Thursday, December 6, 2012

" မြန်မာတို့အတွက် " - မင်းသုဝဏ်

Panna Siddhi shared Min Myat's photo.
" မြန်မာတို့အတွက် "   - မင်းသုဝဏ် ~~~~~~~~~~~  'ငါ' သာလျှင် တော် ၊ 'သူ' မတော် ဟု လူတော် ထင်ပါ ၊ တို့မြန်မာကို ဘယ်ခါ ဆယ်၍ ရမလဲ ၊၊  ကြွားရင်းနှင့် နစ် ၊ ဝါးရင်း နစ်သည့် နစ်လျက်နေပါ ၊ တို့မြန်မာကို ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊  အကောင်း, ဆိုးထင် ၊ ဆိုး, ကောင်းထင် နှင့် အထင်လွဲပါ ၊ တို့မြန်မာကို ဘယ်ခါဆယ်၍ ရမလဲ ၊၊  'သူ့'ကို ငါညှိုး ၊ 'ငါ့' သူညှိုးနှင့် အညှိုးကြီးပါ ၊ တို့မြန်မာကို ဘယ်ခါ ဆယ်၍ ရမလဲ ၊၊  ညည်း၍ မပြီး ၊ ညူ, မပြီးဘူး အပြီးတကာ ၊ လုပ်နိုင်ပါမှ တော်ရာရောက်လိမ့် နောင်အဖို့ ၊၊ နိုးကြ ထကြ မြန်မာတို့ ၊၊ သားမြေးတို့တွက် ကြိုးစားစို့ ၊၊  - ( ဆရာကြီးမင်းသုဝဏ် )
‎" မြန်မာတို့အတွက် " - မင်းသုဝဏ်
~~~~~~~~~~~

'ငါ' သာလျှင် တော် ၊ 'သူ' မတော် ဟု
လူတော် ထင်ပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

ကြွားရင်းနှင့် နစ် ၊ ဝါးရင်း နစ်သည့်
နစ်လျက်နေပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊

အကောင်း, ဆိုးထင် ၊ ဆိုး, ကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာကို
ဘယ်ခါဆယ်၍ ရမလဲ ၊၊

'သူ့'ကို ငါညှိုး ၊ 'ငါ့' သူညှိုးနှင့်
အညှိုးကြီးပါ ၊ တို့မြန်မာကို
ဘယ်ခါ ဆယ်၍ ရမလဲ ၊၊

ညည်း၍ မပြီး ၊ ညူ, မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါမှ
တော်ရာရောက်လိမ့် နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့ ၊၊

- ( ဆရာကြီးမင်းသုဝဏ် )

No comments:

Post a Comment