Sunday, November 11, 2012

မြင့်မြတ်သောစိတ်ထားများ

မေတ္တာဟူသည် သူတစ်ပါး၏ ကောင်းကျိုးကို ဆောင်လိုသောစိတ်။
ငါသည် သူတစ်ပါးတို့ကို ဒုက္ခမပေးပါရစေနှင့်၊ သူတစ်ပါးတို့၏ အကျိုးစီးပွားကိုသာ ဆောင်ရွက်ပါရစေ။

ကရုဏာဟူသည် သူတစ်ပါးတို့၏ ဒုက္ခကို ခံစားတတ်သောစိတ်၊ သူတစ်ပါးဒုက္ခကို ဖယ်ရှားပေးလိုသောစိတ်။
ငါသည် မည်သူဒုက္ခရောက်ရောက် သူ့ဒုက္ခကို ပယ်ဖျောက် စောင့်ရှောက်နိုင်ရပါလို၏။
သူတစ်ပါးတို့၏ ဒုက္ခကို ကယ်တင်စောင့်ရှောက်လိုသောစိတ်။

မုဒိတာဟူသည် မိမိထက် စီးပွား၊ ဥစ္စာ၊ ရာထူး၊ အာဏာ-ဂုဏ်-ပါဝါ သာလွန်သော မည်သည့် ပုဂ္ဂိုလ်တို့ကိုမဆို မြင်လျှင်
ကြားလျှင် ဝမ်းမြောက် ကျေနပ်သောစိတ်။
ထိုသူတို့ကို တုပပြိုင်ဆိုင်မည့်အစား လက်တွဲ ဆောင်ရွက်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။
ငါသည် ငါထက် သာလွန်သော သူတို့ကို မည်သည့်အခါမျှ တုပြိုင် တိုက်ခိုက်ခြင်း မပြုပါရစေနှင့်၊
ဝမ်းမြောက်စွာ လက်တွဲလိုသောစိတ်။
(သီတဂူဆရာတော်)

No comments:

Post a Comment