စောင်းသမားသည်
လက်ဖျားတို့ထိ၊ စောင်းသံညှိ၍
သတိအသံ သာစေသည်။
စာသမားသည်
သိကြားခဲ့ရ၊ သူ့ဘဝကို
ရသစာပေ ဖွားစေသည်။
လက်သမားသည်
ဆောက်ပြားဆောက်ခုံး၊ ဖွဖွသုံးကာ
ရုပ်လုံးလှလှ ထုလေသည်။
အော် - လူသားများသည်
အားမာန်ကိုယ်စီ၊ ဥာဏ်ကိုယ်စီဖြင့်
ကိုယ်စီကိုယ်င၊ ဤလောကအား
အလှဆင်ကြပေတကား။
ဇင်မင်း
No comments:
Post a Comment