တော့
<table width="100%" border="1" bordercolordark="red" bordercolorlight="#FF3300">
bordercolordark ကတော့ အရိပ်ပေါ့။ bordercolorlight ကတော့
အပေါ်အရောင်ပေါ့။ ဒါမှမဟုတ် bordercolor
ဆိုပြီးလည်း အသုံးပြုနိုင်ပါတယ်။
<table width="100%" border="1" cellspacing="0" bordercolor="#0066CC" >
42 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
border က နှစ်ထပ်ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ အဲဒါက cell padding
ကြောင့်ပါ။ cell padding နဲ့ cell
spacing ဆိုပြီး နှစ်မျိုးရှိပါတယ်။
cellpadding ဆိုတာကတော့ table အတွင်း border နဲ့ စာ နေရာအကွာအဝေးပါ။
cellpadding များလာလေလေ
စာက အတွင်းကို ဝင်လေလေဖြစ်မှာပါ။ အခု cellpadding ကို 30 ထားလိုက်တ့အဲ
ခါမှာ စာသားတွေနဲ့ border
အရမ်းကျဲသွားတာကို တွေ့ရပါလိမ့်မယ်။
<table width="100%" border="1" cellpadding="30" bordercolor="#0066CC" >
cellspacing ကတော့ cell တစ်ခုနဲ့ တစ်ခုကြား အကွာအဝေးပေါ့။ အခု border ဟာ
နှစ်ထပ်ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ အဲဒါကို တစ်ထပ်တည်း ဖြစ်ချင်ရင်တော့
cellspacing ကို 0 ပေးလိုက်ရုံပါပဲ။
<table width="100%" border="1" cellspacing="0" bordercolor="#0066CC" >
43 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
ကဲ... အခုဆိုရင်တော့ နည်းနည်းလေး သိလာပြီထင်တယ်။ ဒီလောက်ထိ
နားလည်ပြီဆိုရင် ကျွန်တော်တို့တွေ cell
တွေကို merge လုပ်တာတွေကို စလိုက်ရအောင်။ နားမလည်သေးရင်တော့ ကိုယ်တိုင် လက်တွေ့
စမ်းသပ်ကြည့်ဖို့လိုပါတယ်။ table ပိုင်းက ထင်သလောက် မရှုပ်ပါဘူး။
လက်တွေ့လုပ်လိုက်ရင် နားလည်သွားမှာပါ။
Cell Merge
Cell Merge ပိုင်းကတော့ table ပိုင်းကို သေချာသိထားရင်
နားလည်လွယ်မယ်လို့ထင်ပါတယ်။ Cell Merge ကတော့
Cell နှစ်ခု ဒါမှမဟုတ် Cell နှစ်ခုထက် ပေါင်းတာပေါ့။ Cell Merge ကို
ဒီလိုပေါင်းရမှာပါ။ table တစ်ခုကို စခ့တဲုန်းက
row တွေကို <tr> နဲ့ရေးရမှာပါ။ <tr> တစ်ခုမှာ <td> ၂ ခုပါရင် နောက်ထပ်
<tr> မှာလည်း <td> ၂
ခုပါဝင်ရမှာပါ။ ဒါပေမယ့် cell တွေကို merge လုပ်လိုက်ရင် အနည်းငယ်
ပြောင်းလဲကုန်ပါတယ်။ အပေါ်မှာ column
သုံးခု ။ ဒါကြောင့် <td> ၃ ခုပါမယ်။ ဒါပေမယ့် အောက်မှာက column ၃ ခုမှာ
နှစ်ခုကို ပေါင်းလိုက်တယ်။ ဒါဆိုရင်
cell က ၂ ခုပဲရှိတော့မယ်။ ဒါဆိုရင်တော့ <td> ၂ ခုပဲပါတော့မယ်။ အဲဒါကတော့
column merge
လုပ်တ့အဲ ခါမှာပေါ့။ row ကလည်း အဲလိုပါပဲ။ အခုတော့ column merge လုပ်တဲ့
code လေးကို ကြည့်လိုက်ပါအုံး။
<html>
<head>
<title>Example</title>
</head>
<body>
<table border="1">
<tr>
<td>
Cell 1
</td>
<td>
Cell 2
44 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
</td>
<td>
Cell 3
</td>
</tr>
<tr>
<td colspan="2">
Cell 1
</td>
<td>
Cell 3
</td>
</tr>
</table>
</body>
</html>
အပေါ်က code မှာ <td colspan="2"> ဆိုတာကို တွေ့နိုင်မယ်ထင်ပါတယ်။
အဲဒါကတော့ Cell ၂ ခုပေါင်းမယ်
ဆိုတဲ့ အဓိပ္ပာယ်ပါ။ တကယ်လို့ cell ၃ ခုပေါင်းချင်ရင်တော့ <td
colspan="3"> ပါ။ ကျွန်တော် အဲလိုမျိုး code
ကိုပြောင်းရေးလိုက်ရင် ဒီလိုတွေ့ရမှာပါ။
<html>
<head>
45 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
<title>Untitled Document</title>
</head>
<body>
<table border="1">
<tr>
<td>
Cell 1
</td>
<td>
Cell 2
</td>
<td>
Cell 3
</td>
</tr>
<tr>
<td colspan="3">
Cell 1
</td>
</tr>
</table>
46 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
</body>
</html>
ကျွန်တော်တို့တွေ column ကို ၃ ခုစလုံး ပေါင်းလိုက်တဲ့ အတွက် စုစုပေါင်း
column ၁ ခုပဲရှိတော့တယ်။ ဒါကြောင့်
<td> တစ်ခုကို ပဲသုံးတာပါ။ ကဲ... ဆက်ပြီးတော့ example တစ်ခုလောက် ဆောက်ကြည့်ရအောင်။
<html>
<head>
<title>Untitled Document</title>
</head>
<body>
<table border="1">
<tr>
<td colspan="3">
List Of Adboe Software
</td>
</tr>
<tr>
<td>
Adobe Acrobat
</td>
<td>
47 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
Adobe Dreamweaver
</td>
<td>
Adboe Flash
</td>
</tr>
<tr>
<td>
Adobe InDesign
</td>
<td>
Adobe Photoshop
</td>
<td>
Adboe Bridge
</td>
</tr>
</table>
</body>
</html>
48 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
အဲဒီက code မှာဆိုရင်တော့ List Of Adboe Sofware အတွက် Column ၃
ခုလုံးကို merge လုပ်ထားတာကို
တွေ့မှာပါ။ Column ၃ ခုကို merge လုပ်လိုက်တ့အဲ တွက် column ၁
ခုပဲရှိပါတော့တယ်။ ဒါကြောင့် <td> တစ်ခုပဲ
လိုအပ်ပါတော့တယ်။ အခုလောက်ဆိုရင်တော့ Column Merge
ကိုသိလောက်ပြီထင်ပါတယ်။ ဆက်ပြီး Row Merge
အကြောင်းလေး လေ့လာရအောင်။
Row တွေ Merge လုပ်တ့အဲ ခါမှာလည်း column merge လုပ်သလိုပါပဲ။ အရင်ဆုံး
code လေးစရေးလိုက်ရအောင်။
<html>
<head>
<title>Untitled Document</title>
</head>
<body>
<table border="1">
<tr>
<td rowspan="2">
Cell Left
</td>
<td>
Cell 2
</td>
</tr>
<tr>
<td>
49 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
Cell 3
</td>
</tr>
</table>
</body>
</html>
ပထမဆုံး Column မှာ <td rowspan="2"> ဆိုတာလေးရှိပါတယ်။ ပထမဆုံး Column
မှာ Row ၂ ခုကိုပေါင်းမယ်
ဆိုတဲ့ အဓိပ္ပာယ်ပါ။ အပေါ်မှာ column ၂ ခုရှိပေမယ့်
နောက်ထပ်တစ်ဆင့်မှာတော့ Column ၁ ခုပဲရှိပါတော့မယ်။
ဘာဖြစ်လို့လည်းဆိုရင်တော့ First Column မှာ သူ့အောက်က First Column နဲ့
ပေါင်းလိုက်တော့ Column
တစ်ခုပျောက်သွားတာပေါ့။ ထပ်ပြီးရှင်းအောင် နောက်ထပ် example တစ်ခု ထပ်ပြပါမယ်။
<html>
<head>
<title>Example</title>
</head>
<body>
<table border="1">
<tr>
<td>
Row1 , Cell1
</td>
<td>
50 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
Row1 , Cell2
</td>
<td>
Row1 , Cell3
</td>
</tr>
<tr>
<td rowspan="2">
Left
</td>
<td>
Center
</td>
<td rowspan="2">
Right
</td>
</tr>
<tr>
<td> Cell 1</td>
</tr>
</table>
</body>
</html>
51 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
ဒီ example မှာဆိုရင် row span ကိုကောင်းကောင်းနားလည်မယ်ထင်ပါတယ်။ Left
နဲ့ Right ဆိုပြီး row
နှစ်ခုပေါင်းလိုက်တော့ အောက်ဆုံး row မှာ column တစ်ကွက်ပဲ ကျန်တော့တ့အဲ
တွက် <td> တစ်ခုပဲ ရေးရတာပါ။
Appearnce
ကျွန်တော်တို့တွေဟာ Table တွေမှာ background color
တွေအသုံးပြုနိုင်ပါတယ်။ border အသုံးပြုနည်းကိုတော့
အပေါ်မှာ ဖော်ပြပြီးသွားပါပြီ။ အခု ကိုယ်လိုချင်တဲ့ cell မှာ background
အရောင်လေးတွေ ထည့်ရအောင်။
<html>
<head>
<title>Example</title>
</head>
<body>
<table border="1">
<tr>
<td bgcolor="blue">
<font color="#FFFFFF">BLUE</font>
</td>
<td bgcolor="red">
Red
</td>
<td bgcolor="#EABCDF">
Hex Color
</td>
</tr>
52 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
</table>
</body>
</html>
အဲဒီမှာဆိုရင် bgcolor ကိုတွေ့မှာပါ။ အဲဒါကတော့ background
အရောင်ထည့်တာပါ။ ကျွန်တော်တို့တွေ
background အရောင်ကိုထည့်လို့ရပေမယ့် စာလုံးအရောင်တွေ ထည့်လို့မရပါဘူး။
ကျွန်တော်တို့တွေ
စာလုံးအရောင်ထည့်ချင်ရင်တော့ font color နဲ့ထည့်သွင်းရပါတယ်။
တခြားအဆင်ပြေတ့နဲ ည်းကတော့ CSS
အသုံးပြုလိုက်ခြင်းပါပဲ။ ဒီစာအုပ်ထဲမှာတော့ CSS
အကြောင်းပါဝင်ခြင်းမရှိသေးဘူး။ အခုဆိုရင်တော့ bg color
ကိုနည်းနည်းနားလည်လာပြီထင်ပါတယ်။ တကယ်လို့ ကျွန်တော်တို့တွေ row တစ်ခုလုံးကို
အရောင်ထည့်ချင်ရင်တော့ <tr> မှာ bgcolor ဆိုတဲ့ attribute သုံးရပါမယ်။
<html>
<head>
<title>Example</title>
</head>
<body>
<table border="1">
<tr>
<td bgcolor="blue">
<font color="#FFFFFF">BLUE</font>
</td>
<td bgcolor="red">
53 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
Red
</td>
<td bgcolor="#EABCDF">
Hex Color
</td>
</tr>
<tr bgcolor="#FF6699">
<td>
a
</td>
<td>
b
</td>
<td>
c
</td>
</tr>
</table>
</body>
</html>
54 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
အဲဒီမှာဆိုရင်တော့ <tr bgcolor="#FF6699"> ကြောင့် row တစ်ခုလုံး
အရောင်ပြောင်းသွားတယ်ဆိုတာကို
တွေ့နိုင်မှာပါ။ အခုလောက်ဆိုရင်တော့ table အကြောင်းသိလောက်ပါပြီ။ table က
HTML နဲ့ရေးရတာ
တော်တော်လက်ဝင်ပြီး စိတ်ပျက်ဖို့ ကောင်းပါတယ်။ Dreamweaver လိုမျိုး
software သုံးလိုက်ရင်တော့ table
တစ်ခုဆောက်ရတာ အရမ်းလွယ်ပါတယ်။ table ကို merge လုပ်တာတွေကလည်း dreamweaver မှာ
အလွယ်တကူလုပ်နိုင်ပါတယ်။ ဒီစာအုပ်မှာ dreamweaver အကြောင်းပြောတာ မဟုတ်ပဲ
HTML ကိုအခြေခံက
အစနားလည်အောင် ရေးတတ်အောင် ပြောပြထားတာကြောင့် အခုလိုမျိုး
နည်းနည်းလက်ဝင်ပေမယ့် နားလည်အောင်
လေ့လာသင့်ပါတယ်။ အခုတော့ frame အကြောင်းလေးပဲ ဆက်ရအောင်။
Frame
Frame ကတော့ HTML Page နှစ်ခု ထက်မက တာတွေကို စာမျက်နှာ တစ်ခုထဲ မှာ
ဖော်ပြခြင်တဲ့ အခါပေါ့။
ဘယ်လိုမျိုးလဲ ဆိုတော့
အဲဒီမှာ ဆိုရင် Frame ၃ ခုနဲ့ Page တစ်ခုကို ဖွဲ့စည်း တည်ဆောက်ထားတာပါ။
အခုနောက်ပိုင်းမှာ Frame
ကိုအသုံးနည်းသွားပါပြီ။ AJAX ဆိုတဲ့ နည်းပညာကို ပြောင်းသုံးကြပါတယ်။
အရင်တုန်းကတော့ Frame
ကိုအသုံးများခ့ပဲါတယ်။ ဘာလို့အသုံးပြုရသလဲဆိုရင်တော့ အပေါ်က
ပုံမှာကြည့်လိုက်ပါ။ ဘယ်ဘက်က menu
ဖြစ်ပြီး ညာဘက်ကတော့ menu က နှိပ်လိုက်ရင် ပေါ်လာမယ့် page ပေါ့။ အပေါ်ဆုံးကတော့ Name
ကိုရေးထားတာပါ။ အဲ.. အခု frame အကြောင်း စလိုက်အောင်။
Frame1.html
<html>
<head>
<title>Untitled Document</title>
</head>
<body>
55 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
This is frame 1
</body>
</html>
Frame2.html
<html>
<head>
<title>Untitled Document</title>
</head>
This is frame 2
</html>
index.html
<html >
<head>
<title>Untitled Document</title>
</head>
<frameset cols="80,*" frameborder="no" border="0" framespacing="0">
<frame src="frame1.html" name="leftFrame" scrolling="No"
noresize="noresize" id="leftFrame" />
<frame src="frame2.html" name="mainFrame" id="mainFrame" />
</frameset>
56 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
<noframes><body>
</body>
</noframes></html>
frame တစ်ခုကို တည်ဆောက်ပြီရင်တော့ အနည်းဆုံး file ၃ ခုလိုပါတယ်။
index.html ကတော့ Frame1 နဲ့
Frame2 ကိုချိတ်ဆက်ဖော်ပြပေးမှာဖြစ်ပြီး frame1 နဲ့ frame2 ကတော့ အဓိကပေါ့။
index.html ကို ကြည့်လိုက်ပါ။ ထူးခြားတာ တစ်ခုပါ ပါတယ်။ အဲဒါကတော့ <body>
မပါခြင်းပဲ။ frame ရဲ့ Main
Page ဟာ Body ထည့်စရာမလိုပါဘူး။ frameset ပဲ ထည့်ရမှာပါ။ HTML မှာ frame
သုံးရတာ လက်ဝင်လှပါတယ်။
အကောင်းဆုံးကတော့ IDE တွေထဲက Dreamweaver ကိုအသုံးပြုလိုက်ရင်တော့
လွယ်လင့်တကူ frame
ကိုရေးသားနိုင်မှာပါ။ အခုတော့ သိအောင် ကိုယ်တိုင်ပဲ ရေးကြည့်ရတာပေါ့။
<frameset> နဲ့ စပြီး </frameset> နဲ့ ရေးရပါမယ်။cols ဆိုတာကတော့ column
အရေအတွက်ပေါ့။ အခု
column ၂ ခုပဲပါတ့အဲ တွက် cols="80,*" လို့ရေးလိုက်ပါတယ်။ အဲဒီ အဓိပ္ပာယ်က
ရှေ့က column အကျယ်ကို 80
px ယူမယ် နောက်ကတော့ ကျန်တာ အကုန်ယူဆိုတဲ့ အဓိပ္ပာယ်ပါ။ ကျွန်တော်တို့
percentage နဲ့လည်း
အသုံးပြုလို့ရပါတယ်။ cols="50%,*" လို့ပြောင်းရေးလိုက်ရင်တော့ ရှေ့က 50%
ဖြစ်ပြီး နောက်က frame
ကလည်း ကျန်တဲ့ 50% ပေါ့။ frameborder="no" ဆိုတာကတော့ frame မှာ boder
မပါဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။
border="0" framespacing="0" အဲဒါကတော့ border အထူက 0 ဖြစ်ပြီး frame
တစ်ခုနဲ့ တစ်ခုကြားက spacing
က 0 လို့ပြောတာပါ။ အခု column ၂ ခုမဟုတ်လား။ ဒီတော့ ကျွန်တော်တို့တွေ
<frame> နှစ်ခု ထည့်ရမယ်။
ဒါကြောင့်
<frame src="frame1.html" name="leftFrame" scrolling="No" noresize="noresize" />
<frame src="frame2.html" name="mainFrame" id="mainFrame" />
အဲလိုမျိုးရေးလိုက်တာ။ အဲမှာ src ဆိုတာကတော့ frame ရဲ့ Link ပေါ့။
ကျွန်တော်တို့တွေ file ၃ ခုလုံးကို
တစ်နေရာတည်းမှာထည့်ထားတယ်။ ဒါကြောင့် တိုက်ရိုက် လှမ်းခေါ်လိုက်ရုံပဲ။
Name ကတော့ နာမည်ပါ။
မထည့်လည်းရပါတယ်.. scrolling ဆိုတာကတော့ ဘေးနားက scrollbar ပေါ်မပေါ်ပေါ့။
ပေါ်စေချင်ရင် Yes ပေါ့။
noresize ကတော့ frame ကို resize လုပ်လို့မရအောင် လုပ်ထားတာပါ။ ဒါဆို
frame ကို resize လုပ်ချင်ရင်တော့
အဲဒါကို မထည့်နဲ့ပေါ့။ အခု column ၃ ခု နဲ့လုပ်ကြည့်ရအောင်။
57 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
index.html
<html>
<head>
<title>Untitled Document</title>
</head>
<frameset cols="20%,30%,*">
<frame src="frame1.html" />
<frame src="frame2.html" />
<frame src="frame1.html" />
</frameset>
<noframes>Your Browser Don't Support Frame</noframes></html>
မေးစရာ တစ်ခုပေါ်လာပြီ။ ဘာလဲဆိုရင်တော့ <noframes> ။ အဲဒါက ဘာလဲဆိုရင်တော့
ဟိုးအရင်က browser
တွေက frame တွေကို support မလုပ်ပါဘူး။ ဒါကြောင့် frame တွေကို support
မလုပ်တဲ့ browser တွေဖြစ်နေရင်
Message လေးဖော်ပြပေးပါမယ်။ အခုနောက်ပိုင်း browser တွေက support
လုပ်ပါတယ်။ ကဲ.. အခု code လေးကို
နည်းနည်းလေး ပြောင်းကြည့်လိုက်ရအောင်။
<html>
<head>
<title>Untitled Document</title>
</head>
58 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
<frameset rows="20%,30%,*">
<frame src="frame1.html" />
<frame src="frame2.html" />
<frame src="frame1.html" />
</frameset>
<noframes><body>
</body>
</noframes></html>
ဘာပြောင်းသွားသလဲဆိုတော့ frameser ပါ။ cols ကနေ rows
ဖြစ်သွားပါတယ်။ cols နဲ့ rows လေးပဲ ကွာတာပါ။ ကျန်တာ
အတူတူပါပဲ။ frame အထဲမှာလည်း ထပ်ပြီး
ထပ်မံခွဲထုတ်လို့ရပါသေးတယ်။ အခု အပေါ်ဆုံးက rows ကို
column ထပ်ပြီး ခွဲပါမယ်။
<html>
<head>
<title>Untitled Document</title>
</head>
<frameset rows="20%,30%,*">
<frameset cols="*,50%" framespacing="0" frameborder="NO" border="0">
<frame src="frame1.html" />
<frame src="frame2.html" name="rightFrame" scrolling="NO" noresize>
</frameset>
59 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
<frame src="frame2.html" />
<frame src="frame1.html" />
</frameset>
<noframes><body>
</body>
</noframes></html>
အဲဒီမှာ <frameset> အောက်မှာ <frameset> ထပ်ထည့်ထားတာကို တွေ့ရမှာပါ။
<frameset rows="20%,30%,*">
<frameset cols="*,50%" framespacing="0" frameborder="NO" border="0">
<frame src="frame1.html" />
<frame src="frame2.html" name="rightFrame" scrolling="NO" noresize>
</frameset>
ကျွန်တော်တို့ အပေါ်ဆုံးက rows ကို ထပ်ပြီး cols ခွဲတာပါ။ ဒါကြောင့်
အပေါ်ဆုံး rows မှာ columns
နှစ်ခုဖြစ်သွားပါပြီ။ ဒါကြောင့် <frame> နှစ်ခု ရေးရတာပါ။ တကယ်လို့ ဒုတိယ
rows မှာပဲ colums
ထပ်ထည့်ချင်ရင်တော့ code က ဒီလိုလေးဖြစ်သွားမှာပါ။
60 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
<html>
<head>
<title>Untitled Document</title>
</head>
<frameset rows="20%,30%,*">
<frame src="frame1.html" />
<frameset cols="*,50%" framespacing="0" frameborder="NO" border="0">
<frame src="frame2.html" />
<frame src="frame2.html" name="rightFrame" scrolling="NO" noresize>
</frameset>
<frame src="frame1.html" />
</frameset>
<noframes><body>
</body>
</noframes></html>
61 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
ရှင်းရှင်းလေးပါ။ ဒုတိယ rows မှာ ဖြစ်စေချင်လို့ ဒုတိယ rows မှာ frameset
တစ်ခုထပ်ထည့်ရတာပါ။ အဲလိုမျိုးပဲ
columns တွေထဲမှာ rows တွေ ခွဲလို့ရပါတယ်။ အတူတူပါပဲ။ အပေါ်က rows နေရာမှာ
cols ပြောင်းပြီးတော့ cols
နေရာမှာ rows ပြောင်းလိုက်ရင် သိမှာပါ။ ကျွန်တော် မရေးပြတော့ဘူး။
ကိုယ်တိုင်ပဲ ရေးပြီး စမ်းကြည့်လိုက်ပေါ့။
အခု ဒီစာအုပ်ရဲ့ နောက်ဆုံးအခန်းက နောက်ဆုံး အကြောင်းပါပဲ။ ဘာလဲဆိုရင်တော့
Link And Frame ပါ။ Frame
တစ်ခုက Link က နှိပ်လိုက်ရင် နောက် frame တစ်ခုက ပြောင်းသွားဖို့ပါ။
ကျွန်တော် အကုန်လုံးကို
အခြေခံလောက်ပဲ ပြောနိုင်မှာပါ။ Web ပိုင်းမှာ လေ့လာစရာတွေ အများကြီးပါ။
HTML ဆိုတာ လုံးဝ စကာစ
အခြေခံအဆင့်လေးပါ။ ကဲ.. နောက်ဆုံး အခန်းလေး ဆက်လိုက်ရအောင်။
62 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
Link And Frame
ကျွန်တော်တို့ အပေါ်မှာ ပြောဘူးပါတယ်။ ဘယ်ဘက်က Link ကို နှိပ်လိုက်ရင်
ညာဘက်မှာ သက်ဆိုင်ရာ Page ကို
ပြောင်းသွားမယ်ဆိုပြီးတော့။ အခုအဲလိုမျိုး ဘယ်ဘက်က frame ကနေ
နှိပ်လိုက်ရင် ညာဘက်က frame မှာ
သက်ဆိုင်ရာ Page ပြောင်းသွား အောင်လုပ်ပါမယ်။ ပထမဆုံး frame ၂ ခုအတွက်
index.html ကိုစရေးပါ့မယ်။
<html>
<head>
<title>Menu</title>
</head>
<frameset cols="100,*">
<frame src="menu.html" id="menu">
63 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
<frame src="home.html" name="main">
</frameset>
<noframes></noframes>
</html>
အဲမှာ.. name="main" လို့ပေးခ့တဲာကို တွေ့မှာပါ။ အဲလိုမျိုးနာမည်
ထည့်ခ့မှဲ menu ကနေ အဲဒီ frame မှာ
သွားပေါ်ဆိုပြီး ပြောလို့ရမှာ။ ကဲ.. အခု menu.html မှာရေးထားတာကို
ကြည့်လိုက်ရအောင်...
<html>
<head>
<title>Menu</title>
</head>
<body>
<a href="home.html" target="main">Home</a><br>
<a href="download.html" target="main">Download</a><br>
<a href="link.html" target="main">Link</a><br>
</body>
</html>
အဲမှာ link တွေအကုန်လုံးမှာ target ဆိုတာလေး ပါတာကိုတွေ့ရပါလိမ့်မယ်။
ကျွန်တော်တို့ index.html မှာ
name="main" ဆိုတဲ့ frame မှာ သွားပေါ်မယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ download
ဆိုတာကို နှိပ်လိုက်ရင် ညာဘက်က
frame မှာ download.html ဆိုတဲ့ page လေးပေါ်သွားပါမယ်။ Home
ကိုနှိပ်လိုက်လည်း home.html ဟာ
ညာဘက်က frame မှာပဲ သွားပေါ်ပါမယ်။ အဲဒီလောက်ဆိုရင် နားလည် သိရှိပြီလို့ထင်ပါတယ်။
64 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
အခုဆက်ပြီး နည်းနည်းအပိုလေး ထည့်ပြောပြရစေ။
menu.html page ထဲမှာပဲ home.html လေးကို လှမ်းပြီး ခေါ်ပြတ့နဲ ည်းပါ။
အဲဒါလေးကတော့ အသုံးဝင်ပါတယ်။
Home Page မှာ news တွေကို ဖော်ပြတဲ့အခါ မှာအသုံးဝင်လှပါတယ်။
<html>
<head>
65 | P a g e HTML BY SATURNGOD
http://saturngod.mysteryzillion.com
<title>Menu</title>
</head>
<body>
<iframe src="home.html" width="500" height="200"></iframe>
</body>
</html>
code လေးက ရှင်းပါတယ်။ <iframe> ပါ။ src ကတော့ ဘယ် page ကို
ချိတ်မလဲဆိုတာပါ။ width နဲ့ height
ကတော့ ကိုယ်ဖော်ပြချင်သလောက်ပေါ့။ အခုဆိုရင်တော့ ကျွန်တော်တို့တွေ HTML
အခြေခံလေးကို
လေ့လာလို့ပြီးသွားပါပြီ။ ဒီစာအုပ်ကို ဖတ်ပြီးရင်တော့ ဘာ code က
ဘာကိုပြောတာလဲဆိုတာပဲ သိနိုင်မှာပါ။
ဘာလိုချင်ရင် ဘယ်လိုလုပ်ရမလဲ ဆိုတာတော့ မိမိရဲ့ လေ့လာမှုစွမ်းအားပေါ်
မူတည်ပါတယ်။ စာအုပ်ဖတ်ရုံနဲ့
မရပါဘူး ။ လိုက်တွေးပါ။ စမ်းကြည့်ပါ။ ဒါမှ တိုးတက်မှုကို ရမှာပါ။
မျက်စိနဲ့ ကြည့်ရုံနဲ့တော့ တိုးတက်မှုရှိမှာ
မဟုတ်ပါဘူး။ ဒီစာအုပ် ဖတ်ပြီးရင်တော့ "အော်.. ဒီ code က ဒါအတွက်ရေးထားတာ"
အဲလောက်ပဲ စွမ်းဆောင်
ပေးနိုင်မှာပါ။ ငါဒီလိုဆွဲချင်တယ်။ ဒါကြောင့် ဒါကို သုံးရမယ် ဆိုတာကတော့
မိမိရဲ့ အာရုံ ကွန့်မြူးမှုနဲ့ ဒီစာအုပ်ကို
ပေါင်းပြီး အသုံးချရရင် ရနိုင်မှာပါ။
ကျွန်တော်တို့တွေ ဘာတွေ ဆက်ပြီးလေ့လာဖို့လိုသေးလဲဆိုတော့ အများကြီးပါ။
HTML ကို ဒီစာအုပ်
အဆင့်လောက် သိသွားပြီဆိုရင်တော့ CSS ကိုဆက်ပြီး လေ့လာဖို့လိုပါတယ်။
အဲဒီနှစ်ခုတတ်ပြီးရင်တော့
နည်းနည်းလေး ရေးဆွဲရတာ လွယ်သွားအောင် Dreamweaver
သုံးပြီးဆွဲစေချင်ပါတယ်။ ပြီးရင်တော့ Javascript
ပေါ့။ အဲဒီဟာတွေ ပြီးသွားရင် photoshop နဲ့ Flash
နည်းနည်းသုံးတတ်ဖို့လိုပါတယ်။ Webdesigner
တစ်ယောက်အနေနဲ့ လေ့လာဖို့ပြောတာပါ။ web developer အနေနဲ့လည်း CSS ,
Javascript, Phtoshop, Flash
တို့ကို အနည်းအကျဉ်းလေး သိရှိနားလည်ထားဖို့လိုပါတယ်။ ပြီးရင် web
programming တွေ လေ့လာရမှာပါ။ .NET
သမားတွေဆိုရင်တော့ ASP.NET ပေါ့။ Java သမားဆိုရင်တော့ JSP ရှိပါတယ်။
အခြား လွယ်ကူစွာ
လေ့လာချင်ရင်တော့ php က အလွယ်ဆုံးပါ။ နောက်ဆုံး technology တွေနဲ့
ကောင်းကောင်းရေးလို့ရတဲ့ Ruby On
Rails နဲ့ python တို့ကိုလည်း လေ့လာနိုင်ပါသေးတယ်။ အများကြီး
လေ့လာဖို့တွေရှိပါတယ်။ ဦးစွာတော့ HTML ကို
သေသေချာချာ တတ်ကျွမ်းထားဖို့လိုပါတယ်။
CSS By Saturngod…… coming soon…………….