သေစာသောက်စား၊ လမ်းသွားခါမဲ့၊ ရှုငဲ့သဘင်၊ ပျော်ရွှင်အန်လောင်း၊
မကောင်းမိတ်ဖျင်း၊ ပျင်းရိခြင်းကား၊ ယိုယွင်းဥစွာပျက်ကြောင်းတည်း။
( ခ) သေအရက်သောက်ခြင်း အပြစ်ခြောက်ပါး
ဥစွာယုတ်ခြင်း၊ ငြင်းခုံများစွာ၊ ရောဂါထူပြော၊ ကျော်စောမဲ့တုံ၊
မလုံအင်္ဂါ၊ ပညာနည်းရှား၊ ထိုခြောက်ပါးကား သောက်စားသေစာအပြစ်တည်း။
( ဂ) အခါမဲ့သွားလားခြင်း အပြစ်ခြောက်ပါး
ကိုယ့်သားမယား၊ တခြားဥစွာ၊ လုံရာမဲ့ရှာင်း၊ မကောင်းအရာ၊ ရွရှာလေအပ်၊
ယိုးစွပ်ရောက်မှု၊ ဆင်းရဲစု ခြောက်ခု ခါမဲ့သွားပြစ်တည်း။
(ဃ) သဘင်ပွဲလမ်း အပြစ်ခြောက်ပါး
ကခြင်းတလီ၊ သီ ခြင်းတသီး၊ မှုတ်တီးတသင်း၊ ပြိန်ဖျင်းတအုပ်၊
လက်ခုပ်တတည်၊ အိုးစည်တဖြာ၊ ရှိရာရှာပြီး၊ ဥစွာပျက်မှု ထိုခြောက်ခုကား
ကြည့်ရှုသဘင်အပြစ်တည်း။
( င) လောင်းကစားသူ အပြစ်ခြောက်ပါး
အောင်သူ ရန်ပွား၊ ရှုံးသားစိုးရိမ်၊ စည်းစိမ်လျော့ပါး၊ တရားသဘင်၊
မ၀င်သက်သေ၊ မိတ်ဆွေနှိမ့်ဆို၊ မလိုထိမ်းမြား၊ ထိုခြောက်ပါးကား
ပျော်ပါးကြွေအန် အပြစ်တည်း။
( စ) မိတ်ဆွေပျက်ခြောက်ပါး
ကြွေအန်ကြူးထ၊ မိန်းမကြူးထွေ၊ သေစာကြူးမှု၊ အတုပြုငြား၊
လှည်းစားတစ်ထောက်၊ မျက်မှောက်လှည့်ချက်၊ နိုင်ထက်လုယူ ထိုသူခြောက်ပါး
မိတ်ဖြစ်လားကြောင့်၊ ပျက်ပြားမိတ်ဆွေ အပြစ်တည်း။
(ဆ) ပျင်းရိခြင်း အပြစ်ခြောက်ပါး
အချမ်းပြင်းဝှန်၊ အလွန်ပူနိုး၊ မိုးချုပ်လှမော၊ စောလှလွန်းရောင်၊
ဆာလောင်ပြင်းပြ၊ ၀မ်းဝလွန်းထွေ၊ နေက ပညာ၊ မပွားရာသည် ခြောက်ဖြာ
ပျင်းသူအပြစ်တည်း။
( ဇ) အကြီးအကဲကျင့်ဝတ် ခြောက်ပါး
ထကြွ နိုးကြား၊ သနား သည်းခံ။ ဝေဖန် ကြည့်ရှု၊ ထိုခြောက်ခုကား ကြီးသူ့
ကျင့်ရာ တရားတည်း၊
( ဈ) ကိုယ်ကျိုးသားငဲ့သော အဆွေခင်ပွန်းတု လေးယောက်
လက်ချည်းလာပြီး ဥစွာဆောင်သယ်၊ နည်းငယ်ဖြင့်သာ၊ များစွာလိုရှိ၊
ဘေးထိရောက်ခါ၊ ပြုလာတုံဘိ၊ မိမိကျိုးငှါ၊ မှီလာပေါင်းယှဉ် လေးယောက်
စဉ်ကား အညဒတ်တုဟရတည်း။
(ည) နှုတ်ဖြင့်သား ဟန်ဆောင်သော အဆွေခင်ပွန်းတု လေးယောက်
ရှေးဖြစ်စေ့စပ်၊ တထပ်နောက်မှီး၊ ချည်းစည်းသဂြိုလ်၊ ပေးလိုစဟန်၊
ပစွုပွန်မူ၊ ပြညွှန်ပျက်ပြား၊ ထိုလေးပါးကား မှတ်သား ၀စီပရမတည်း။
( ဋ) ချစ်ဖွယ်ကိုသာ ဆိုတတ်သော အဆွေခင်ပွန်းတု လေးယောက်
မကောင်းခွင့်ပြု၊ ကောင်းမှုကိုလျှင်၊ ဆင်ခြင်မရှု၊ ခွင့်ပြုသည်ပင်၊
ရှေ့တွင် ချီးမွမ်း၊ ဖုံးလွှမ်းကွယ်လျှင်၊ ကဲ့ရဲ့ချင်သည်၊ လေးအင်
ပိယဘာဏီတည်း။
( ဌ) ပျက်စီးလွယ်သော လူလေးယောက်
သောက်ထုတ်သေရက်၊ ညဥ့်နက်လမ်းသွား၊ ရှုစားသဘင်၊ ပျော်ရွှင်အန်စာ၊
လေးရပ်မှာပင်၊ တကွထင်သည်၊ လေးအင် ပါယသဟဲတည်း။
( ဍ) ကျေးဇူးရွက်ဆောင်သော အဆွေခင်ပွန်းစစ် လေးယောက်
မေ့လျော့စောင့်လာ၊ ဥစွာစောင့်ရှောက် ဘေးရောက်ကိုးကွယ်၊ ပြုဖွယ်ရှိက၊
နှစ်ဥစွာ၊ ချေးပေးလာသည်၊ လေးဖြာ ဥပကာရတည်း။
( ) ဆင်းရဲမကွာ ချမ်းသာမပစ်သော အဆွေခင်ပွန်းစစ် လေးယောက်
လျှို့ဝှက်စကား၊ ကြားစေတုံလျက်၊ သူလျှို့ဝှက်ပြီး၊ ဘေးတွေ့မစွန့်၊
မတွန့်တိုပါ၊ သူ့ကိုညှာလျက်၊ ကိုယ့်သက်စွန့်မြောက်၊ ထိုလေးယောက်ကား
မျှလောက်ချမ်းသာ ဆင်းရဲတည်း။
(ဏ) အကျိုးစီးပွားကို ပြောကြားတတ်သော အဆွေခင်ပွန်းစစ်လေးယောက်
မကောင်းမြစ်ထာ၊ ကောင်းရာသွင်းထား၊ မကြားစထောင်၊ အကြောင်းကြားလား၊
နတ်ရွာလမ်းပြ၊ ထိုလေးဝကား၊ အတ်တခ်ကာယီတည်း။
(တ) အစဉ်သနားတတ်သော အဆွေခင်ပွန်းစစ် လေးယောက်
ဥစွာခမ်းနား၊ မပွားသမြို့၊ မနှစ်လို့ငြား၊ ပွားကရွှင်မြူး၊
ကျေးဇူးမဲ့ကို၊ ဆိုသော်တားမြစ်၊ ကျေးဇူးဖြစ်ကို၊ ဆိုဆော်ချီးမွမ်း၊
သူ့တို့တမ်းကား မိတ်ကျွမ်း အနုကမ်မတည်း။
(ထ) အလေးအမြတ်ပြုအပ်သော အရပ်ခြောက်မျက်နှာ
အရှေ့မိဘ၊ တောင်မှဆရာ၊ နောက်မှာမယား၊ မြောက်ကား မိတ်ဆွေ၊
အောက်ခြေကျွန်များ၊ အထက်ဖျားကား ပုဏားရဟန်း ခြောက်ရပ်တည်း။
( ဒ) အလောင်းလျာတို့ အလိုတော်ခြောက်ပါး
လောဘ ဒေါသ၊ မောဟ ကင်းလို၊ တောခုတဖြာ၊ ဆိတ်ရာ ငြိမ်သက်၊ ၀ဋ်မှထွက်၊
ခြောက်ချက် လောင်းလျာလိုတော်တည်း။
( ဓ) မပြတ်ဆင်ခြင်ရသော တရားငါးပါး
အိုခြင်းတဖြာ၊ နာခြင်းတထွေ၊ သေခြင်းတခြား၊ ကွဲပြားတတန်၊ ကံလျှင် ဥစွာ၊
ထိုငါးဖြာကို မကွာနေည၊ ဥာဏ်သက်ဝင်ပြီး ဆင်ခြင်ကြ။
( န) အကျိုးဆောင်သော တရား တစ်ပါး
သေခြင်းတစ်ပါး ထိုတရားကား စီးပွားမြားမြောင်၊ အကျိုးဆောင်သည်
အိုအောင် အောက်မေ့စီးဖြန်းကြ
ဂိဟိဝိနယဆုံးမစာပြီး၏
From http://alinkabar.ning.com/
No comments:
Post a Comment