Monday, December 3, 2012

လက်ပံတောင်းတောင် အကြမ်းဖက်မှုကိစ္စနှင့် ပါတ်သတ်၍ နိုင်ငံရေး အကျဉ်းသားဟောင်းများ ကွန်ယက်သတင်းစာရှင်းလင်းပွဲ ပြုလုပ်

hant Myo and Tayzar Lwin shared Black Angle's photo.
The Myanma Age လက်ပံတောင်းတောင် အကြမ်းဖက်မှုကိစ္စနှင့် ပါတ်သတ်၍ နိုင်ငံရေး အကျဉ်းသားဟောင်းများ ကွန်ယက်သတင်းစာရှင်းလင်းပွဲ ပြုလုပ်  ရန်ကုန် ၊ ဒီဇင်ဘာ ၂  လက်ပံတောင်းတောင် သပိတ်စခန်း ၆ခု အပေါ် အာဏာပိုင်များမှ အကြမ်းဖက်နိုမ်နှင်း ခဲ့ခြင်းနှင့် ပါတ်သတ်၍ နိုင်ငံရေး အကျဉ်းသားများ ကွန်ယက်မှ ဒီဇင်ဘာလ ၂ ရက်နေ့ ၁၂နာရီမှနေ့လည် ၂နာရီ အထိ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ ရန်ကုန်မြို့ ရွေဂုံတိုင်မီးပွိုင့်အနီး တော်ဝ င်နှင်းဆီစားသောက်ဆိုင်တွင်ကျင်းပခဲ့ခြင်းဖြစ်ပြီး သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးကွန်ယက်ဥက္ကဋ္ဌ ဦးအုန်း၊ဓါတုဗေဒပညာရှင် စာရေးဆရာဒေါက်တာခင် မောင်ညို၊လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌ ဦးမင်းဇေယျ၊လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ဦးမြင့်အေး တို့တက်ရောက်ခဲ့ကြသည်။
The Myanma Age
လက်ပံတောင်းတောင် အကြမ်းဖက်မှုကိစ္စနှင့် ပါတ်သတ်၍ နိုင်ငံရေး အကျဉ်းသားဟောင်းများ ကွန်ယက်သတင်းစာရှင်းလင်းပွဲ ပြုလုပ်

ရန်ကုန် ၊ ဒီဇင်ဘာ ၂

လက်ပံတောင်းတောင် သပိတ်စခန်း ၆ခု အပေါ် အာဏာပိုင်များမှ အကြမ်းဖက်နိုမ်နှင်း ခဲ့ခြင်းနှင့် ပါတ်သတ်၍ နိုင်ငံရေး အကျဉ်းသားများ ကွန်ယက်မှ ဒီဇင်ဘာလ ၂ ရက်နေ့ ၁၂နာရီမှနေ့လည် ၂နာရီ အထိ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
ရန်ကုန်မြို့ ရွေဂုံတိုင်မီးပွိုင့်အနီး တော်ဝ
င်နှင်းဆီစားသောက်ဆိုင်တွင်ကျင်
းပခဲ့ခြင်းဖြစ်ပြီး သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးကွန်ယက်ဥက္ကဋ္ဌ ဦးအုန်း၊ဓါတုဗေဒပညာရှင် စာရေးဆရာဒေါက်တာခင်
မောင်ညို၊လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌ ဦးမင်းဇေယျ၊လူ့အခွင့်အရေးကာကွယ
်စောင့်ရှောက်ရေးအဖွဲ့မှ ဦးမြင့်အေး
တို့တက်ရောက်ခဲ့ကြသည်။

" ကျနော်ကိုယ်တိုင်လဲ သပိတ်တွေအများကြီးကြုံခဲ့ဖူးတယ်
၊အသက်နှစ်ဆယ်အရွယ်လောက်ကတည်း
ကသပိတ်မှောက်ခဲ့တဲ့ အတွေ့အကြုံရှိပါတယ်၊သေနတ်နဲ့ပစ်
တာလဲကြုံခဲ့ဖူးတယ်၊ ဒီလိုမျိုး ဓါတုဗေဒ လက်နက်တွေသုံးပြီးသပိတ်ဖြိုခွဲတာမျိုးတော့ တစ်ခါမှ မကြုံဖူးသေးဘူး၊စစ်မြေပြင်မှာတောင်မသုံးသင့်တဲ့ ဓါတုဗေဒလက်နက်ကို အသုံးပြုလိုက်တဲ့ လူမဆန်တဲ့ ဆိုးရွာတဲ့ရက်စက်မှုကြီးပါ " ဟု ဦးမြင့်အေးကပြောကြားသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအ
ဖွဲ့မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဦးလှဌေးက လက်ပံတောင်း တောင် အကြမ်းဖက်မှုအပေါ် နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့၏ ကြေငြာချက်ကို ဖတ်ကြားးခဲ့သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကွန်ယက်ဥက္ကဌ ဦးအုန်းက နိုင်ငံရေးအကျဉ်းသားဟောင်းများအ
ဖွဲ့
၏ ထုတ်ပြန်ကြေငြာချက်မှာ အလွန်အရေးပါ ပြီး ၎င်းတို့အနေဖြင့်ထိုအဆိုကိုရာနူန်း
ပြည့်ထောက်ခံကြောင်းပြော
ကြားခဲ့သည်။

လင်းသစ်

No comments:

Post a Comment