တွေမှာ အများဆုံးရှာဖွေကြပါတယ်။ အဲဒီလိုရှာရာမှာ
တခါတရံမှာကိုယ်လိုချင်တဲ့ အချက်အလက်ကို SE (Search Engine) က ရှာပေးရာမှာ
စိတ်တိုင်းကျတဲ့ရလဒ်မျိုး မရရှိတတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူရဲ့ ရလဒ်ကို
ရှာဖွေ ပေးတာက လူမဟုတ်ပဲ Web Spider (Web Crawler, Web Robot) ဆိုတဲ့
program လေးက ရှာဖွေ ပေးလို့ပါ။ သူက ဘယ်လို
ရှာပေးလဲဆိုတော့ကိုယ်ရိုက်ထည့်လိုက်တဲ့ query (ရှာလိုတဲ့ စာသား) ပါတဲ့
Site တွေမှန်သမျှကို လိုက်ရှာပြီး result ပြပေးခြင်း ကြောင့်ပါ။ဒါကြောင့်
တခါတရံမှာ ကိုယ်ရှာတဲ့ အကြောင်းအရာ query ကို
စာသားအကြောင်းအရာနဲ့ဆိုင်တဲ့ အချက်အလက်
တစ်ကြောင်းနှစ်ကြောင်းလောက်သာပါဝင်တဲ့ site တွေပါ result မှာတွေ့ရမှာပါ။
ဒီလိုရလဒ်မျိုးတွေထက်ပိုပြီးတိတိကျကျရှာဖွေ ချင်တယ်ဆိုရင်တော့ Advanced
Web Search ကိုသုံးပြီး ရှာနိုင်ပါတယ်။ ဒီလို Advanced Web Search ကို
နာမည်ကျော် Search Engine တော်တော်များများမှာ ၀န်ဆောင်မှုပေးထားပါတယ်။
ဥပမာ – Google ရဲ့Google Advanced Web Search Form ကို ဖြည့်၍
ရှာခြင်းဖြင့်
လိုချင်တဲ့ အချက်အလက်ကို တိတိကျကျ ရှာလို့ရပါတယ်။ တချို့ အကြောင်းအရာတွေ
ဥပမာ Music, Game, Sports & Travel စတဲ့ အရှာများတဲ့ အကြောင်းအရာတွေကို
ရှာဖွေရာမှာ စိတ်တိုင်းကျ ရလဒ်မျိုးမရခဲ့ရင်တော့ Topic တူ အကြောင်းအရာ
တူတွေ စုစည်းပေးထားတဲ့ Topic Directory ကနေ ရှာဖွေတာက ပိုကျေနပ်ဖို့
ကောင်းပါလိမ့်မယ်။ ဒီလို Directory Search ကို နာမည်ကျော် Search Engine
တွေမှာ ရရှိနိုင် ပါတယ်။သူ့ကို Topic Directory, Category List, an
Index, Directory စသည်ဖြင့်ခေါ်ဝေါ် ကြပါသေးတယ်။ Search Engine တွေမှာ
ဒီလို Directory Search တွေအပြင် File Extensionနဲ့ ကိုယ်လိုချင်တဲ့
ဖိုင် အမျိုးအစား တွေကိုလည်း ရှာလို့ ရနိုင်ပါတယ်။ ဥပမာ ကိုယ်က mp3 ဖိုင်
ရှာချင်တယ် ဆိုပါစို့ index of mp3 လို့ရိုက်ထည့်ပြီး ရှာလိုက်လို့
ရပါတယ်။ ဒါဆိုရင်သူက mp3 ဖိုင် ရနိုင်တဲ့ဆိုဒ်တွေကို လာပြပေးမှာပါ။
ဆိုဒ်ကို ကလစ် နှိပ်လိုက်ရင် သူကဆိုဒ်ရဲ့ Directory ကို ရောက်သွားမှာ
ဖြစ်ပါတယ်။ အဲဒီလို mp3 ဖိုင် အပြင် တခြား wma, mov, exe စသည်ဖြင့်
ကိုယ်ရှာလိုတဲ့ ဖိုင် extension ကို index of နောက်မှာ ထည့်ရှာလို့
ရပါတယ်။ ဖိုင် extension အမျိုးအစား အများကြီးကိုတခါထဲ တန်းရှာချင်တယ်
ဆိုရင်တော့ ဥပမာ – index of (wmv|mov|mp4|mpg|avi) ဆိုပြီး ရှာချင်တဲ့
extension တွေကို | လေးခြားပြီး ရှာနိုင်ပါတယ်။သီချင်း ကြိုက်သူများ
အတွက်ကတော့ Search Engine ကို အသုံးချစရာနည်းလမ်းတွေ ရှိပါသေးတယ်။
နောက်ဆုံးထွက် latest သီချင်းတွေကို ရှာချင်တယ်ဆိုရင်တော့
ဒီကုဒ်လေးသုံးပြီး ရှာလို့ရပါတယ်။ -inurl:htm -inurl:html intitle:"index
of" "Last Modified" mp3 လို့ ရိုက်ထည့်ပြီး သီချင်း အသစ် တွေကို
ရယူနိုင်ပါတယ်။ mp3 မဟုတ်ပဲ တခြားဖိုင် လိုချင်ရင်လည်း mp3 နေရာမှာ
လိုချင်တဲ့ ဖိုင် extension ကို
ရိုက်ထည့်ပြီး နောက်ဆုံး update လုပ်ထားတဲ့ ဖိုင်တွေ ရနိုင်ပါတယ်။
သီချင်းဖိုင်ကို သီချင်းနာမည် ဒါမှမဟုတ် သီချင်းဆိုသူ အမည်နှင့်
ရှာချင်တယ် ဆိုရင်တော့ -inurl:htm -inurl:html intitle:"index of" mp3
"guns n roses" ဒီကုဒ်ကို အသုံးပြု ရှာနိုင်ပါတယ်။ အဲဒီ ကုဒ်ရဲ့နောက်ဆုံး
mp3 နောက်က ကွင်းထဲမှာ ကိုယ်ရှာချင်တဲ့ သီချင်းနာမည် ဒါမှမဟုတ် အဆိုတော်
နာမည်ကို ပြောင်းထည့်ပြီး ရှာရုံပါပဲ။ ဒီလို ရှာခြင်းအားဖြင့်ဆိုဒ်ရဲ့
Directory ကို တိုက်ရိုက် ရောက်တာ ဖြစ်တာကြောင့် တခါတရံ Access Denined
ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အားသာချက်က virus တွေ spyware တွေမကပ်နိုင်ပါဘူး။
နောက် Search Engine ကို လူသိနည်းတဲ့ အသုံးချစရာ
နည်းလမ်းတွေလည်းရှိပါသေးတယ်။ ဒါကတော့ Search Operators တွေကို
သုံးပြီးရှာခြင်းပါ။ ဒီ Search Operators တွေကို နာမည်ကျော် Search
Engine တော်တော် များများမှာအသုံးချနိုင်ပါတယ်။ Search Operators တွေက
query မှာ ပါတဲ့ စကားလုံးတွေကို တွဲဆက် ပေးပါတယ်။ ဒီ Operators တွေ
အကြောင်းကို Search Engineတွေရဲ့ Help pages တွေမှာလည်း ဖတ်ရှုနိုင်
ပါတယ်။ Search Operators ၇ မျိုးရှိပါတယ်။ အဲဒါတွေကတော့ -
1. AND
2. OR
3. NOT
4. Quotation Marks
5. NEAR
6. Wildcards
7. Field Searches ဆိုတဲ့ ၇ မျိုးပါ။
1. AND (+)
ဒီကုဒ်ကို ရှာလိုတဲ့ query နှစ်ခုလုံးပါတဲ့ result မျိုး
လိုချင်ရင်သုံးပါတယ်။ ဥပမာ – railroad AND cars လို့ ရှာမယ် ဆိုရင် ရမယ့်
result က railroad cars တွေ အကြောင်း၊ railroad cars တည်ဆောက်ပုံ
အကြောင်း၊railroad မှာ လမ်းချော်တဲ့ cars တွေ အကြောင်း စတဲ့ railroad နဲ့
carsဆိုတဲ့ စာသားပါတဲ့ စာမျက်နှာ တွေကို ပြပေးမှာ ဖြစ်ပါတယ်။
ဒီကုတ်ကိုရေးတဲ့ အခါမှာ Operator သုံးရင် AND ကို အားလုံး အကြီးစာလုံးနဲ့
ရေးရပါမယ်။ ဒါ့အပြင် AND အစား ( + ) သင်္ကေတ အစားသုံးလို့ရပါတယ်။
2. OR
ဒီကုဒ် သုံးပြီး ရှာမယ် ဆိုရင်တော့ တစ်ခု မဟုတ် တစ်ခု
လိုချင်တဲ့အခါသုံးနိုင် ပါတယ်။ ဥပမာ – railroad OR cars လို့ ရှာလိုက်ရင်
ရလဒ်က railroad ပေါ်က cars အကြောင်း ဖြစ်ချင် ဖြစ်မယ်၊ ဒါမှမဟုတ်
railroadအကြောင်း ပဲပါတာမျိုး ဖြစ်ချင်ဖြစ်မယ်၊ cars အကြောင်းချည်းပဲ
ပါတဲ့
စာမျက်နှာမျိုး တနည်းအားဖြင့် query နှစ်ခုထဲက တစ်ခုခု ပါရင်ကို
ရလဒ်လာပြပေးမှာ ဖြစ်ပါတယ်။ သူ့ကိုလည်း ရေးတဲ့အခါ OR ဆိုပြီး အကြီးနဲ့ပဲ
ရေးရပါမယ်။
3. NOT (-)
ဒီ Operator ကိုတော့ မလိုချင်တဲ့ စာသားမျိုး မပါအောင်
ရှာတဲ့နေရာမှာသုံးပါတယ်။ ဥပမာ – railroad NOT cars ဆိုရင် Search Engine
က railroadဆိုတဲ့ စာသားပါပြီး cars ဆိုတဲ့ စာသားမပါတဲ့ စာမျက်နှာ
တွေကိုသာရှာဖွေပေးမှာ ဖြစ်ပါတယ်။ ဒီ Operator ကို သုံးရင် မပါစေချင်တဲ့
စာသားကိုNOT နောက်မှာ ထည့်ရပါမယ်။ Operator ကို လည်း NOT ဆိုပြီး
အကြီးစာလုံးနဲ့ရေးရပါမယ်။ NOT မရေးဘဲ ( – ) ဆိုတဲ့ သင်္ကေတလေး နဲ့
လည်းသုံးလို့ ရပါတယ်။
4. Quotation Marks
ဒီ Operator ကတော့ ရိုးရှင်းပါတယ်။ ရှာလိုတဲ့ query ကို ( ""
)လေးထည့်ပေးခြင်းပါ။ ဥပမာ – "green card" လို့ ရိုက်ထည့်ပြီးရှာရင် သူက
Immigration အချက်အလက်တွေ အကြောင်း ပြပေး မှာပါ။
5. NEAR
ဒီ Operator ကိုတော့ ရှာလိုတဲ့ keyword နှစ်ခုရဲ့
အကွာအဝေးနဲ့ရှာတဲ့နေရာမှာ သုံးပါတယ်။ သုံးတဲ့နေရာမှာ NEAR နောက်ကပ်ရပ်မှာ
/ သင်္ကေတထည့်ပြီး သုံးရ ပါမယ်။ ဥပမာ – library NEAR/15 congress ဆိုရင်
ရလဒ်ကlibrary နဲ့ congress ဆိုတဲ့ စာသား နှစ်ခု စကားစု ၁၅ စု
အတွင်းမှာရှိနေတဲ့ စာမျက်နှာ တွေကို ပြပေးမှာပါ။ Library Of Congress
ဒါမှမဟုတ်Congress funds special library research လိုမျိုး စကားစု
၁၅လုံးအတွင်းမှာ ရှိတဲ့ စာမျက်နှာ တွေ ပြပေး မှာပါ။ အဲဒီ ဥပမာ ပြထားတဲ့
၁၅ဆိုတဲ့နေရာမှာ လိုချင်တဲ့ အကွာအဝေး ထည့်ပြီး ရှာနိုင်ပါတယ်။
သူ့ကိုလည်းအားလုံး စာလုံး အကြီးနဲ့ ရေးရပါမယ်။
6. Wildcards ( * )
Asterisk ( * ) လို့ခေါ်တဲ့ ကြယ်ပုံ သင်္ကေတလေးရဲ့ တခြား အမည်က wildcard
character လို့ခေါ်ပါတယ်။ ဒီ Operator ကိုတော့ အဓိပါယ်
ဆင်တူတဲ့စာသားမျိုးတွေ ရှာရင် သုံးပါတယ်။ ဥပမာ – medic* ဆိုရင် result က
medic, medics, medicine, medical, medication နဲ့ medicinal စတဲ့ medic
နဲ့ဆင်တူတဲ့ စာသားပါတဲ့ စာမျက်နှာတွေ ရှာပေးမှပါ။
7. Field Searches
ဒီ Operator ကိုတော့ စာမျက်နှာရဲ့ title ဒါမှမဟုတ် URL မှာ ပါတဲ့စာသားကို
ရှာဖို့ သုံးပါတယ်။ ဥပမာ – T:Computer ဆိုရင် Web page ရဲ့Title မှာ
ဒါမှမဟုတ် URL မှာ Computer ဆိုတဲ့ စကားလုံးပါတဲ့ စာမျက်နှာတွေကို ပြပေး
မှာပါ။ ရှာချင်တဲ့ keyword ရှေ့မှာ T: ဆိုတဲ့ စာသားရေးလိုက်ရုံ ပါပဲ။
ဒီလို T: နဲ့ Title အလိုက် ရှာတာအပြင် အခြားကုဒ်တွေကို Code Search မှာ
ကြည့်ရှုနိုင် ပါတယ်။ဒီလိုဆိုရင်တော့ Search Engine တွေကို ကောင်းကောင်း
အသုံးချလို့ရလောက်ပြီလို့ ထင်ပါတယ်။ Search Engine တွေမှာ အထက်ကလို
Operators တွေအပြင် ရိုးရှင်းတဲ့ မေးခွန်းတွေကို သုံးပြီး ရှာလို့ရ
ပါတယ်။ ဥပမာ -movie + review လို့မရှာပဲ Where can I find music reviews?
လို့ရိုက်ပြီး ရှာနိုင် ပါတယ်။ လူသိများတဲ့ Search Engine အချို့ကတော့ -
# Google
# Yahoo!!
# msn
# Ask
# All The Web
# Lycos
# Gahoo Yoogle (Yahoo!!+ Google)
# Dog Pile (Yahoo!! + Google + msn + Ask)
# Baidu (Chinese Search Engine)
No comments:
Post a Comment