Saturday, November 17, 2012

မင်္ဂလာကဗျာများ(၂)

ဆရာကြီး ဒဂုံဦးထွန်းမြင့် ရေးဖွင့်ထားသော
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာကဗျာများ
၁ =အသေ၀နာ စ
လူမိုက်ဆိုလျှင် ရှေင်သွေလွှဲလို့၊မမှီဝဲနဲ့ ကင်းအောင်နေ။
ပညာရှိကို အရည်တွဲလို့၊ မှီဝဲဆည်းကပ် နည်းယူစေ။
သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ။
ချမ်းသာကိုပေး ဆက်ဆံရေး၊ မြော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
၂=ပတိရူပ
ကုသိုလ်ပညာ ဥစ္စာရဖို့ ၊သင့်ရာဒေသ အမြဲနေ။
ရှေးကတင်ကြို ပြုခဲ့ဖူးသည့်၊ ကောင်းမူအထူး ရှိပါစေ။
မိမိကိုယ်ကို ကောင်းအောင်ထိန်းလို့ ၊ မတိမ်းစေနဲ့ ဆောက်တည်လေ။
ဥစ္စာကိုပေး နေထိုင်ရေး၊ မြော်တွေးသုံးချက်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
၃=ဗာဟုသစ္စဉ္စ
တက်ကောင်းတက်ရာ ဟူသမျှကို၊ ကြားမြင်သုတ ရှိပါစေ။
အိုးအိမ်တည်ထောင် ၀မ်းစာရေးနဲ့ ၊ အသက်မွေးဖို့ အတက်သင်လေ။
လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို၊ ကောင်းစ္စာသင်ကြား နားလည်စေ။
မှန်ကန်ယဉ်ကျေး ချိုသာအေး၊ ဆိုရေးတက်ပါစေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
၎=မာတာပိတု
မြင်းမိုရ်ရွှေတောင်မိဘကြွေးကို၊ ကောင်းစ္စာဆပ်ပေး ၀တ်ကျေကျေ။
ကြွေးသစ်ချကာ သားနှင်မယားကို၊ မြှောက်စားချီးမြှင့် ၀တ်ကုန်စေ။
အလုပ်တာဝန် မလစ်ဟင်းနဲ. အပြစ်ကင်းအောင် လုပ်ပါစေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
၅=ဒါနဉ္စ
သုံးတန်စေတနာ ဖြူစင်လန်းလို.၊ပေးကမ်းဝေမျှ လှူနိုင်စေ။
ကိုယ်နူတ်စိတ်ကြံ မမိုက်မှားနဲ.၊သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပြင်ပမထားနဲ.၊ သင်္ဂဟတရားနှင့် ချီးမြှောက်လေ။
သန်.စင်ပြစ်မျိုး လူထုကျိုး၊ သယ်ပိုးဆောင်ရွက်စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
၆=အာရတီ ၀ိရတီ
မကောင်းမူတွေ ဟူသမျှကို၊ မတွေ.ခင်က ရှောင်ကြဉ်လေ။
တွေ.ကြုံလာလျှင် မလွန်ကျူးနဲ.၊ အထူးသဖြင့် စောင့်စည်းနေ။
အရက်သေစာ မသောက်စားနဲ.၊ မှောက်မှားတက်တဲ့ အရာပေ။
လုပ်ကိုင်ပြောကြား သတိထား၊ တရားမမေ့စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
၇=ဂါရဝေါ စ
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက၊ ဆည်းကပ်ခစား ရိုသေလေ။
မာနတံခွန် ဂုဏ်မကြွနဲ.၊ ကိုယ့်ကိုနှိမ့်ချ အမြဲနေ။
လောဘအပို လိုမလိုက်နဲ.၊ ကိုယ်ထိုက်တာနဲ ကျေနပ်လေ။
ကိုယ့်ပေါ်ပြုဖူး သူ.ကျေးဇူး၊ အထူးသိတက်စေ။
ကောင်းကျိုးဆင့်ပွား မြတ်တရား၊ နာကြားမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
၈=ခန္တီ စ
ဝတ်စားနေထိုင် ရန်ခပ်သိမ်း၊ စိတ်ကိုချုပ်ထိန်း သည်းခံလေ။
ကျိုးကြောင်းပြညွန် ဆုံးမစကား၊ ပြောကြားလာက နာလွယ်စေ။
သူမြတ်ပုဂ္ဂိုလ် ဟူသမျှ၊ မကြာခဏ တွေ.ဆုံလေ။
သဘာဝတွေး မှန်ကန်ရေး ဆွေးနွေးမပြတ်ပေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
၉=တပေါ စ
လောကီအာရုံ ဇိမ်ယစ်မူးလို.၊ အပျော်မကြူးနဲ. ခြိုးခြံလေ။
မေတ္တာဗြဟ္မစိုရ် လက်ကိုင်သုံးလို.၊ သူမြတ်ကျင့်ထုံး ယွင်းမသွေ။
လေးပါးသစ္စာ ဥာဏ်မြင်ကြည့်လို.၊အမှန်သိအောင် ကြိုးစားလေ။
ဒုက္ခလွတ်ကင်း နိဗ္ဗာန်ချဉ်း၊ အလင်းပေါက်နိုင်စေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
၁၀=ဖုဌဿ
ဆင်းရဲ. ချမ်းသာ သဘာဝ၊ တွေ.ကြုံနေကြ လူတိုင်းပေ။
ကောင်းဆိုးနှစ်တန် အစုံတွဲလို.၊ တစ်လဲစီလှည့် အမြဲနေ။
လောကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်စမ်းနဲ. စိတ်ခိုင်စေ။
သောကကိုထိန်း၊ ရမ္မက်သိမ်း အေးငြိမ်းချမ်းသာနေ။
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
မင်္ဂလာ၏အကျိုး
သုံးဆယ့်ရှစ်ဖြာ မင်္ဂလကုံးကို၊ လိုက်နာကျင့်သုံး ပန်သူတွေ။
စီးပွားချမ်းသာ ကျက်သရေတိုးလို.၊ ကောင်းကျိုးစည်ပွင့် တဝေေ၀။
ဘေးကင်းရန်ကွာ ချစ်သူပေါလို.၊စိတ်ရောကိုယ်ရော ချမ်းသာမလေ။
ပြောဆိုကြံဆ ဆောင်သမျှ၊ အောင်ရမည်ကိန်းသေ။
အဲဒါကြောင့် ပန်ကြဆင်ကြ မင်္ဂလာ့ပန်းခိုင်တွေ။
(လူငယ်မောင်မယ်များအတွက် အသံထည့်၍ ရွတ်ဖတ်သင်ကြားပေးရန်)

No comments:

Post a Comment