Monday, December 3, 2012

ဆေးပေါင်းခတဲ့ညမှာ ဘေးပေါင်းကျရပြီ . . .

Cho Aung and 5 other people shared ရင်ထဲကလာသော's photo.
မီးလောင်တိုက်(ကဗျာရှည်လေးပါ အဆုံးထိ သည်းခံဖတ်ပေးပါ) (၁) ဆေးပေါင်းခတဲ့ညမှာ ဘေးပေါင်းကျရပြီ . . . တိတ်ဆိတ်မှု့တွေကျကွဲခဲ့ မာလာလာရဲ့ ခေါင်းကကျည်ဆံ အီရတ်က အသေခံဗုံးကွဲသံ ဂါဇာက ပြည်သူတွေရဲ့ အိမ်အပြန် မဟုတ်ဘူး . . . မဟုတ်ဘူး . . . ညဥ့်နက်သန်ခေါင်ယံမှာ နတ်ဆိုးတွေရဲ့အန်ဖတ်တွေ သာသနာ တံတိုင်းမှာ မီးဟုန်းဟုန်းတောက်ခဲ့တယ်။ (၂၀၀၇) စက်တင်ဘာ ဒေါ်မာမာအေးရဲ့ ဆွေးမြည့်ဖွယ်တေး သံဃာတော်တွေ သွေးမြေကျရပြီတဲ့ ရင်ထဲကအလိပ်လိုက်ယိုကျလာတဲ့ လူမဆန်သောလုပ်ရပ်များ ရွံ့မုန်းမှူ့- ဟစ်တလာမျိုးစက်တွေပဲ လက်ဖြောက်တစ်ချက်နဲ့အမှန်တရားတွေ ထောင်တွေထဲ အကျဉ်းကျခံရတယ်။ (၂) ဆိုင်ရာနိုက်ဖြူလျော်လျော်တွေသွန်းကြဲပက်ချ ဟစ်တလာပါးစပ်ထဲက ကျည်ဆံတစ်တောင့်ထွက်ကျလာတယ် (တာရာမင်းဝေ၏ ကျောင်းဖွင့်ချိန်) အဲဒီကျည်ဆံတွေ ဆက်တရားပျက်နေတယ် အထည်ကြီးပျက်တွေက လက်ခမောင်းခတ်နေတယ် မတရားသဖြင့်ပဲ. . . လက်ဗလာနဲ့လူတွေကိုရက်စက်လိုက်တာ မီးဟုန်းဟုန်းတောက်တဲ့ လပြည့်ည အောက်တန်းကျမှုတွေ ပုပ်ပွလာတယ်။ (၃) ညတစ်ရေးနိုးအဖေကအလောတကြီးနှိုး ဒေါ်စုလာမယ့် သပိတ်စခန်း အင်အားသုံးဖြိုခွင်းခံရပြီတဲ့။ မီးလောင်တိုက်သွင်းခံရပြီတဲ့။ အနီရောင်ဝတ်သူရဲကောင်းများရဲ့ အရေပြားပေါ်က မီးလောင်နာတွေ ရင်ထဲထိကူးစက်လောင်ပြီး မျက်ဝန်းထဲမှာ မျက်ရည်တစ်စက်ပြီးတစ်စက် ဘုရား...ဘုရား...ဘုရား ဘုရားတိုင်းပြည် တရားတိုင်းပြည် သံဃာ့တိုင်းပြည် သမိုင်းဖျောတ်ချင်တဲ့လူတွေကြောင့် မီးဟုန်းဟုန်းတောက် သံဃာတွေ သွေးမြေကျရပြီ။ (၄) ပြောင်းလဲမှုတွေက အာခံတွင်းမှာ မီးလျှံတွေလို သီတဂူဆရာတော်ပြောသလို ရေတော့ရေ . . . ငရဲရေတွေ မရှိဆင်းရဲသားနင်းပြားတွေရဲ့ လက်ထဲက သုညတစ်လုံးကိုမှ အာသာငမ်းငမ်းတက်လိုချင်နေတဲ့ စူဇကာလို အသားဖြူတွေ မြန်မာပျက်တေးကိုရွတ်ဆိုနေကြတယ်။ တောင်ကချိုင့်ခွက် တောက ကတုံး မြစ်ကသွေးဆုံး နောက်ကျောထိုးတဲ့ ဓားချက်တွေက ကျေးဇူးတွေလား။ ကျေးဇူးရှင်တွေတဲ့လား။ (၅) ဒီမိုကရေစီ . . . အခု ကျုပ်တို့ပြောနေတဲ့ဒီမိုကရေစီ ရွှေလမ်းခင်း ငွေလမ်းခင်းရခဲ့တာလား သံဃာတော်တွေရဲ့ သွေးစက်တွေ ကျောင်းတော်သားတွေရဲ့ သွေးစက်တွေ ပြည်သူလူထုရဲ့ သွေးစက်တွေ သွေးစက်တွေ စုပေါင်းထားတဲ့ သွေးဒီမိုကရေစီ . . . သွေးဒီမိုကရေစီ။ (၆) ထမင်းတစ်နပ်အတွက် ဆင်းရဲတွင်းကမတက်နိုင်တဲ့ပြည်သူတွေ သမာအာဇီဝကိုယ့်လယ်ကိုထွန်တဲ့ လယ်သမားကြီးတွေက သူခိုးလား။ အပေါ်ကိုမြှောက်အောက်ကိုထောင်း လက်မှတ်တစ်ချက်နဲ့ထင်တိုင်းကြဲနေတဲ့ ပထွေးဖအေခေါ်နေတဲ့ဦးဦးတွေက သူခိုးလား။ (၇) နိုင်ငံရေးဟာ သံဃာနဲ့မဆိုင်ပေမယ့် နိုင်ငံရေးဟာ ပြည်သူနဲ့ဆိုင်တယ် ဗမာပြည်အတွက်ဆို သံဃာထုဟာ သူ့ရင်ကို ခတုတ်လုပ် ပြည်သူ့အတွက်ဆို လမ်းအဖြစ်ခင်းတဲ့ ရှင်ဥတ္တမရဲ့ သွေးတွေဟာ သမိုင်းကုန်တဲ့အထိ လတ်ဆတုန်း။ ဇာတ်ကြိုးတပ်တရားဥပဒေ တပင်တိုင်ဘီလူးက ကနေလိုက်တာ လာဘ်ပေးလာဘ်ယူဆိုတာ အငြိမ်းစားယူတဲ့အချိန်မှာ ဆုလာဒ်ကြီးတစ်ခုပမာ။ အစိုးရဆိုတာ အစကပဲ ရိုးရတာလား။ (၈) အတ္တတွေကို ဆိုင်းဘုတ်ချုပ်ပြီး အချုပ်အခြာအာဏာကို ပူဇော်သူတွေ ပင်လုံမှာသေနတ်သံညံနေတာကို ညစာစားပွဲကြီးတွေနဲ့ ဂုဏ်ယူနေကြ။ (၉) အရှင်လတ်လတ် မီးလောင်တိုက် သွင်းခံရသော ဆေးပေါင်းခတဲ့ည . . .  ယုတ်မာသူရဲ့ သုသာန်ဗိမာန်တွေ သံဃာ့သွေးတွေနဲ့ ငရဲမှာ ပေါ်ထွန်းနေပြီ။  မတရားသူရဲ့ သုသာန်ဗိမာန်တွေ သံဃာ့မီးလောင်နာတွေနဲ့ ငရဲမှာ ပေါ်ထွန်းနေပြီ။  ကောက်ကျစ်သူရဲ့ သုသာန်ဗိမာန်တွေ သံဃာအသက်တွေနဲ့ ငရဲမှာ ပေါ်ထွန်းနေပြီ။                             ဖြိုးဝေ(၀၉-၄၀၂၆၅၁၈၂၉)
မီးလောင်တိုက်(ကဗျာရှည်လေးပါ အဆုံးထိ သည်းခံဖတ်ပေးပါ)
(၁)
ဆေးပေါင်းခတဲ့ညမှာ
ဘေးပေါင်းကျရပြီ . . .
တိတ်ဆိတ်မှု့တွေကျကွဲခဲ့
မာလာလာရဲ့ ခေါင်းကကျည်ဆံ
အီရတ်က အသေခံဗုံးကွဲသံ
ဂါဇာက ပြည်သူတွေရဲ့ အိမ်အပြန်
မဟုတ်ဘူး . . . မဟုတ်ဘူး . . .
ညဥ့်နက်သန်ခေါင်ယံမှာ
နတ်ဆိုးတွေရဲ့အန်ဖတ်တွေ
သာသနာ တံတိုင်းမှာ
မီးဟုန်းဟုန်းတောက်ခဲ့တယ်။
(၂၀၀၇) စက်တင်ဘာ
ဒေါ်မာမာအေးရဲ့ ဆွေးမြည့်ဖွယ်တေး
သံဃာတော်တွေ သွေးမြေကျရပြီတဲ့
ရင်ထဲကအလိပ်လိုက်ယိုကျလာတဲ့
လူမဆန်သောလုပ်ရပ်များ
ရွံ့မုန်းမှူ့-
ဟစ်တလာမျိုးစက်တွေပဲ
လက်ဖြောက်တစ်ချက်နဲ့အမှန်တရားတေ

ထောင်တွေထဲ အကျဉ်းကျခံရတယ်။
(၂)
ဆိုင်ရာနိုက်ဖြူလျော်လျော်တွေသွ
န်းကြဲပက်ချ
ဟစ်တလာပါးစပ်ထဲက
ကျည်ဆံတစ်တောင့်ထွက်ကျလာတယ်
(တာရာမင်းဝေ၏ ကျောင်းဖွင့်ချိန်)
အဲဒီကျည်ဆံတွေ ဆက်တရားပျက်နေတယ်
အထည်ကြီးပျက်တွေက လက်ခမောင်းခတ်နေတယ်
မတရားသဖြင့်ပဲ. . .
လက်ဗလာနဲ့လူတွေကိုရက်စက်လိုက်တာ
မီးဟုန်းဟုန်းတောက်တဲ့ လပြည့်ည
အောက်တန်းကျမှုတွေ ပုပ်ပွလာတယ်။
(၃)
ညတစ်ရေးနိုးအဖေကအလောတကြီးနှိုး
ဒေါ်စုလာမယ့် သပိတ်စခန်း
အင်အားသုံးဖြိုခွင်းခံရပြီတဲ့။
မီးလောင်တိုက်သွင်းခံရပြီတဲ့။
အနီရောင်ဝတ်သူရဲကောင်းများရဲ့
အရေပြားပေါ်က မီးလောင်နာတွေ
ရင်ထဲထိကူးစက်လောင်ပြီး
မျက်ဝန်းထဲမှာ မျက်ရည်တစ်စက်ပြီးတစ်စက်
ဘုရား...ဘုရား...ဘုရား
ဘုရားတိုင်းပြည်
တရားတိုင်းပြည်
သံဃာ့တိုင်းပြည်
သမိုင်းဖျောတ်ချင်တဲ့လူတွေကြောင
့်
မီးဟုန်းဟုန်းတောက်
သံဃာတွေ သွေးမြေကျရပြီ။
(၄)
ပြောင်းလဲမှုတွေက
အာခံတွင်းမှာ မီးလျှံတွေလို
သီတဂူဆရာတော်ပြောသလို
ရေတော့ရေ . . . ငရဲရေတွေ
မရှိဆင်းရဲသားနင်းပြားတွေရဲ့
လက်ထဲက သုညတစ်လုံးကိုမှ
အာသာငမ်းငမ်းတက်လိုချင်နေတဲ့
စူဇကာလို အသားဖြူတွေ
မြန်မာပျက်တေးကိုရွတ်ဆိုနေကြတယ်

တောင်ကချိုင့်ခွက် တောက ကတုံး
မြစ်ကသွေးဆုံး
နောက်ကျောထိုးတဲ့ ဓားချက်တွေက
ကျေးဇူးတွေလား။
ကျေးဇူးရှင်တွေတဲ့လား။
(၅)
ဒီမိုကရေစီ . . .
အခု ကျုပ်တို့ပြောနေတဲ့ဒီမိုကရေစီ
ရွှေလမ်းခင်း ငွေလမ်းခင်းရခဲ့တာလား
သံဃာတော်တွေရဲ့ သွေးစက်တွေ
ကျောင်းတော်သားတွေရဲ့ သွေးစက်တွေ
ပြည်သူလူထုရဲ့ သွေးစက်တွေ
သွေးစက်တွေ စုပေါင်းထားတဲ့
သွေးဒီမိုကရေစီ . . . သွေးဒီမိုကရေစီ။
(၆)
ထမင်းတစ်နပ်အတွက်
ဆင်းရဲတွင်းကမတက်နိုင်တဲ့ပြည်သူ
တွေ
သမာအာဇီဝကိုယ့်လယ်ကိုထွန်တဲ့
လယ်သမားကြီးတွေက သူခိုးလား။
အပေါ်ကိုမြှောက်အောက်ကိုထောင်း
လက်မှတ်တစ်ချက်နဲ့ထင်တိုင်းကြဲေ
နတဲ့
ပထွေးဖအေခေါ်နေတဲ့ဦးဦးတွေက
သူခိုးလား။
(၇)
နိုင်ငံရေးဟာ သံဃာနဲ့မဆိုင်ပေမယ့်
နိုင်ငံရေးဟာ ပြည်သူနဲ့ဆိုင်တယ်
ဗမာပြည်အတွက်ဆို သံဃာထုဟာ
သူ့ရင်ကို ခတုတ်လုပ်
ပြည်သူ့အတွက်ဆို လမ်းအဖြစ်ခင်းတဲ့
ရှင်ဥတ္တမရဲ့ သွေးတွေဟာ
သမိုင်းကုန်တဲ့အထိ လတ်ဆတုန်း။
ဇာတ်ကြိုးတပ်တရားဥပဒေ
တပင်တိုင်ဘီလူးက ကနေလိုက်တာ
လာဘ်ပေးလာဘ်ယူဆိုတာ
အငြိမ်းစားယူတဲ့အချိန်မှာ
ဆုလာဒ်ကြီးတစ်ခုပမာ။
အစိုးရဆိုတာ အစကပဲ ရိုးရတာလား။
(၈)
အတ္တတွေကို ဆိုင်းဘုတ်ချုပ်ပြီး
အချုပ်အခြာအာဏာကို ပူဇော်သူတွေ
ပင်လုံမှာသေနတ်သံညံနေတာကို
ညစာစားပွဲကြီးတွေနဲ့ ဂုဏ်ယူနေကြ။
(၉)
အရှင်လတ်လတ်
မီးလောင်တိုက် သွင်းခံရသော
ဆေးပေါင်းခတဲ့ည . . .

ယုတ်မာသူရဲ့ သုသာန်ဗိမာန်တွေ

သံဃာ့သွေးတွေနဲ့
ငရဲမှာ ပေါ်ထွန်းနေပြီ။

မတရားသူရဲ့ သုသာန်ဗိမာန်တွေ

သံဃာ့မီးလောင်နာတွေနဲ့
ငရဲမှာ ပေါ်ထွန်းနေပြီ။

ကောက်ကျစ်သူရဲ့ သုသာန်ဗိမာန်တွေ

သံဃာအသက်တွေနဲ့
ငရဲမှာ ပေါ်ထွန်းနေပြီ။

ဖြိုးဝေ(၀၉-၄၀၂၆၅၁၈၂၉)

No comments:

Post a Comment