Tuesday, December 4, 2012

မြန်မာပြည် အပေါ် လွှမ်းမိုးလာနေတဲ့ တရုတ်ပြည် - အပိုင်း (၁)

Dennis Aung shared Mg Phoe Aung's photo.
မြန်မာပြည် အပေါ် လွှမ်းမိုးလာနေတဲ့ တရုတ်ပြည် - အပိုင်း (၁)   ၁၉၈၈ ခုနှစ် စက်တင်ဘာလ၊ မြန်မာပြည် ဒီမိုကရေစီ အရေးတော်ပုံကြီးအပြီး တပ်မတော်မှ ပြန်လည် အာဏာသိမ်းချိန်ကစလို့ တရုတ်အစိုးရဟာ န၀တ-နအဖ စစ်အစိုးရနဲ့ စီးပွားရေး၊ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုများကို အကြီးအကျယ် တိုးချဲ့လုပ်ကိုင်လာခဲ့ပါတယ်။  ပြည်ပ သုတေသီတွေရဲ့ အဆိုအရ မြန်မာပြည်အပေါ် ထားရှိတဲ့ တရုတ်ပြည်ရဲ့ မူဝါဒတွေမှာ ရည်ရွယ်ချက် (၇) ချက် ထားရှိတယ်လို့ သိရပါတယ်။ အဲဒါတွေကတော့ -  ၁။ တရုတ်ပြည် အနောက်တောင်ဘက်က အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်တဲ့ လမ်းကြောင်းလုံခြုံရေး။  ၂။ UWSA နဲ့ တရုတ်နယ်စပ် တိုင်းရင်းသား အပစ်ရပ်များ အပါအ၀င် နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းရေး။  ၃။ တရုတ်ပြည်ရဲ့ လောင်စာစွမ်းအင် စိတ်ချဖူလုံစေရေး။  ၄။ တရုတ် - မြန်မာအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် စီးပွားရေး လုပ်ကိုင်သည့် တရုတ်လူမျိုးများ၏ လုံခြုံရေး။  ၅။ အိန္ဒိယနိုင်ငံ အနေနဲ့ အင်အားကြီးပြီး ခေါင်းထောင်ထလာမှာကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းရေး။  ၆။ မြန်မာနိုင်ငံနဲ့ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းရေး။ (ယခုလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ တရုတ်ပြည်ကို သွားရောက်မယ်လို့ သတင်းထွက်နေပါတယ်။)  ၇။ တရုတ်ပြည်ရဲ့ အနောက်ဘက် တံခါးဝတွင် အမေရိကန်နိုင်ငံရဲ့ ကိုလိုနီနယ်ချဲ့ လက်သစ် အင်ပါယာ မချဲ့ထွင်လာနိုင်ရေးအတွက် ကြားခံဇုန်အဖြစ် ထားရှိရေး။  တရုတ်ပြည်ရဲ့ မဟာဗျူဟာကတော့ ကိုယ်ကျိုးစီးပွားနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံကို ဆက်ဆံနေတယ်လို့ သုံးသပ်ရပါတယ်။  တရုတ်ပြည်ဟာ စီးပွားရေး တိုးတက်ဖွံ့ဖြိုး လာတဲ့အတွက်ကြောင့် လောင်စာ စွမ်းအင်တွေပိုပြီး လိုအပ်လာပါတယ်။ လောင်စာစွမ်းအင်ဟာ ပြည်ပက တင်သွင်းနေရတဲ့အပေါ်မှာ မှီခိုနေရမှုက ၂၀၂၀ ခုနှစ်မှာ ၆၀% ရှိလာမယ်လို့ ဆိုပါတယ်။ ဒီရေနံတင်သွင်းတာရဲ့ ၈၀% ဟာ မလက္ကာရေလက်ကြားက တဆင့် ဖြတ်နေရပါတယ်။  တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်နှင့် ဦးသန်းရွှေ  မြန်မာပြည်မှာ တွက်ချက်အတည်ပြုပြီး ထုတ်ယူနိုင်တဲ့ သဘာဝဓါတ်ငွေ့ ပမာဏဟာ ၂.၅၄ ထရီလီယံကုဗမီတာရှိရာမှာ တရုတ်ပြည်မှာရှိတဲ့ သဘာဝ ဓါတ်ငွေ့ပမာဏနဲ့ ညီမျှပါတယ်။ ဒီဓါတ်ငွေ့သိုက်တွေဟာ အိန္ဒိယသမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှာ တည်ရှိနေပါတယ်။  အထက်ကဖော်ပြတဲ့ ပထ၀ီနိုင်ငံရေးနဲ့ စီးပွားရေး အကြောင်းအချက်တွေက တရုတ်ပြည်ကို ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေ တည်ဆောက်ဖို့နဲ့ မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှုတွေ မဖြစ်မနေ လုပ်ဆောင်လာစေဖို့ တွန်းအား ပေးခဲ့တာ ဖြစ်ပါတယ်။  ဒါ့ပြင် စီးပွားရေး တိုးတက်လာနေတဲ့ တရုတ်ပြည်အတွက် မြန်မာပြည်ဟာ ကုန်ချောတစ်ပိုင်း ထုတ်ကုန်တွေ ထောက်ပံ့တဲ့ အဓိကနေရာနဲ့ ဈေးပေါတဲ့ လုပ်အားနဲ့ ကုန်ကြမ်း ရေသောက်မြစ် ရရာဒေသ ဖြစ်လာနေပါတယ်။ မြန်မာပြည်ကတဆင့် စရိတ်စကနည်းတဲ့ သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုကလည်း တရုတ်စီးပွားရေး လုပ်ငန်းတွေအတွက် မုချ အကျိုးရှိစေတာ ဖြစ်ပါတယ်။ အထူးသဖြင့် အိန္ဒိယသမုဒ္ဒရာနဲ့ ဆက်သွယ်ရေး လမ်းကြောင်း ဖြောင့်ဖြူးလာတာက တရုတ်ပြည်ရဲ့ ပထ၀ီနိုင်ငံရေး အကျိုးစီးပွားအတွက် စိတ်ချလက်ချ ဖြစ်သွားစေတဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ ဗန်းမော် - ရန်ကုန် ဧရာဝတီမြစ်ကြောင်းနဲ့ ရန်ုကုန် သီလဝါဆိပ်ကမ်းကို ယူနန်ပြည်နယ်ရဲ့ ပင်လယ်ထွက်ပေါက်အဖြစ် အသုံးပြုဖို့ စီစဉ်လာတာဟာလည်း မြန်မာ - တရုတ် ပူးပေါင်း ဆောင်ရွက်မှုများထဲက မဟာဗျူဟာကျတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။  အပိုင်း ( ၂ ) ကို နောက်တစ်ပတ် တနင်္လလာ နေ့တွင် ဆက်လက်ဖော်ပြသွားပါမည်  မြန်မာပြည်အပေါ် လွှမ်းမိုးလာနေတဲ့ တရုတ်ပြည် - အပိုင်း (၁) by ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည် ကိုမူရင်းအတိုင်းပြည်လည်မျှဝေသည်။  photoးး  မိုးတိမ်ဖေ့ဘွတ်မှ.
မြန်မာပြည် အပေါ် လွှမ်းမိုးလာနေတဲ့ တရုတ်ပြည် - အပိုင်း (၁)


၁၉၈၈ ခုနှစ် စက်တင်ဘာလ၊ မြန်မာပြည် ဒီမိုကရေစီ အရေးတော်ပုံကြီးအပြီး တပ်မတော်မှ ပြန်လည် အာဏာသိမ်းချိန်ကစ
လို့ တရုတ်အစိုးရဟာ န၀တ-နအဖ စစ်အစိုးရနဲ့ စီးပွားရေး၊ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုများကို အကြီးအကျယ် တိုးချဲ့လုပ်ကိုင်လာခဲ့ပါတယ်။

ပြည်ပ သုတေသီတွေရဲ့ အဆိုအရ မြန်မာပြည်အပေါ် ထားရှိတဲ့ တရုတ်ပြည်ရဲ့ မူဝါဒတွေမှာ ရည်ရွယ်ချက် (၇) ချက် ထားရှိတယ်လို့ သိရပါတယ်။ အဲဒါတွေကတော့ -


၁။ တရုတ်ပြည် အနောက်တောင်ဘက်က အိန္ဒိယသမုဒ္ဒရာကို ဆက်သွယ်တဲ့ လမ်းကြောင်းလုံခြုံရေး။


၂။ UWSA နဲ့ တရုတ်နယ်စပ် တိုင်းရင်းသား အပစ်ရပ်များ အပါအ၀င် နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းရေး။


၃။ တရုတ်ပြည်ရဲ့ လောင်စာစွမ်းအင် စိတ်ချဖူလုံစေရေး။


၎။ တရုတ် - မြန်မာအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် စီးပွားရေး လုပ်ကိုင်သည့် တရုတ်လူမျိုးများ၏ လုံခြုံရေး။


၅။ အိန္ဒိယနိုင်ငံ အနေနဲ့ အင်အားကြီးပြီး ခေါင်းထောင်ထလာမှာကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းရေး။


၆။ မြန်မာနိုင်ငံနဲ့ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းရေး။ (ယခုလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ တရုတ်ပြည်ကို သွားရောက်မယ်လို့ သတင်းထွက်နေပါတယ်။)


၇။ တရုတ်ပြည်ရဲ့ အနောက်ဘက် တံခါးဝတွင် အမေရိကန်နိုင်ငံရဲ့ ကိုလိုနီနယ်ချဲ့ လက်သစ် အင်ပါယာ မချဲ့ထွင်လာနိုင်ရေးအတွက် ကြားခံဇုန်အဖြစ် ထားရှိရေး။


တရုတ်ပြည်ရဲ့ မဟာဗျူဟာကတော့ ကိုယ်ကျိုးစီးပွားနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံကို ဆက်ဆံနေတယ်လို့ သုံးသပ်ရပါတယ်။


တရုတ်ပြည်ဟာ စီးပွားရေး တိုးတက်ဖွံ့ဖြိုး လာတဲ့အတွက်ကြောင့် လောင်စာ စွမ်းအင်တွေပိုပြီး လိုအပ်လာပါတယ်။ လောင်စာစွမ်းအင်ဟာ ပြည်ပက တင်သွင်းနေရတဲ့အပေါ်မှာ မှီခိုနေရမှုက ၂၀၂၀ ခုနှစ်မှာ ၆၀% ရှိလာမယ်လို့ ဆိုပါတယ်။ ဒီရေနံတင်သွင်းတာရဲ့ ၈၀% ဟာ မလက္ကာရေလက်ကြားက တဆင့် ဖြတ်နေရပါတယ်။


တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင်နှင့် ဦးသန်းရွှေ


မြန်မာပြည်မှာ တွက်ချက်အတည်ပြုပြီး ထုတ်ယူနိုင်တဲ့ သဘာဝဓါတ်ငွေ့ ပမာဏဟာ ၂.၅၄ ထရီလီယံကုဗမီတာရှိရာမှာ တရုတ်ပြည်မှာရှိတဲ့ သဘာဝ ဓါတ်ငွေ့ပမာဏနဲ့ ညီမျှပါတယ်။ ဒီဓါတ်ငွေ့သိုက်တွေဟာ အိန္ဒိယသမုဒ္ဒရာနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှာ တည်ရှိနေပါတယ်။


အထက်ကဖော်ပြတဲ့ ပထ၀ီနိုင်ငံရေးနဲ့ စီးပွားရေး အကြောင်းအချက်တွေက တရုတ်ပြည်ကို ရေနံနဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေ တည်ဆောက်ဖို့နဲ့ မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှုတွေ မဖြစ်မနေ လုပ်ဆောင်လာစေဖို့ တွန်းအား ပေးခဲ့တာ ဖြစ်ပါတယ်။


ဒါ့ပြင် စီးပွားရေး တိုးတက်လာနေတဲ့ တရုတ်ပြည်အတွက် မြန်မာပြည်ဟာ ကုန်ချောတစ်ပိုင်း ထုတ်ကုန်တွေ ထောက်ပံ့တဲ့ အဓိကနေရာနဲ့ ဈေးပေါတဲ့ လုပ်အားနဲ့ ကုန်ကြမ်း ရေသောက်မြစ် ရရာဒေသ ဖြစ်လာနေပါတယ်။ မြန်မာပြည်ကတဆင့် စရိတ်စကနည်းတဲ့ သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုကလည်း တရုတ်စီးပွားရေး လုပ်ငန်းတွေအတွက် မုချ အကျိုးရှိစေတာ ဖြစ်ပါတယ်။ အထူးသဖြင့် အိန္ဒိယသမုဒ္ဒရာနဲ့ ဆက်သွယ်ရေး လမ်းကြောင်း ဖြောင့်ဖြူးလာတာက တရုတ်ပြည်ရဲ့ ပထ၀ီနိုင်ငံရေး အကျိုးစီးပွားအတွက် စိတ်ချလက်ချ ဖြစ်သွားစေတဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ ဗန်းမော် - ရန်ကုန် ဧရာဝတီမြစ်ကြောင်းနဲ့ ရန်ုကုန် သီလဝါဆိပ်ကမ်းကို ယူနန်ပြည်နယ်ရဲ့ ပင်လယ်ထွက်ပေါက်အဖြစ် အသုံးပြုဖို့ စီစဉ်လာတာဟာလည်း မြန်မာ - တရုတ် ပူးပေါင်း ဆောင်ရွက်မှုများထဲက မဟာဗျူဟာကျတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။


အပိုင်း ( ၂ ) ကို နောက်တစ်ပတ် တနင်္လလာ နေ့တွင် ဆက်လက်ဖော်ပြသွားပါမည်


မြန်မာပြည်အပေါ် လွှမ်းမိုးလာနေတဲ့ တရုတ်ပြည် - အပိုင်း (၁)

by ရွှေအိမ်စည်စာကြည့်တိုက် - စာပေဒါနပြုသည် ကိုမူရင်းအတိုင်းပြည်လည်မျှဝေသည
်။

photoးး မိုးတိမ်ဖေ့ဘွတ်မှ.


No comments:

Post a Comment