သက္ကရာဇ် အပုပ်အသိုးတွေကို
လှည်းကျိုးအောင်ထမ်းတင်ပြီး
ခယောင်းပြင်မှာ
မောင်းနှင်လာခဲ့တဲ့
မဟာခရီးကြမ်းကြီးမှာ
…။
နေရာကလေးတစ်ခုအတွက်
အလုအယက် အကန်ကျောက်
အိတ်ပေါက်နဲ့
ဖားကောက်သလို
ဟိုကယို သည်ကဖိတ်နဲ့
စိတ္တဇ လူနာတွေ
ပြည့်သိပ်လျက်နေ၏ ။
စမြိန်စာကလည်း
မြိန်စရာမရှိ ။
သဲချောင်းလမ်းမှာ
လှည်းမောင်းတမ်း
ကစားနေရသလိုရှိ၏ ။
လှမ်းသာလှမ်းခဲ့ရ
ပန်းတိုင်က ဘယ်မှာမှန်းမသိ
။
မသိခရီးမှာ
သတိကြီးကြီးထားဖို့
လို၏ ။
ဖူးငုံလည်း ရှိ၊
ဆူးချုံလည်း ရှိ ။
တင်မိုး
၁၁၊ ၄၊ ၉၉ တနင်္ဂနွေနံနက်
ရွှေမော်ကွန်း
မဂ္ဂဇင်း အမှတ်( ၃၁ )၂၀၀၀၊ ဇန္န၀ါရီ၊
ကဗျာသရုပ်ဖော်ပုံကို ဆရာဝရက မေတ္တာဖြင့် ရေးဆွဲပေးခဲ့တာပါ။
http://shwemawkunn.blogspot.com/ဆိုက်မှတဆင့်ကူးယူဖော်ပြလိုက်ရပါသည်။
No comments:
Post a Comment