ရွာဦးက တံတားအို
ညွတ်ယိုင်လို့ပြို။
လူထိုထို၊ ပြင်မလိုနဲ့ ရှောင်လွှဲ။
မပျက်ပါဘူးရယ်နဲ့
မခက်ပါဘူးရယ်နဲ့
ကူးဖြတ်ရာ သည်အတိုင်းသာ
ဆိုင်းကြသည်ဘဲ။
တံတားပေါ် ချော်ကာကျ
မောင်သာဝ သားလေးဟာ
ခြေကျိုးရရှာ။
လူတကာ၊ အပူရှာလို့ ဘယ်မမှု။
တံတားအို သည်အတိုင်းသာ
ရိုးပြိုင်းပြိုလု။
ဟိုနေ့က ကိုဘအေး
နွားလှည်းလေး မောင်းလို့လာ
တံတားအိုထက်မှာ။
ရုတ်တရက် မခံသာ
ပြိုကာဖြင့် ကျပါရော။
နွားလှည်းပေါ် ထိုင်လာတဲ့
ဘုရားတကာ ဦးရွှေခ
သေရပါပကော။
တံတားအို ကျိုးကာပျက်
အသက်လည်း ဆုံးခဲ့သည်
နောင်တရပြီ။
လာကြဟေ့ ညီညီ
ပြင်မည်ပ တို့ရွာသား။
တံတားအိုမို့ ပြင်ကာဆောက်တယ်
သွေးသောက်စိတ်ထား။
ယခင်ခါ အပျင်းကပ်လို့
စိတ်ဓာတ်က မူမမှန်
လျစ်လျူရှုပြန်။
ယခုမှ အားတွေသန်
တို့မာန်ထ မပျော့ဇွဲ။
တံတားသစ် ပေါ်လာထွက်ပြီမို့
အားတက်စိတ်ထဲ။
ဘယ်အရာ ဘယ်အမှု
လျစ်လျူရှု မနေသာ
များအတွက်ပါ။
လုပ်အားရဲ့ ဂုဏ်အင်္ဂါ
ရင်မှာဖြင့် ချစ်မြတ်နိုး။
ဇွဲကို ဖက်ပါလို့
ရှေ့ဆက်ကာ အလုပ်ပွားရင်
များမည့်တန်ဖိုး။
မာလာအေး (အေးရိပ်သာ)
No comments:
Post a Comment