Saturday, November 24, 2012

သင်နှင့်တန်ဖိုး

မိုးကျ၍ ထွန်ဆွကုန်လော့
မျိုးချ၍ ပျိုးစကုန်လော့
တိုးကြွ၍ ကြိုးကြကုန်လော့။
မြေဆီမြေကွက် သင့်ဖွားဘက်တည့်
မိုးရေမိုးစက် ကစားဘက်တည့်
နွားညိုနွားနက် သင့်ရဲဘက်တည့်။
သင့်လက်နက်ပြင်၊ ဆွဲကိုင်ငင်၍
လုပ်ခွင်ဆင်းကြ၊ ထွက်ယက်ကြလော့
မြေမှ ပဒေသာ သီးလိမ့်မည်။
သို့သော် သင်ကား၊ သင့်လုပ်အား၏
တရားသဖြင့်၊ ပိုင်ဆိုင်ခွင့်ကို
အသင့်ကာကွယ်ရလိမ့်မည်။
တင်မိုး


No comments:

Post a Comment