((( Something တော့ Wrong နေတယ် )))
မတူတဲ့ အသံတွေကို နားထောင်ကြည့်ရင် ..
ဆေးကုနေတဲ့ ဆရာဝန်တွေ ရဲ့ နောက်မှာ ..ဘာတွေရှိနေလို့လဲ ..

ဒေါက်တာလှဘုန်း ကတော့ သူ့ရဲ့ စကားထဲမှာ သာမန်မီးလောင် ဒဏ်ရာ ၊မပြင်းထန်တဲ့အနာပေါက် ..စတဲ့ စကားလုံး တွေ တမင် ပါအောင် ပြောသွားရှာတယ်
(((သာမန်မီးလောင်မှု ဒဏ်ရာ /မပြင်းထန်တဲ့အနာပေါက်တချို့)))
''အဲဒီနေ့မနက် ကျွန်တော်တာဝန်ကျတဲ့ အချိန်မှာရဟန်းသံဃာတွေ ခွဲစိတ်ဆောင်က ရောက်လာပါတယ်။ ရောက်ရှိလာတဲ့ အများစုဟာ မီးလောင်တဲ့ ဒဏ်ရာတွေချည်းပါပဲ၊ လူနာတွေကိုစစ်ဆေးရာမှာ သာမန်မီးလောင်မှု ဒဏ်ရာတွေအဖြစ် မြင်တွေ့ခဲ့ရပါတယ်။ မီးလောင်ခံရတဲ့အကွက်တွေမှာ ပလတ်စတစ်အစနဲ့ ချည်ထည်မဟုတ်တဲ့ နိုင်လွန်သင်္ကန်းစတွေ မီးနဲ့ထိတွေ့ပြီး သံဃာတော်တွေရဲ့ အရေပြားကိုထိကပ်ခံရလို့ မပြင်းထန်တဲ့အနာပေါက်တချို့ ရှိခဲ့ပါတယ်။(ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာလှဘုန်း)
(((ဆရာဝန်ကြီးတွေက ဒီရောက်တော့ ၈၀ ရာခိုင်နှုန်း မီးလောင်သွားတယ်လို့ ဆိုကြတယ်)))
"တခါတည်း ကွဲခါစမှာ ရှုးခနဲ ပန်းလိုက်တာ ဦးဇင်းနှစ်ထပ်စောင်က အပေါက်ကြီးဖြစ်ပြီး လောင်သွားတယ်။ အထပ်ထပ်မှာ ရေစိုနေရင်းနဲ့ စိုနေတဲ့ရေ ရှိနေတဲ့ဟာကို တချက်တည်းနဲ့ လောင်သွားတာ ဦးဇင်းလည်း သင်္ဃန်းပါ လောင်သွားတယ်။ သင်္ဃန်းတွေလည်း အကုန်လုံးပါသွားတယ်။ အဲ့ဒီ့မှာ ဦးဇင်းလည်း ဘာမှ မမြင်တော့ဘူး။ မီးတွေချည်းပဲ ဖြစ်နေတယ်။ မျက်စိကလည်း ဝါးသွားပြီ။ အဲ့ဒီ့မှာ ထပြီးတော့ လျှောက်ရတာပေါ့။ တချက်တည်း၊ အဲ့ဒီ့တချက်တည်းနဲ့ ဦးဇင်း ညာဘက်တင်ပါးနဲ့ ညာဘက်ခြေထောက်တခုလုံး၊ ညာဘက်လက်ပြင်တွေရယ်၊ ညာဘက်ကျောပိုင်းတွေရယ်၊ ဆရာဝန်ကြီးတွေက ဒီရောက်တော့ ၈၀ ရာခိုင်နှုန်း မီးလောင်သွားတယ်လို့ ဆိုကြတယ်။ "(ဓါတ်ပုံမှ-ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိတဲ့ ဆရာတော် ဦးတိက္ခဉာဏ )
(((ကျနော်တို့ ဆေးလှူလို့မရတော့ ဝတ္တူငွေပဲ ပေးခဲ့ရတယ်)))
"ကျနော်တို့ဆေးဝါးကူဖို့ ဆေးရုံကိုသွားတော့ ဆေးရုံအုပ်ကြီးက ဆေးဝါးလုံလောက်တယ်။ ကုသမှု လုံလောက်တယ်ဆိုပြီး ပြောတယ်။ ဒါပေမဲ့ သံဃာတော်တွေရဲ့အနေအထားက ဒဏ်ရာတွေက အတော်ပြင်းထန်တယ်။ အသားတွေက အထဲအထိ လှိုက်စားနေတာတွေ့တယ်။ ဆေးလှူဖို့က ဆရာဝန်ကြီးတွေက ဒီဟာအတွက်ဆို မလှူပါနဲ့လို့ ပြောတော့ ကျနော်တို့ ဆေးလှူလို့မရတော့ ဝတ္တူငွေပဲ ပေးခဲ့ရတယ်။ ဆေးရုံမှာ ရှိတဲ့ ဆရာဝန်တွေ၊ နပ်စ်မတွေကလည်း တော်တော်ဂရုတစိုက် ကုပေးကြပါတယ်။ ကျနော်သွားတော့လည်း ကျနော်တို့ကို တော်တော်လေး အားပေးကြတယ်။ လာတာကို ကျေးဇူးတင်တယ် ပြောကြတယ်။ ဒါပေမဲ့ အနေအထားက ဒီကိစ္စအတွက် လာလှူတယ်ဆိုရင်တော့ လက်ခံလို့မဖြစ်တဲ့ အနေအထားမျိုးတွေ ပြောနေတော့ ကျနော်တို့လည်း စိတ်မကောင်းရဘူးပေါ့လေ။"
အခုလို မီးလောင် ဒဏ်ရာရထားတဲ့ ဆန္ဒပြ သံဃာတော်တွေနဲ့ ပြည်သူတွေ ထဲမှာ ဆေးရုံ တက်ပြီး ဆေးဝါးကုသမှုရသူတွေ ရှိသလို ဖမ်းဆီး ခံရမှာ စိုးရိမ်လို့ ရွာတွေထဲမှာ ပုန်းရှောင်နေရသူတွေလည်း ရှိနေတာကြောင့် ဒီလိုလူတွေနဲ့ သံဃာတော်တွေရဲ့ ကျန်းမာရေး စိုးရိမ်ရတယ်( ဦးကျော်သူ)
(photo from-Nay Thukha)

No comments:
Post a Comment