Monday, November 26, 2012

မြဲမသွေ

လယ်ပုစွန်ခေါင်းထွက်တော့၊ ပြောင်းကွက်လို့မသွေ၊
 ငေါက်ငှက်က ခြေနှစ်ထွေ၊
ဒီရေက ချိုအုန်း၊ ပင်ကသစ်လက်ပံကျူမှာ၊
အနှစ်ယူထားတော့ တနှုန်း၊
ထုံးနက်တော့ မုန်းကွက်ဉာဏ်ကို၊ ဖုန်းသက်ရန် မသုံး၊
 မြွေမှာ ခြေတွေ့အုံးစေတော့၊ သွေမုန်းဖို့ မယူ၊
ရွှေပေပင် နှစ်ခါသီးကာမှ၊ အခွာကြီးခွာလိုက်တော်မူ၊
 ရေခဲတော့ ပွေနဲကူပေါင်၊ သွေလွဲသူ ဝင်္ကမို့၊ တင်သမျှမောင့်သစ္စာ၊
မြဲငဲ့သေချာ၊ ဘဒ္ဒကပ်ကမ္ဘာမှာ၊ သံပုရာချိုအုံးတော့လေး။

ဦးပုည
(သစ္စာတိုင်ဖွဲ့)

No comments:

Post a Comment