in Yu Maung shared အသောက အသောက အသောက's photo.
xxxxxxxxxxxxxxxxxxxxxxxxxxx
ကျွန်တော့်ရင်ထဲ အရမ်းကိုဝမ်းနည်းမိလွန်းလို့ ဒီ သီချင်းလေးကို ဖျက်လိုက်မိတာပါဗျာ...။ မနက်က ဗုံးခွဲတဲ့ သတင်းကိုကြားမိပြီး နောက် သလ္လာဝတီတိုင်းမ်း မှာပုံတွေ ကြည့်လိုက်မိကတည်းက ကျွန်တော်ခုချိန်ထိ တွေးလိုက်မိတိုင်း မျက်ရည်ကျမိတုန်းပါ..။
ယောက်ျားရင့်မာကြီးတစ်ယောက် ဖြစ်ပြီး မျက်ရည်ကျရသလား လို့ မေးရင် ကျွန်တော်က လူသားတစ်ယောက် မို့လို့ပါလို့ ပြန်ပြောရမှာပါပဲ...။
လူသားတစ်ယောက်မှာ နှလုံးသားရှိတယ်..။ ကိုယ့်အသက်ကိုယ်ကို မငဲ့ညှာတက်တဲ့သူတွေမှာတောင် အများအတွက် ငဲ့ညှာမိတဲ့သူတွေရှိတယ်..။ ကျွန်တောတို့ မုံရွာသူ မုံရွာသားတွေတင်မကပဲ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေကော ဗုဒ္ဓဘာသာမဟုတ်ပေမယ့် မြန်မာနိုင်ငံသား
ဖြစ်နေတဲ့သူတွေကောပါ စိတ်ထိခိုက်ရမှာ မလွဲပါဘူးဗျာ...။
ကျွန်တော်အရမ်းစိတ်ထိခိုက်မိလို့ခုလိုသီချင်းအပျက်လေးကို ရေးစပ်လိုက်ပါတယ်ခင်ဗျား....။
သမ္မတကြီး ခင်ဗျား ..။
ဘယ်သူတွေက သမ္မတကြီးကို မကောင်းပြောပြော သမ္မတကြီး အနေ နဲ့ ပြည်သူတွေ နောက်ထပ် အထိအခိုက်မရှိခင် သမ္မတကြီး အနေနဲ့ ပြန်လည် ပြုပြင်နိုင်ခွင့်ရှိပါသေးတယ်ခင်ဗျား..။ သမ္မတကြီး အနေနဲ့ မုံရွာက ခုလိုဖြစ်သွားခဲ့တဲ့ အရေးအခင်းကို မသိမှာ မဟုတ်တဲ့အတွက် အမြန်ဆုံး ပြုပြင်ပေးစေလိုပါတယ်ခင်ဗျား...။
တကယ်တော့ စစ်သား ၊ ရဲသား၊ ယာဉ်ထိန်းရဲ အာဏာရှိသမျှ သူတိုင်းရဲ့ လက်အောက်က ဝန်ထမ်းတွေဟာ မြန်မာနိုင်ငံမှာ မွေး မြန်မာနိုင်ငံမှာ ကြီးပြင်းပြီး မြန်မာ့ ရေ မြန်မာ ထမင်းကို စားသုံးပြီး အသက်ရှင်သန်နေရတဲ့သူတွေပါပဲ..။
တကယ်တော့ စစ်သားဆိုတာကလည်း ပြည်သူတွေက ပဲ မွေးဖွားပေးခဲ့တာပါပဲ..။
ဒီတော့ စစ်သားတွေ လည်း အမိန့်အတိုင်း လုပ်နေရသူတွေ စိတ်ထဲက မပါတဲ့ သူတွေ ရှိမှာပါပဲ.။ ဒါ့ကြောင့် ကျွန်တော် အနူးအညွှတ်တောင်းပန်ပါသည်ခင်ဗျား... ယခုပြသနာကို အေးအေးချမ်းချမ်း နဲ့ သာဖြေရှင်းပါခင်ဗျား..။ အကြမ်းဖက်နည်းဖြင့် ဖြိုခွင်းခြင်းမှာ မပြုသင့် မပြုအပ်သော ကိစ္စဖြစ်သောကြောင့် မလုပ်ပါရန် တင်ပြလိုက်ပါသည်ခင်ဗျား...။ (မိုးနတ်)

No comments:
Post a Comment