သူပြောင်လျှင် ခေါင်ကွန့်လို့၊ ကြောင်ဝံ့တဲ့လူပါ၊ ရှောင်မရွံ့ကျောက်သော်မာလျှင်၊
နောက်တော်ပါသံချောင်း။
ပျော့မယ်ပ ညီလွယ်လျှင်၊ ရွှေဆီဝယ်ချက်တဲ့ ဖယောင်း၊ အိုးတော်က ပဲ့ပိန်ပိန်၊
ရွဲ့လိမ်လိမ်စလောင်း။
သူချိုလျှင် ကြံချောင်းပ၊ ဉာဏ်တစောင်းခေါင်းမူ၊ တမာပင်ထိပ်ဖျားက၊ ကြက်ဟင်းခါး သီးနိုင်တဲ့လူ၊ သူမဲက မှောင်ကူမယ်၊ သူဖြူလျှင် ဖြူချင်းပ၊ ကြင်းချင်းကြင်မယ်ဆို၊
ကိုးဆလောက်ပို၊ ဆိုးကြစို့ တကယ်ဆိုလျှင်၊ ဓားပြဗိုလ်လုပ်နိုင်ငဲ့လေး။
ဦးပုည
(ဂုဏ်ပြုဖွဲ့)
No comments:
Post a Comment