Monday, December 3, 2012

လက်ပံတောင်းတောင် အကြမ်းဖက်မှုနှင့်ပတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားကြေညာချက်

Zaw Win shared a photo.
လတ်တလောဖြစ်ပွားနေတဲ့ လက်ပံတောင်းအရေးနဲ့ ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားများက ဒီဇင်ဘာ(၃)ရက်စွဲနဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပြီး ညနေ(၄)နာရီ ၈၈မျိုးဆက် ကျောင်းသားများရဲ့ ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲတစ်ခုလဲ ပြုလုပ်မှာ ဖြစ်ကြောင်း သတင်း ရရှိပါတယ်။  ------------------------------------------ စာအမှတ် - ၃၂/၂၀၁၂ (၈၈) ရက်စွဲ - ၃ ၊ ၁၂ ၊ ၂၀၁၂ ၈၈ မျိုးဆက်ကျောင်းသားများ ၂၈၄(က)၊ ၁၆/၃ရပ်ကွက်၊ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ ဖုန်း - ၀၁ - ၅၇၇ ၆၅၆ Email - 88generation@gmail.com  လက်ပံတောင်းတောင် အကြမ်းဖက်မှုနှင့်ပတ်သက်၍ ၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားကြေညာချက်  (၁) ကျွန်ုပ်တို့ ၈၈မျိုးဆက်ကျောင်းသားများသည် ရှစ်လေးလုံးလူထု အရေးတော်ပုံကြီးနှင့်အတူ ပေါက်ဖွားလာ ခဲ့သူများဖြစ်ပါသည်။  (၂) ယနေ့နိုင်ငံတော်အသွင်ကူးပြောင်းရေးကာလတွင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းပေါ်ပေါက်ရေး နိုင်ငံအနှံ့ ဒေသအသီးသီးတွင် ဟောပြောစည်းရုံးလျှက်ရှိသည်။  (၃) နိုင်ငံသားများ၏ နစ်နာချက်၊ လိုလားချက်များကို ဖော်ထုတ်ပြီး ရင်ဆိုင် နေရသည့် အခက်အခဲများကို ညှိနှိုင်းဖြေရှင်းနိုင်ရန် ကြိုးစားလျှက်ရှိသည်။  (၄) လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် ထိခိုက်နစ်နာမှုများနှင့် ပတ်သက်သော ဆန္ဒပြမှုအပေါ်အကြမ်းဖက် နှိမ်နှင်းမှုနှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းပေးရန်တင်ပြတောင်းဆို ခဲ့ပြီးဖြစ်ပါသည်။  (၅) ၈၈မျိုးဆက်ကျောင်းသားများအနေဖြင့် ဒေသခံပြည်သူများ၊တက်ကြွ လှုပ်ရှားသူများ၏သဘောထားဆန္ဒများကို လွတ်လပ်စွာစုံစမ်းတင်ပြ၍ ညှိနှိုင်းဖြေရှင်းနိုင်ရန် အားထုတ်ကြိုးပမ်းသွားမည်ဖြစ်သည်။  (၆) ထို့ကြောင့်လက်ပံတောင်းတောင်ဆန္ဒပြသူများအား အကြမ်းဖက်ဖြေရှင်း ခဲ့မှုနှင့်ပတ်သက်၍-  (က) ထိခိုက်ဒဏ်ရာရသူရဟန်း၊ ပြည်သူများအားထိရောက်သော ဆေးဝါးကုသမှုပေးရန်  (ခ) ထိခိုက်ဒဏ်ရာရသူ ရဟန်း၊ သံဃာတော်များအား ဝန်ချတောင်းပန်ရန်  (ဂ) စုံစမ်းရေးကော်မရှင်မှ လက်ပံတောင်းတောင်ေ ကြးနီစီမံကိန်းကို ပြန်လည် စစ်ဆေးသုံးသပ်ရန်  (ဃ) စုံစမ်းစစ်ဆေးနေစဉ်အတွင်း တူးဖော်ဆောင်ရွက်နေမှုများကို ရပ်ဆိုင်းထားရန်  (င) ဖမ်းဆီးအရေးယူမှုများကို ရပ်တန့်၍ ထိန်းသိမ်းထားသူများကို ပြန်လည်လွှတ်ပေးရန်နှင့် ပြဿနာများကို ညှိနှိုင်းဖြေရှင်းရန် ၈၈ကျောင်းသားများအနေဖြင့် အလေးအနက်တိုက်တွန်းတောင်းဆိုလိုက်သည်။  ၈၈ မျိုးဆက်ကျောင်းသားများ  Credit: DVB TV
လတ်တလောဖြစ်ပွားနေတဲ့ လက်ပံတောင်းအရေးနဲ့ ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားများက ဒီဇင်ဘာ(၃)ရက်စွဲနဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပြီး ညနေ(၄)နာရီ ၈၈မျိုးဆက် ကျောင်းသားများရဲ့ ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲတစ်ခုလဲ ပြုလုပ်မှာ ဖြစ်ကြောင်း သတင်း ရရှိပါတယ်။

------------------------------
------------
စာအမှတ် - ၃၂/၂၀၁၂ (၈၈)
ရက်စွဲ - ၃ ၊ ၁၂ ၊ ၂၀၁၂
၈၈ မျိုးဆက်ကျောင်းသားများ
၂၈၄(က)၊ ၁၆/၃ရပ်ကွက်၊ ဝေဇယန္တာလမ်း၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်၊ မြန်မာ
ဖုန်း - ၀၁ - ၅၇၇ ၆၅၆
Email - 88generation@gmail.com

လက်ပံတောင်းတောင် အကြမ်းဖက်မှုနှင့်ပတ်သက်၍

၈၈မျိုးဆက်ကျောင်းသားများ၏ သဘောထားကြေညာချက်

(၁) ကျွန်ုပ်တို့ ၈၈မျိုးဆက်ကျောင်းသားများသည် ရှစ်လေးလုံးလူထု အရေးတော်ပုံကြီးနှင့်အတူ ပေါက်ဖွားလာ ခဲ့သူများဖြစ်ပါသည်။


(၂) ယနေ့နိုင်ငံတော်အသွင်ကူးပြောင်း
ရေးကာလတွင် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းပေါ်ပေါက်ရေး နိုင်ငံအနှံ့ ဒေသအသီးသီးတွင်
ဟောပြောစည်းရုံးလျှက်ရှိသည်။

(၃) နိုင်ငံသားများ၏ နစ်နာချက်၊ လိုလားချက်များကို ဖော်ထုတ်ပြီး ရင်ဆိုင်

နေရသည့် အခက်အခဲများကို ညှိနှိုင်းဖြေရှင်းနိုင်ရန် ကြိုးစားလျှက်ရှိသည်။

(၄) လက်ပံတောင်းတောင်ကြေးနီစီမံကိန်
းကြောင့် ထိခိုက်နစ်နာမှုများနှင့် ပတ်သက်သော ဆန္ဒပြမှုအပေါ်အကြမ်းဖက် နှိမ်နှင်းမှုနှင့်ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းပေးရန်တင်ပြတောင်းဆို
ခဲ့ပြီးဖြစ်ပါသည်။

(၅) ၈၈မျိုးဆက်ကျောင်းသားများအနေဖြင
့် ဒေသခံပြည်သူများ၊တက်ကြွ
လှုပ်ရှားသူများ၏သဘောထားဆန္ဒများက
ို လွတ်လပ်စွာစုံစမ်းတင်ပြ၍ ညှိနှိုင်းဖြေရှင်းနိုင်ရန် အားထုတ်ကြိုးပမ်းသွားမည်ဖြစ်သည်

(၆) ထို့ကြောင့်လက်ပံတောင်းတောင်ဆန္ဒ
ပြသူများအား အကြမ်းဖက်ဖြေရှင်း ခဲ့မှုနှင့်ပတ်သက်၍-

(က) ထိခိုက်ဒဏ်ရာရသူရဟန်း၊ ပြည်သူများအားထိရောက်သော

ဆေးဝါးကုသမှုပေးရန်

(ခ) ထိခိုက်ဒဏ်ရာရသူ ရဟန်း၊ သံဃာတော်များအား ဝန်ချတောင်းပန်ရန်


(ဂ) စုံစမ်းရေးကော်မရှင်မှ လက်ပံတောင်းတောင်ေ ကြးနီစီမံကိန်းကို ပြန်လည် စစ်ဆေးသုံးသပ်ရန်


(ဃ) စုံစမ်းစစ်ဆေးနေစဉ်အတွင်း တူးဖော်ဆောင်ရွက်နေမှုများကို ရပ်ဆိုင်းထားရန်


(င) ဖမ်းဆီးအရေးယူမှုများကို ရပ်တန့်၍ ထိန်းသိမ်းထားသူများကို ပြန်လည်လွှတ်ပေးရန်နှင့်

ပြဿနာများကို ညှိနှိုင်းဖြေရှင်းရန်
၈၈ကျောင်းသားများအနေဖြင့်
အလေးအနက်တိုက်တွန်းတောင်းဆိုလို
က်သည်။

၈၈ မျိုးဆက်ကျောင်းသားများ

No comments:

Post a Comment