Saturday, November 17, 2012

သခင်အောင်ဆန်းတရား



ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊
မင်း၏သားငယ်၊ မင်းသက်လှယ်ကို၊
အဘယ်တရားဟောမည်နည်း။


ဆန်း၏ သတ္တိ၊
ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ၊
ဟောစရာကား အလွန်များ၏။


မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်၊
လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို၊
ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့၊
မင့်သား သိစေချင်လှ၏။


သူ့အစွမ်းကား၊ အခြားမဟုတ်၊
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ၊
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်၊
ဗန်းပြအလှ၊ ပကာသနကို၊
ပြာကျလောင်မြိုက်၊ သူမီးတိုက်၏၊
ခေတ်လိုက်စာညီ၊ ခေတ်မီပညာ၊
ကြုံရာဘဝ၊ မုကလုံလောက်၊
ခံမြို့ဆောက်၏။


ထို့နောက်တဆင့်၊ မိုးထိလွင့်အောင်
ရိုးကျင့်မြင့်ကြံ၊ သူ့အလံတည့်
ပျံတလူလူ၊ သူထူခဲ့ကြောင်း
ခေါင်းဆောင်သဘော၊ မင့်သားချောကို၊
ပြောလိုက်ပါဘိ၊ ဟောပါဘိ။ ။


ဇော်ဂျီ

No comments:

Post a Comment