သူပြောင်လျှင် ခေါင်ကွန့်လို့
ကြောင်ဝံ့တဲ့လူပါ၊
ရှောင်မတွန့် ကျောက်သော်မာလျှင်၊ နောက်တော်ပါသံချောင်း
ပျော့မယ်ပ ညီလွယ်လျှင်
ရွှေဆီဝယ် ချက်သည့်ဖယောင်း
အိုးတော်က ပဲ့ပိန်ပိန်၊ ရွဲ့လိမ်လိမ်စလောင်း
သူချိုလျှင် ကြံချောင်းပ
ဥာဏ်တစောင်းခါးမူ
တမာပင်ထိပ်ဖျားက ကြက်ဟင်းခါး သီးနိုင်တဲ့လူ
သူမဲက မှောင်ကူမယ်၊သူဖြူလျှင် ဖြူချင်းပ
ကြင်ချင်းကြင်မယ်ဆို၊ ကိုးဆလောက်ပို
ဆိုးကြစို့ တကယ်ဆိုလျှင်
ဓါးပြဗိုလ် လုပ်နိုင်ငဲ့လေး။ ။
ဦးပုည ၏တေးထပ်အချို့ကို ဘလော့ဂ် တစ်ခုမှ ကူးယူဖော်ပြပါသည်။
ရုတ်တရက်တွေ့ရှိကူးယူလိုက်သဖြင့် ဘလော့အမည်အား မှတ်သားမထားလိုက်မိသဖြင့်
မူရင်း ပိုင်ရှင်များအား အနူးညွတ် တောင်းပန်ပါသည်။
http://www.myanmarfriendconnect.com/
No comments:
Post a Comment