Aye Mar shared ကြယ် နီ's photo.
နံပတ် (၂) သံဃာတော်တွေကို အကြမ်းဖက်မှုကို စုံစမ်းစစ်ဆေးဖို့ မည်သည့်ဆောင်ရွက်ချက်၊ အရေးယူမှုမျှ မရှိသေးပါ။ ဒါ့အတွက် ရဟန်းရှင်လူတို့ မကျေမနပ်ဖြစ်နေတာပါ။ နံပတ် (၂)အတွက် ဒေါ်စုကို စစ်ဆေးခွင့်မပေးပါဘူး။
အမှန်တကယ်ဆိုတရားဥပဒေစိုးမိုးရေးနဲ့စပ်ဆိုင်နေတဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကိစ္စကိုစုံစမ်းစစ်ဆေးခွင့်ရသင့်ပါတယ်.. စီမံကိန်းကိုတော့ဆက်လုပ်ဖို့ သဘောတူလိုက်ကြပြီး တဖက်မှာနစ်နာသွားသူတွေအတွက်ရောဘယ်လိုလုပ်ဖို့စီစဉ်ထားပါသလဲ ?
နောက်တချက် လက်ပံတောင်းအရေးလှုပ်ရှားသူတွေကို မဖမ်းပါဘူးလို့ကတိက၀တ်ပြုခဲ့ပြီးမှာ .. ကျားစီးဖားစီး ဖမ်းဆီးလိုစီးဖမ်းစီးထားပီးသားသူတွေကိုရုံးထုတ်လိုလုပ်တွေလုပ်နေတာဟာ တရားဥပဒေနဲ့ညီပါရဲ့လား ?
မေးပါရစေ တရားဥပဒေအထက်မှာတရားဥပဒေထက်ကြီး တဲ့ တရားသူကြီးတွေနဲ့ ၊ နိုင်ငံတော်အထက်မှာနိုင်ငံတော်ထက်ကြီးတဲ့နိုင်ငံတော်အကြီးအကဲတွေကွထင်ရာစိုင်းခွင့်လိုင်စင်များရထားလေသလား ???????
ထပ်ပြောပါရစေ ၊ ဆက်လုပ်မယ်လို့စဉ်းစားထားရင်
၁။လယ်သမားတွေရဲ့အခွင့်အရေးကိုကာ ကွယ်ဖို့လိုပါတယ်
(ဒါပေမယ့်ရေးထားတာကတော့ ရင်းနှီးမြှုပ်နှံသူအကျိုးအမြတ်ကိုကာကွယ်ရမည်တဲ့)
၂။စီမံကိန်းရဲ့ အကျိုးအမြတ်ဟာ ပြည်သူတွေအတွက်ဖြစ်ဖို့လိုပါတယ် (လောလောဆယ်တော့အဆိပ်သင့်နေပြီး လယ်ပျောက်ယာပျောက် အနာဂတ်တွေနဲ့ သာသနာပါပျောက်တော့မယ်)
၃။စီမံကိန်းကြောင့်ဖြစ်လာမယ့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု (Environmental Impact) လူမှုရေးထိခိုက်မှု (Social Impact) တွေကိုသေချာလေ့လာပြီး ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်ဖို့လိုပါတယ်
(အဆိပ်သင့်နေတဲ့ရေတွေအတွက်ဘယ်လိုလေ့လာခဲ့သလဲ ၊ ပြိုပျက်သွားတဲ့တောင်တွေအတွက် ဘယ်လို ငြင်းချက်ထုတ်မလဲ ... )
၎။ဒီကိစ္စရပ်တွေအတွက် ပွင့်လင်းမြင်သာမှု ရှိဖို့လိုပါတယ်
(လုပ်ခဲ့တာကြာပီး မရှုနိုင်မကယ်နိုင်ဖြစ်မှပြည်သူတွေသိရတယ်)
၅။ပြည်သူအများစုကြီးက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးထ က် သဘာဝပတ်ဝန်း ကျင် အရေး၊ ဘာသာရေးအထွဋ်အမြတ်နေရာကို ကာကွယ်ရေးတွေကို ဦးစားပေးရွေးချယ်မယ်ဆိုရင်တော့ ပြည်သူ့ဆန္ဒကို အလေးထား စဉ်းစားဖို့လိုပါတယ် (ပြည်သူ့ဆန္ဒအလေးထားသလားဆိုတာကတော့ အများအမြင်ပါပဲဗျာ..) KN

No comments:
Post a Comment