Sunday, December 2, 2012

“ခင်ဗျားတို့ချစ်တဲ့ အမေစု(ဒေါ်အောင်ဆန်းစုကြည်က)က စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာပါနေပြီပဲ။ ခင်ဗျားတို့ အမေစုကို မယုံဘူးလား”

Ma Hnoung and Kyaw Aye shared Aungmyo Tun's photo.
"ခင်ဗျားတို့ချစ်တဲ့ အမေစု(ဒေါ်အောင်ဆန်းစုကြည်က)က စုံစမ်းစစ်ဆေးရေး
ကော်မရှင်မှာပါနေပြီပဲ။ ခင်ဗျားတို့ အမေစုကို မယုံဘူးလား"

ဒုတိယရဲမှူးကြီး သက်လွင်ရေ...

အနှီမေးခွ
န်းစကား ခင်ဗျားပါးစပ်က ထွက်လာတာ ကျုပ် သိပ်ကြိုက်တယ်။
ဒါဟာ ခုရက်ပိုင်းတွေထဲ ကျုပ်အတွေးကို သေချာသွားစေတဲ့ စကား။

ယုံလည်း ခင်ဗျားတို့  ကြံ့ဖွံ့ အစိုးရအတွက် အမြတ်၊ မယုံဘူး ခေါင်းခါလည်း

ခင်ဗျားတို့ အတွက် အမြတ် မဟုတ်လား။ ခုတော့ ခင်ဗျားအာစရိတွေ
မြိန်ရည်ရှက်ရည် အသေအလဲ လိုချင်နေတဲ့အဖြေ ကြားလိုက်ရပြီ ထင့်။
ခင်ဗျားတို့ နိုင်ငံရေးပန်းတိုင်ရောက်ဖို့ အတွက် ရဟန်းရှင်လူ ပြည်သူတွေကို
နည်းလမ်းပေါင်းစုံ ခုတုံးလုပ်ပြီး ဖမ်းဦး၊ ရိုက်ဦး၊ ညှင်းပန်းနှိပ်စက်ဦးပေါ့။

မြန်မာစစ်တပ်ဟာ နိုင်ငံရေးထဲ ဦးဆောင်ကဏ္ဍက ပါနေသ၍ လူထုမျက်ရည်

ဘယ်ခါ မတိတ်ဘူး မှတ်၊ တိုင်းပြည်ခမျာ ဘယ်တော့မှ နာလန်မထူဘူး မှတ်။


No comments:

Post a Comment