Tuesday, December 4, 2012

“စစ်ကိုင်းတိုင်းဒေသကြီး ၊မုံရွာခရိုင်၊ဆားလင်းကြီးမြို့ နယ်၊လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းအတွင်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်အရာရှိတစ်ဦးက မိုင်းတွင်းအရှုပ်အထွေးများဖွင့်ဟပြောဆို”

Kyaw Ngwe Myo and 5 other friends shared ThanLarWaddy Times's photo.
"စစ်ကိုင်းတိုင်းဒေသကြီး ၊မုံရွာခရိုင်၊ဆားလင်းကြီးမြို့
နယ်၊လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းအတွင်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်အရာရှိတစ်ဦးက မိုင်းတွင်းအရှုပ်အထွေးများဖွင့်ဟပြောဆို"
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တရုတ်နိုင်ငံရဲ့ မဟာဗျူဟာတစ်ရပ်အနေနဲ့ မြန်မာနိုင်ငံမှာ ၀င်ရောက်ကျူးကျော်ပြီးစီးပွားချ
ယ်လှယ်နေတဲ့ လက်ပန်းတောင်း တောင်ကြေးနီစီမံကိန်းလုပ်ငန်းခွင်တွင် လုံခြုံရေးတာဝန်များထမ်းဆောင်လျှက်ရှိသော ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့်တွေ့ဆုံမေးမြန်း ချက်များအား သလ္လာဝတီတိုင်မ်းမီဒီယာပရိတ်သတ်နှင့်
 ပြည်သူလူထုများသိရ
ှိရန်တင်ပြလိုက်ရပါသည်။
"နိုင်ငံတာဝန်တွေထမ်းဆောင်ချင်လ
ို့ ရဲတပ်ဖွဲ့ထဲကိုဝင်လာတာပါ။ အခုတော့ရဲအလုပ်ကိုမလုပ်ရလဘဲ ကုမ္ပဏီမှာကျွန်ခံနေရတယ်။
စစ်စီးပွားရေးဓနရှင်ဦးပိုင
်ဆိုသူတွေ့ရဲ့လောင်းရိပ်အောက်မှာ တာဝန်ထမ်းဆောင်နေရတာ စိတ်ပျက်လှပါပြီ"ဟု ၀မ်ပေါင်ကုမ္ပဏီတွင် လုံခြုံရေးတာဝန်စောင့်နေရသူရဲတပ်ဖွဲ့ဝင်ရဲအရာရှိတစ်ဦးကဆိုပါတယ်။
လက်ပန်းတောင်းတောင်ကြေးနီစီမံကိ
န်းကြီးသည် ဒေသခံတောင်သူများရဲ့
ဓားမဦးချလု
ပ်ကိုင်လျှက်ရှိသော လယ်ယာမြေ ဧကပေါင်းများစွာကို အတင်းအဓမ္မသိမ်းပိုက်ရယူပြီး လုပ်ကိုင်ဆောင်ရွက်နေသောစီမံကိန်းကြီးတစ်ရပ်ဖြစ်သည်။
"ဆန္ဒပြမှုတွေကိုထိန်းချုပ်ဖို့ ဖြိုခွင်းဖို့ဆိုပြီး စစ်အင်အား ရဲတပ်ဖွဲ့ဝင်အင်အားတွေကိုလည်းလိ
ုအပ်တာထက်ပိုပြီး သုံးထားပါတယ်။အခုဆိုရင်စီမံကိန်းတာဝန်ခံ ဗိုလ်မှူးကြီး-မြင့်အောင် (ဦးပိုင်ကုမ္ပဏီ)က ပုဒ်မ(၁၄၄)ထုတ်ထားတဲ့ ကိစ္စကို အကြောင်းပြပြီး စီမံကိန်းနယ်မြေအတွင်ဝင်ရောက်တဲ့ လက်ပန်းတောင်းတောင်အနီးတစ်ဝိုက်ရှိဒေသခံ ရွာသားတွေကို မိုင်း ထောင်ဖို့ဆိုပြီး အထူးအစီအစဉ်တစ်ရပ်ကို လျှိုဝှက်စီစဉ်နေပါတယ်။ အဲဒီမိုင်းထောင်မဲ့အစီအစဉ်ကို မုံရွာခရိုင်အုပ်ချုပ်ရေး မှူး-ဦးခင်မောင်စန်း ၊ မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး-ဦးတင်အောင် တို့ကတော့ သဘောတူလက်ခံတယ်လို့သိရတယ်။
အဲဒီလို့မိုင်းထောင်မယ်ဆိုရင် ဒေသခံတွေ ဒုက္ခရောက်မှာ အထူးသဖြင့် နွားကျောင်းတဲ့သူတွေ ဟင်းသီးဟင်းရွက်ရှာတဲ့သူတွေ ရဟန်သံဃာတော်တွေ ထိခိုက်ဒဏ်ရာတွေရကုန်မှာသေချာတယ
်။
မတော်ရင် ခြေတောက်ပြတ် နောက်ဆုံးအသက်ပါ ဆုံးပါးနိုင်တယ်။အဲဒါကြောင့် ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်အချို
့ကတော့ ထွက်ပြေးဘို့ ကြိုးစားနေပါတယ်"ဟု ၄င်းရဲအရာရှိကဆက်လက်၍ပြောကြားခဲ့ပါတယ်။
ကြေးနီတူးဖော်ရေးစီမံကိန်းလုပ်င
န်းခွင်အတွင်းတောင်ဖြိုမိုင်းခွဲသည့်
အလုပ်နှင့်ပုံမှားရိုက်ကာ
ဒေသခံတောင်သူတွေကိုအကြမ်းဖက်သတ်ဖြတ်ရန် စီစဉ်နေခြင်းပင်ဖြစ်သည်။
"စီမံကိန်းလုပ်ငန်းခွင်အတွင်း ၀င်ရောက်လာလို့သာအခုလိုဖြစ်ရတာပ
ါ။ ဒါဟာမတော်တဆမှုတစ်ရပ်ပါဖြစ်ပါတယ်လို့ စီးပွားရေးဦးပိုင်ကုမ္ပဏီလီမီတက်က ဒီကိစ္စအတွက်အရေးပေါ်အစည်းအဝေးပြုလုပ်နေပါတယ်။ မတရားသဖြင့် ဥပဒေမဲ့လုပ် ရပ်တွေကို ပြည်သူတွေသိစေချင်လို့အခုလိုဆက်သွယ်ပြောကြားခဲ့တာပါဟု အဆိုပါရဲအရာရှိကမှတ်ချက်ပြုပြောဆိုထားပါ တယ်။
၎င်းစီမံကိန်းရုံးအတွင်း ဥပဒေမဲ့ စွာနဲ့ မူးယစ်ဆေးဝါးတွေ၊ စစ်လက်နက်ပစ္စည်းတွေကို အမြောက်အများသိုလှောင်ထားတာကို ကျွန်တော်ကိုယ်တိုင်မျက်မြင်ကို
ယ်တွေ့ တွေ့ကြုံခဲ့ရတယ်။
တစ်ခါတစ်လေညပို
င်းတွေမှာ ၀မ်ပေါင်ကုမ္ပဏီကတရုတ်တွေ မုံရွာကိုသွားရင် သူတို့ကားတွေပေါ်မှာ သေနပ်တွေဆောင်ပြီသွားကြတယ် ဟုပြောပြကြောင်းတင်ပြလိုက်ရပါသည်။
****မှတ်ချက်။ ။မူရင်းရုပ်သံဖိုင်ကိုတင်ပြခြင်
သော်လည်း ပြောပြသောရဲအရာရှိ၏ မိသားစုနှင့် ဆွေများသားချင်းများရဲ့ လုံခြုံရေးဆိုင်ရာအရတင်ပြခြင်းမပြုနိုင်သည်ကို နားလည်ပေးပါရန်အထူးမေတ္တာရပ်ခံအပ်ပါသည်။

မိုင်းခွဲမြေဖြိုမှုတွေကြောင့် မကြာခင်ပြိုကျတော့ မယ့်စေတီ အားအဝေးတစ် နေရာမှ မြင်တွေ့ရစဉ်။

No comments:

Post a Comment