Sunday, November 11, 2012

ကျွန်ုပ်၏ တောင်းဆိုမှု

ကမ္ဘာကိုတုန်လှုပ်စေသော လူတွေထဲမှာ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များ မပါဝင်ဖို့ အရေးကြီးပါသည်။ လူ့လောကကြီး၏ လိုအပ်ချက်တို့ကို ကျွန်ုပ်တို့ ၀ိုင်းဝန်းဖြည့်စွက်ပေးနိုင်ကြဖို့ အားထုတ်ကြရမည်ဖြစ်ပါသည်။ လိုအပ်ချက်ဆိုသည်မှာ စိတ်ဓါတ်ရေးရာ လိုအပ်ချက်ကို ဆိုလိုပါသည်။ သို့မှသာ ကမ္ဘာ့လူသား အများစုက ဘာသာရေးခေါင်းဆောင်တို့သည် ကမ္ဘာ့လူသားအားလုံးတို့အတွက် ကျေးဇူးပြုတတ်သော အထူးအားကိုးထိုက်သော ပုဂ္ဂိုလ်များဖြစ်သည်ဟု သိမြင်လာကြမည်ဖြစ်ပါသည်။
ထိုသည်ကား ကျွန်ုပ်၏ တောင်းဆိုမှုပင်ဖြစ်ပါသတည်း။


ပူလောင်နေသော ကမ္ဘာမှာ ကျွန်ုပ်တို့သည် ကိလေသာမီး၊ သောကမီး၊ စစ်မီးတို့ကို ငြိမ်းသတ်နိုင်သော ပုဂ္ဂိုလ်များအဖြစ် ကမ္ဘာ့ရေးရာမှာ ပါဝင်ကြရမည်ဖြစ်ပါသည်။ ကမ္ဘာလောကကို မီးဝိုင်းရှို့သောလူတွေထဲမှာ ကျွန်ုပ်တို့ မပါဝင်နိုင်ပေ။

ကျွန်ုပ်တို့ ဘာသာရေး ခေါင်းဆောင်များသည် လူသားတို့ထံမှ ဘာကိုမျှ မတောင်းဆိုကြပါ။ သို့သော် “Jealousy ကို Joy သို့ပြောင်းကြပါ။ Evil ကို Good သို့ပြောင်းကြပါ။ Ignorance ကိုEnlightenment သို့ပြောင်းကြပါ။ အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့ ပြောင်းကြပါ” ဟူသော Change ကို တကယ်ပဲ တောင်းဆိုလိုပါသည်။
သီတဂူ စန်းလပမာချမ်းမြသာယာရှိကြပါစေ။

(သီတဂူဆရာတော်-စစ်ကိုင်း)
မှကူးယူဖော်ပြအပ်ပါသည်။

No comments:

Post a Comment