ဖားကောက် ငါးခုတ်၊ သစ်ဝါးခုတ်၍
လယ်လုပ် ထန်းတက်၊ ရက်ကန်းရက်၏။
ကိုယ်၏ဝမ်းစာ၊ ကိုယ်သာရှာ၍
လာပါကြွပါ၊ မဖိတ်ပါလည်း
မသာအလှူ၊ ဝိုင်းဝန်းကူ၏။
ခေါင်းလောင်းမတီး၊ မောင်းမတီးလည်း
မီးရေးထင်းရေး၊ တုံ့မနှေးကြ။
အမိန့်စာနှင့်၊ ချောမဆင့်လည်း
လူနှင့်နွားကျွဲ၊ ကျားရဲဆွဲသော်
ကျားရဲတော်လှန်၊ တုတ်ဓားလှံတည့်။
ညီညွတ်ချိန်ကျ၊ ညီညွတ်ကြသည့်
မြန်မာ့ကျေးလက်၊ ထိုအသက်ကို
ဆက်လက်ထိန်းသိမ်း သင့်ပါသည်။
မောင်ငြိမ်းသူ
No comments:
Post a Comment