Thursday, December 6, 2012

"သွေးနဲ့မျက်ရည်

"သွေးနဲ့မျက်ရည်

သနားစဖွယ် .. အားငယ်ပါဘိ
ငါတို့၏ .. သာသနာ ..။

ကူကယ်သူမဲ့ ...
လူကို လူကဲ့သို့ .. မမြင်
တိရစ္ဆာန်အသွင်လို .. ခံစားရ ...
ရိုက်နှက်ကြ ..မညှာမတာ ...။

မီးရှို့ဖျက်ဆီးကြ အခါခါနဲ့
ငါတို့ ကျောင်းတော်ရာ ....
ငါတို့ ကိုးကွယ်ရာ ...
ငါတို့ ဗုဒ္ဓသာသနာ ...
ရောင်ဝါနွမ်းပြီမို့ ...
ဘယ်မှာများ ...ငြိမ်းချမ်းစေမှာ ..။

ကမ္ဘာ့သမိုင်းအစဉ်အလာ
ဗုဒ္ဓဘာသာ ရိုင်းတယ်လို့မရှိ
ဆိတ်ငြိမ်ပါဘိ အေးရိပ်သီလာ ..။

ဘာသာခြားလည်း မ၀ါးမျို
လူမျိုးခြားလည်း မဖျက်ဆီး ...
ဧဟိပဿိကော သြပနေယျိကော ...
လာပါ စမ်းပါ ..ပြီးမှ ယုံကြည်ပါ ဖိတ်မန္တနဲ့
ပွင့်လင်းတဲ့ဘာသာ
မြင်သာတဲ့ ... ဝါဒ ...
အခုတော့ ... မီးတိုက်ခံနေရပြီတဲ့...။

လေးရာခိုင်နှုန်းမျှ ...
လက်တစ်ဆုပ်စာ ..ဘာသာမို့
နိုင်ချင်တိုင်းနိုင် ..ကြံချင်တိုင်းကြံတာ
ခံနေရတော့မတဲ့လား ...။

သပိတ်ကွဲထဲက ..ဆွမ်းတစ်နပ်စာ
မီးသင့်ပြာကျ .. ဝိဟာရမြေနေရာ ...
မလုံခြုံတော့ပါဘူး၊
သွေးအလူးလူးနဲ့ သာမဏေများစွာ ...
အို ... စိတ်မကောင်းစရာ ...။

တရားသော ..စစ်
မမှားသော အဖြစ်အတွက် ...
သင်္ကန်းက သွေး ...
သာသနာဘေးကို ...
မေတ္တာအလေးပေး .. အေးဆေးစွာနေ
မဆိုင်သလို ..ဝေးဝေးနေလျှင်
အနှစ်ငါးထောင် သာသနာ
မကြာမီ ပျက်မည့်ကိန်း....။

ဦးချစရာ ..စေတီ
ပူဇော်စရာ .. ပုထိုး
ဆည်းကပ်စရာ ..သံဃာ၊
နာယူစရာ ..တရား၊
ဆိတ်သုဉ်းသွားမည့်အရေး ...
ဘယ်အရေးနဲ့မှမတူ ...
ငြိမ်းစေရေး .. ရှေးရှုလို့ကူ
ကမ္ဘာမှာ .. သာသနာအသက်ဆက်ဖို့
အချိန်မီ ကာကွယ်ကြ ...
ငါတို့ ထေရဝါဒ မြန်မာ......။ ။

နန်းအသင်္ခယာ
"သွေးနဲ့မျက်ရည်  သနားစဖွယ် .. အားငယ်ပါဘိ ငါတို့၏ .. သာသနာ ..။  ကူကယ်သူမဲ့ ... လူကို လူကဲ့သို့ .. မမြင် တိရစ္ဆာန်အသွင်လို .. ခံစားရ ... ရိုက်နှက်ကြ ..မညှာမတာ ...။  မီးရှို့ဖျက်ဆီးကြ အခါခါနဲ့ ငါတို့ ကျောင်းတော်ရာ .... ငါတို့ ကိုးကွယ်ရာ ... ငါတို့ ဗုဒ္ဓသာသနာ ... ရောင်ဝါနွမ်းပြီမို့ ... ဘယ်မှာများ ...ငြိမ်းချမ်းစေမှာ ..။  ကမ္ဘာ့သမိုင်းအစဉ်အလာ ဗုဒ္ဓဘာသာ ရိုင်းတယ်လို့မရှိ ဆိတ်ငြိမ်ပါဘိ အေးရိပ်သီလာ ..။  ဘာသာခြားလည်း မ၀ါးမျို လူမျိုးခြားလည်း မဖျက်ဆီး ... ဧဟိပဿိကော သြပနေယျိကော ... လာပါ စမ်းပါ ..ပြီးမှ ယုံကြည်ပါ ဖိတ်မန္တနဲ့ ပွင့်လင်းတဲ့ဘာသာ မြင်သာတဲ့ ... ဝါဒ ... အခုတော့ ... မီးတိုက်ခံနေရပြီတဲ့...။  လေးရာခိုင်နှုန်းမျှ ... လက်တစ်ဆုပ်စာ ..ဘာသာမို့ နိုင်ချင်တိုင်းနိုင် ..ကြံချင်တိုင်းကြံတာ ခံနေရတော့မတဲ့လား ...။  သပိတ်ကွဲထဲက ..ဆွမ်းတစ်နပ်စာ မီးသင့်ပြာကျ .. ဝိဟာရမြေနေရာ ... မလုံခြုံတော့ပါဘူး၊ သွေးအလူးလူးနဲ့ သာမဏေများစွာ ... အို ... စိတ်မကောင်းစရာ ...။  တရားသော ..စစ် မမှားသော အဖြစ်အတွက် ... သင်္ကန်းက သွေး ... သာသနာဘေးကို ... မေတ္တာအလေးပေး .. အေးဆေးစွာနေ မဆိုင်သလို ..ဝေးဝေးနေလျှင် အနှစ်ငါးထောင် သာသနာ မကြာမီ ပျက်မည့်ကိန်း....။  ဦးချစရာ ..စေတီ ပူဇော်စရာ .. ပုထိုး ဆည်းကပ်စရာ ..သံဃာ၊ နာယူစရာ ..တရား၊ ဆိတ်သုဉ်းသွားမည့်အရေး ... ဘယ်အရေးနဲ့မှမတူ ... ငြိမ်းစေရေး .. ရှေးရှုလို့ကူ ကမ္ဘာမှာ .. သာသနာအသက်ဆက်ဖို့ အချိန်မီ ကာကွယ်ကြ ... ငါတို့ ထေရဝါဒ မြန်မာ......။ ။  နန်းအသင်္ခယာ


No comments:

Post a Comment