Tag ဆိုတာက အမှတ်အသားပြု သင်္ကေတစာသားများပင် ဖြစ်ပါတယ်။ သူတို့ကို
ကွင်းခတ်ပြီးသုံးတဲ့အခါ အစုံလိုက် အသုံးပြုရပါတယ်။ ရှေ့က Tag (ဥပမာ -
<b>)သည် အဖွင့်ဖြစ်ပြီး၊ နောက်က slash (/) ပါသော Tag (ဥပမာ - </b>) သည်
အပိတ်ဖြစ်ပါတယ်။ သူတို့နှစ်အလယ်က Plain text စာသားဖြစ်ပါတယ်။
ဥပမာ - အောက်ဖော်ပြပါ စာသားထဲက "my friend" ဆိုတဲ့ စကားလုံးကို စာလုံးအထူ
(bold) ဖြင့်ပေါ်စေချင်တယ်ဆိုပါစို့။ ဒါဆိုရင် Tag ကို အောက်ပါအတိုင်း
ထည့်ပေးရပါတယ်။
(b=bold)
The answer <b>my friend</b> is blowing in the wind
လက်တွေ့စမ်းသပ်ချင်ရင်တော့ အထက်က စာသားတွေကို Notpad program
မှာထည့်ပြီး၊ index.html အမည်နှင့်သိမ်းလိုက်ပါ။ ပြီးရင် ခုန Save ထားတဲ့
ဖိုင်လေးပေါ် Right Click နှိပ်ပြီး Open with ကနေ Internet Explorer
နဲ့ ဖွင့်လိုက်ပါ။ "my friend" ဆိုတဲ့ စာသားလေး ထူ (Bold) သွားတာကို
တွေ့မြင်ရပါမယ်။ (my friend) ဒီလိုလေးပေါ့။
ဒါဆို Browser program သည် <b> ဆိုတဲ့ tag ကိုတွေ့တာနှင့် သူ့နောက်က
စာလုံးတွေကို စာလုံးအထူဖြင့် ဖော်ပြရန် ညွှန်ကြားထားတယ်ဆိုတာ သိပါတယ်။
ဤတွင်မှ <b>နှင့် </b> ကြားထဲမှာရှိသော စာသားများကို စာလုံးအထူဖြင့်
ဖော်ပြပါလိမ့်မယ်။ ဒါ့အပြင် Tag တွေကို တစ်ခုနှင့်တစ်ခု
ရောနှောလိမ်ယှက်ပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။
<i> The answer <b> my friend </b> </i> is blowing in the wind
အဓိပ္ပါယ်က The answer my friend ဆိုတဲ့ စကားလုံး လေးလုံးတို့အား
စာလုံးအစောင်းဖြင့် ဖော်ပြရန် <i> tag ဖြင့် ညွှန်ကြားပါတယ်။ ဒါ့အပြင် my
friend ဆိုတဲ့ စာလုံးတစ်လုံးတည်းကို စာလုံးအထူဖြင့် ဖော်ပြရန် ထပ်ဆင့်
ညွှန်ကြားပါတယ်။ သည့်အတွက် Browser program မှာ ဖွင့်ကြည့်ရင်
အောက်ပါအတိုင်း မြင်တွေ့ရပါမယ်။
The answer my friend is blowing in the wind
စာလုံးများအား အောက်မှ မျဉ်းသားရန်အတွက် အောက်ပါ Tag ကို အသုံးပြုပါတယ်။
Underline <u> </u>
ဥပမာ - I am <u> very happy</u> today. (very happy) ဒီလိုလေးပေါ့။
စာလုံးများအား အလယ်မှ ကန့်လန့်ဖြတ် မျဉ်းဆွဲရန်အတွက် အောက်ပါ Tag ကို
အသုံးပြုပါတယ်။
Strike through <s> </s>
ဥပမာ - Do you <s>remember me? </s> (remember) ဒီလိုလေးပေါ့။
အခြားစာလုံးတို့နှင့် ယှဉ်လျှင် လိုင်းအောက်ကျလိုသော စာလုံးတို့အတွက်
အောက်ပါ Tag ကို အသုံးပြုပါတယ်။
Subscript <sub> </sub>
ဥပမာ - Have <sub> a good </sub> day! (Have a good day!)
အခြားစာလုံးတို့နှင့် ယှဉ်လျှင် လိုင်းအပေါ်ရောက်လိုသော စာလုံးတို့အတွက်
အောက်ပါ Tag ကို အသုံးပြုပါတယ်။
Super script <sup> </sup>
ဥပမာ - May you be <sup> happy! </sup> (May you be happy!)
စာလုံးတွေကို Page ၏အလယ်မှာ ပြလိုတဲ့အခါ အောက်ပါ Tag ကို အသုံးပြုပါတယ်။
Center <center> </center>
ဥပမာ - <center>Are you coming or not? </center>
Are you coming or not?
စာပိုဒ်ခွဲလိုတဲ့အခါ အောက်ပါ Tag ကို အသုံးပြုပါတယ်။
Paragraph <p> </p>
ဥပမာ - <p> Happy birthday to you! </p> I believe that you are very
happy today. </p>
Happy birthday to you!
I believe that you are very happy today.
PageMaker တို့၊ Word တို့ထဲမှာ စာစီတဲ့အခါ တစ်လိုင်းမပြည့်ခင်
အောက်တစ်လိုင်း ဆင်းဖို့ရန်အတွက်ဖြစ်စေ၊ စာကြောင်းတွေကြားမှာ
ခြားသွားအောင်အတွက်ဖြစ်စေ Enter ကို နှိပ်ပြီး အောက်တစ်လိုင်းဆင်းခြင်း၊
လိုင်းခြားခြင်းတွေကို လုပ်ဆောင်ရပါတယ်။ အခု ဒီ HTML မှာတော့
အောက်တစ်လိုင်းဆင်းဖို့ရန်အတွက် <br> </br> ကိုအသုံးပြုပါတယ်။ Enter
တစ်ချက်ခေါက်ရင် <br> tag တစ်ခု၊ Enter နှစ်ချက်ခေါက်တာဆိုရင် <br> tag
နှစ်ခု တွဲထည့်ပေးရပါတယ်။ အောက်မှာ လေ့လာကြည့်ပါ -----
Line break <br> </br>
ဥပမာ - Happy <br> birthday</br> to you!
Happy
Birthday
To you!
<br>I am a student.</br> <br> My name is Thallar.</br>
I am a student.
My name is Thalla.
Heading <h?> </h?> ( ? သည် 1 မှ 6 အတွင်း ကိန်းဂဏန်းများဖြစ်ပါတယ်) ကို
ဆက်လက်လေ့လာကြည့်ရအောင်ပါ။
HTML တွင် <h1> မှ <h6> အထိ header style ခြောက်မျိုး အဆင့်ဆင့်ရှိပါတယ်။
<h1> သည် <h2> ထက်ကြီးသလို ပိုမိုလည်းထင်ရှားပါတယ်။
<h1> This is Heading 1</h>
<h2> This is Heading 2 </h2>
<h3> This is Heading 3 </h3>
<h4> This is Heading 4 </h4>
<h5> This is Heading 5 </h5>
<h6> This is Heading 6 </h6>
ပုံများထည့်သွင်းခြင်း
Webpage ထဲမှာ ပုံတွေထည့်လို့ရပါတယ်။ ဒါပေမယ့် ထည့်သွင်းတဲ့ပုံတွေကို
HTML code တို့ကြားမှာ မြင်ရမည် မဟုတ်ပါ။ HTML code တို့ထဲမှာ ပုံရှိရာ
လမ်းကြောင်းနှင့် ပုံအမည်ကို ညွှန်ပြပေးရန် ဖြစ်ပါတယ်။ ပုံရှိရာ
လမ်းကြောင်းကို ညွှန်ပြနိုင်ရန်ကတော့ Image Upload site
(http://s1085.photobucket.com/ http://www.4shared.com/ ) တွေမှာ Sign
up လုပ်ပြီး မိမိထည့်လိုတဲ့ ပုံတွေကို ကြိုတင် Upload လုပ်ထားရပါတယ်။
ယင်းဆိုက်မှ ထုတ်လုပ်ပေးလိုက်သော Image code ကို ယူဆောင်
ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။
ဥပမာ - <img src= http://i27.tinypic.com/anyc0p.gif />
<html>
<head>
<title> My Home Page</title>
</head>
<img src= http://i27.tinypic.com/anyc0p.gif />
<body>
<h1<This is body</h1>
<p>
<Font face= "arial "color= "red" size=5>
You are welcome! <br>
Hyperlinks များထည့်သွင်းခြင်း
ပုံမှန် default အားဖြင့် browser program ထဲမှာ Hyperlink တို့ကို
လိုင်းသားထားသော အပြာရောင် စာသားများအဖြစ် မြင်ရမှာ ဖြစ်ပါတယ်။ သူ့အပေါ်
Cursor တင်လိုက်ရင် မြှားပုံကနေ လက်ပုံ ပြောင်းသွားပါလိမ့်မယ်။ Click
နှိပ်လိုက်ရင် Link လုပ်ထားသော Page ကို မြင်ရပါလိမ့်မယ်။
ဥပမာ - <a href=http://www.google.com>Click Here</a>
သဘောက Click Here သည် Hyperlink ဖြစ်ပြီး သူ့အပေါ်မှာ Click နှိပ်လိုက်ရင်
www.google.com အား တွေ့ရပါမယ်။ အဲ့ဒီ Link ကို သီးခြား browser window
တစ်ခုဖြင့် ပွင့်စေချင်ရင် tag တွင် target ကို ထည့်ပေးနိုင်ပါတယ်။
<a href="http://www.google.com" target="-blank">Click Here</a>
List Item <Li>
HTML တွင် List လုပ်ပုံ နှစ်မျိုးရှိပါတယ်။ Order List <ol> နှင့်
Unorder List <ul> တို့ ဖြစ်ပါတယ်။ နံပါတ်စဉ်ပေါ်လိုလျှင် <OL>
ကိုသုံးရပြီး bullet တို့ ပေါ်လိုလျှင် <UL> ကို သုံးရပါတယ်။
<ol>
<li>First item.</li>
<li>Second item.</li>
<li>Third item.</li>
<li>What you get the idea.</li>
</ol>
1. First item.
2. Second item.
3. Third item.
4. What you get the idea.
<ul>
<li>First item.</li>
<li>Second item.</li>
<li>Third item.</li>
<li>What you get the idea.</li>
</ul>
*First item.
*Second item.
*Third item.
*What you get the idea.
Division <DIV>
DIV သည် formatting အတွက် အသုံးများသော tag တစ်ခု ဖြစ်ပါတယ်။
အလုပ်လုပ်ပုံမှာ body tag နှင့် ဆင်တူပါတယ်။ ထူးခြားချက်က webpage body
ကို division များ စိတ်ပိုင်းပြီး တစ်ပိုင်းချင်းစီအတွက် font color,
size, align နှင့် background color အစရှိသည်တို့ကို သီးခြားစီဖြစ်အောင်
သတ်မှတ်ပေးနိုင်ခြင်း ဖြစ်ပါတယ်။ id, width, height, title, style
အစရှိသော attribute များဖြင့် တွဲဖက် အသုံးပြုရပါတယ်။
<div id="menu"align="right">
<a href="">Home</a>
<a href="">Contact</a>
<a href="">About</a>
<a href="">Links</a>
</div>
<div id="content"align="left">
<h5>Content Articles</h5>
<p>This paragraph would be your content paragraph with all of your
readable material.</p>
</div>
ယခုဖော်ပြခဲ့တာတွေက အသုံးများသော အခြေခံ HTML tag များ ဖြစ်ပါတယ်။
ဒါတွေကို နားလည်ထားမှသာ webpage တို့၏ အခြေခံသဘောတရားကို
သဘောပေါက်နိုင်ကြမှာ ဖြစ်ပါတယ်။
အပြည့်အစုံလေ့လာချင်တယ်ဆိုရင်တော့ ဦးမျိုးသူရ ရေးတဲ့ (Building Free
Websites) စာအုပ်ကိုသာ ဝယ်ယူဖတ်ရှုကြပါတော့လို့ အကြံပြုစကား ပြောလိုပါတယ်။
No comments:
Post a Comment