ကောင်းမှုပေါင်းများစွာတို့ဖြင့်
တည်ဆောက်ထားသော ဘဝကို
မကောင်းမှု တစ်စုံတစ်ခု ပြုလုပ်ခြင်းဖြင့်
မပျက်စီးစေသင့်။
မိမိ၏ဘဝကို ဖျက်ဆီးခြင်းသည် မိမိ၏ မကောင်းမှုသာဖြစ်သည်။
သံချေးသည် သံကိုဖျက်၏။
ဝါးသီးသည် ဝါးပင်ကိုသတ်၏။
ငှက်ပျောသီးသည် ငှက်ပျောပင်ကိုသတ်၏။
ထို့ကြောင့် မိမိ၏ အမူ၊ အပြု၊ အပြော၊ အကြံတို့ကို စစ်ဆေးပါ။
မိမိ၏ကောင်းမှု မကောင်းမှုသည်သာ မိမိ၏ မိတ်များ ရန်များပင်ဖြစ်ကုန်၏။
(သီတဂူဆရာတော်)
No comments:
Post a Comment