၁။ ရွှေနန်းအိမ်
စည်းစိမ်များ ၊
စံထားဖွယ် ပေါကြွယ်လည်း
ဓနနယ်
ဂုဏ်မမောက်
အံ့လောက်ပေသူ။
၂။ စီးပွားရှင် တွေ့ကြုံရ
လူ့မှုဘ၀အထွေထွေ
ဘယ်သူတွေ တရားပျက်
ကိုယ်မပျက်လေသူ။
၃။ အထက်တန်းလွှာ
လူ့ဝန်းကျင်
ငါးအာရုံခင်မင်လို့
ကာမဂုဏ်မီးလျှံကြားမှာ
ရတက်ပွားနေလည်း
တရားမှာ သူပျော်မွေ့
စိတ်ချမ်းမြေ့ လေသူ။
၎။ အတ္တကို ရှေ့
တန်းတင်
မာနသခင်လူသား
"ငတေမာ" ငါကောင်းစားရေးတွေနဲ့
ထောင်လွားကြချိန်မှာ
ဇာတိမာန် ဂုဏ်ဝင့်ကြွားစွာနဲ့
"မိုးခါးရေ"သူမမက်
ပေးဆပ်ခဲ့လေသူ။
၅။ မဟူရာ
ကြမ္မာဆိုး
ရန်ညှိုးဆင်ဝင်ခဲ့လည်း
သူတကာ ရိုးမယ်ဖွဲ့
အားမနွဲ့ လေသူ။
၆။ လောကဓံ
လှိုင်းလုံး
ရိုက်ခတ်ဖုံးလည်း
အပြုံးမပျက် စိတ်မကွက်နှင့်
ရတက်မပွေ မျက်ရည်မကျ
ဒေါသမဖြစ် စိတ်မညစ်ခဲ့လေသူ။
၇။
ထို့ပြင်နောင်မှ
သောကမရောက်
ဒူးမထောက်နှင့်
ကြောက်စိတ်မ၀င်
အောင်ပွဲဆင်၍
တိုက်ပွဲဝင်နွှဲခဲ့လေသူ။
ဘုန်းဘုန်း(၀ီရသူ)
၂၃.၁.၂၀၀၅
No comments:
Post a Comment