ရှေးကတေးထပ်တွေမှာ အမည် မတပ်ထားကြဘူးလေ။ ဒီတော့ အချုပ်တန်းဆရာဖေရဲ့
ဒီတေးထပ်ကို ဘယ်လိုခေါ်ရမယ် မသိလို့ ‘မှန်လိုက်လေ’လို့ပဲ ခေါ်လိုက်ပါတယ်။
သူငယ်ပြန် သွေးတက်လို့၊ ကလေးထက်နုပျို၊
ဈေးဖျက်ဘို့ သူ့နဂိုမှာ၊ အမှုပိုကြံလို့၊
ရှုံ့ရွတ်တွ တရာအိုငယ်၊ ကညာပျို မတ်တတ်ထာမို့။ ။
ခန်းခြောက်လို့ အားကုန်၊ အသားတုန် အင်ချို့၊
သွားမစုံ အသွင်ဆို့သော်လဲ၊ ရင်စ မို့ကွယ်…၊
ကုမ္မာရီ နုအချောကိုမှ၊ သူ့သဘော မှန်းလို့တာတွယ်။ ။
မြက်နုမှ လျှာလယ်သည်၊ အဆာကျယ် နွားအိုသွင့်လိုပ၊
အားကိုဖြင့် တွေးချင့်မစာ၊ ဘေးသင့် စရာ…၊
ပရာဘဝ ဓမ္မခန်အလာကို၊
မတန်တာ လိုက်စားလို့လေး။ ။
http://dokira.spi-blog.com/
ဆိုက်မှတဆင့်ကူးယူဖော်ပြလိုက်ရပါသည်။

No comments:
Post a Comment