Monday, December 3, 2012

မန္တလေးမြို့မှ ဆရာတော် သံဃာတော်အပါး ၂၀၀ ခန့်သည် ယနေ့ (၂၀၁၂၊ ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၁နာရီခန့်မှ ၂နာရီခွဲခန့်အထိ)

ayzar Lwin shared 7Day News Journal's photo.
မန္တလေးမြို့မှ ဆရာတော် သံဃာတော်အပါး ၂၀၀ ခန့်သည် ယနေ့ (ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၁နာရီခန့်မှ ၂နာရီခွဲခန့်အထိ) လက်ပန်းတောင်း တောင်သပိတ်စခန်းများအား အစိုးရက အင်အားသုံးဖြိုခွဲမှုအပေါ် မကျေနပ်၍ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။  ယခုဆန္ဒထုတ်ဖော်မှုကို မန္တလေးမြို့ မဟာမုနိဘုရားကြီး အနီးဝန်းကျင်တွင် သီတင်းသုံးနေထိုင်သော သံဃာတော်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၃၀ ရက်က မန္တလေးမြို့ အိမ်တော်ရာဘုရားဝင်းအတွင်း ဆုတောင်းပွဲထိုင် သပိတ်ပြုလုပ်သည့် သံဃာ့သမဂ္ဂအဖွဲ့မှ ဦးဆောင်ပြုလုပ် ခြင်းမဟုတ်ကြောင်း ယနေ့ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သည့် သံဃာတော်တစ်ပါးက မိန့်ကြားသည်။  နိုဝင်ဘာ ၃၀ ရက်တွင် ထိုင်သပိတ်ဦးဆောင် သံဃာတော်များက အစိုးရအနေဖြင့် သပိတ်စခန်းများ အကြမ်းဖက် ဖြိုခွဲမှုအပေါ် ပြန်လည်တောင်းပန်ရန် ငါးရက်စောင့်ကြည့်မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသည်။  ဓာတ်ပုံ - မောင်တာ
မန္တလေးမြို့မှ ဆရာတော် သံဃာတော်အပါး ၂၀၀ ခန့်သည် ယနေ့ (ဒီဇင်ဘာ ၂ ရက် မွန်းလွဲ ၁နာရီခန့်မှ ၂နာရီခွဲခန့်အထိ) လက်ပန်းတောင်း တောင်သပိတ်စခန်းများအား အစိုးရက အင်အားသုံး
ဖြိုခွဲမှုအပေါ် မကျေနပ်၍ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်

ယခုဆန္ဒထုတ်ဖော်မှုကို မန္တလေးမြို့ မဟာမုနိဘုရားကြီး အနီးဝန်းကျင်တွင် သီတင်းသုံးနေထိုင်သော သံဃာတော်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၃၀ ရက်က မန္တလေးမြို့ အိမ်တော်ရာဘုရားဝင်းအတွင်း ဆုတောင်းပွဲထိုင် သပိတ်ပြုလုပ်သည့် သံဃာ့သမဂ္ဂအဖွဲ့မှ ဦးဆောင်ပြုလုပ် ခြင်းမဟုတ်ကြောင်း ယနေ့ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သည့်
သံဃာတော်တစ်ပါးက မိန့်ကြားသည်။

နိုဝင်ဘာ ၃၀ ရက်တွင် ထိုင်သပိတ်ဦးဆောင် သံဃာတော်များက အစိုးရအနေဖြင့် သပိတ်စခန်းများ အကြမ်းဖက် ဖြိုခွဲမှုအပေါ် ပြန်လည်တောင်းပန်ရန် ငါးရက်စောင့်ကြည့်မည်ဖြစ်ကြောင်
း ကြေညာချက်ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - မောင်တာ

No comments:

Post a Comment